ချဲလ်ဆီးအသင်းရဲ့ ဗဟို ခံစစ်မှူး ဇူးမားကတော့ အသင်းဖော်သစ် တိုက်စစ်မှူး ဝါနာဟာ ဂျာမနီ ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲမှာ အပျော် ဂိုးသွင်းလာခဲ့တာ ဖြစ်ပြီး လက်ရှိရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ သွင်းဂိုး အများဆုံး ကစားသမား ဖြစ်လာနိုင်တယ်လို့ အခိုင်အမာ ချီးကျူးသွားခဲ့တာပဲ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းက လက်ရှိရာသီမှာ ပေါင် (၄၈) သန်းနဲ့ ခေါ်ယူနိုင်ခဲ့တဲ့ တိုက်စစ်မှူး တီမိုဝါနာဟာ ယခုအပတ် တနင်္လာနေ့က ဘရိုက်တန်အသင်းကို သူ့ရဲ့ အသင်းသစ် ချဲလ်ဆီးအသင်းက (၃-၁) ရလဒ်နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ပွဲဦးထွက် ပွဲစဉ် ကစားခဲ့ပြီး ပင်နယ်တီ (၁) လုံး ရယူပေးနိုင်ခဲ့ပါတယ်။

Photo Credit: TheSun

တိုက်စစ်မှူး တီမိုဝါနာဟာ ပြီးခဲ့တဲ့ ရာသီက ဂျာမနီ ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲမှာ ကစားခဲ့စဉ်က ဘွန်ဒက်စ်လီဂါ ပွဲစဉ် (၃၄) ပွဲ ကစားခဲ့ရာမှာ သွင်းဂိုး (၂၈) ဂိုး သွင်းယူနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ သွင်းဂိုး အများဆုံးက သွင်းဂိုး (၂၃) ဂိုး သွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူး ဗာဒီ ဖြစ်ပါတယ်။ တိုက်စစ်မှူး ဝါနာဟာ သူ့ရဲ့ ပရီးမီးယားလိဂ် ပွဲဦးထွက် ရာသီ၊ လက်ရှိရာသီမှာ ပြီးခဲ့တဲ့ ရာသီက ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲမှာ သွင်းယူခဲ့တဲ့ သွင်းဂိုး (၂၈) ဂိုးလောက် ပြန်သွင်းနိုင်မယ် ဆိုရင် သွင်းဂိုး အများဆုံး ဖြစ်နိုင်ချေ ရှိပြီး ဇူးမားကတော့ သွင်းဂိုး အများဆုံး ဖြစ်နိုင်မယ်လို့ ပြောသွားပါတယ်။

Photo Credit: TheSun

ဇူးမားက “သေချာတာပေါ့ဗျာ။ သူက ထိပ်သီး ဂိုးသွင်းရှင်ပါပဲ။ သူက ဂျာမန်လိဂ်ပြိုင်ပွဲမှာ အပျော် ဂိုးသွင်းလာခဲ့တယ်လေ။ ဒါကြောင့်ပဲ သူ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ သူ့ကိုယ်သူ သက်သေပြသနိုင်ဖို့ ဒီကို ရောက်လာခဲ့တာပါပဲ။ သူ ဂိုးသွင်း အများဆုံး ဖြစ်လာမယ်လို့ ကျွန်တော် ထင်ပါတယ်။ သူက အရည်အချင်း ရှိပြီး သိပ်ကို လျှင်မြန်ပါတယ်။ ကျွန်တော်တို့အသင်းက အသင်းကောင်း ဖြစ်တယ်။ ကျွန်တော်တို့ သိပ်ပြီး စိတ်လှုပ်ရှားဖို့ မလိုပါဘူး။ ကျွန်တော်တို့ အဆင်သင့် ဖြစ်နေဖို့ပဲ လိုတယ်။ နောက်ပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှု မြင့်မားနေရပါမယ်။ ကစားသမား အားလုံး ကြံခိုင်မှု ပြည့်ဝတဲ့ အချိန်မှာ သူတို့ အသင်းကို အများကြီး ယူဆောင်လာပေးပါလိမ့်မယ်”လို့ ပြောခဲ့တာပဲ ဖြစ်ပါတယ်။ နည်းပြ လမ်းပတ်ရဲ့ ချဲလ်ဆီးအသင်းဟာ လက်ရှိရာသီ အပြောင်းအရွှေ့မှာ ကစားသမားသစ် (၈) ဦးအထိ ခေါ်ယူခဲ့ပြီး ပရီးမီးယားလိဂ် ပွဲစဉ် (၁) မှာ ဘရိုက်တန်အသင်းကို အနိုင်ရရှိခဲ့ပြီးတဲ့နောက် ပရီးမီးယားလိဂ် ပွဲစဉ် (၂) အဖြစ် လီဗာပူးလ်အသင်းနဲ့ လာမယ့် တနင်္ဂနွေနေညမှာ ကစားရမှာ ဖြစ်ပါတယ်။