အာဆင်နယ်အသင်းက ဝက်စ်ဘရွန်းအသင်းကို ဂိုးပြတ်အနိုင်ယူခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ရဲ့ ပွဲစတင်ခင်မှာ အသင်းသားတွေအားလုံးက ဆောင်းရာသီရဲ့ ရာသီဥတုဆိုးရွှားနေမှုအောက်မှာ သွေးပူလေ့ကျင့်ခန်းဆင်းဖို့တောင် ခက်ခဲနေခဲ့ရပေမယ့် အာဆင်နယ်အသင်းရဲ့ နောက်ခံအစွန်လူ ကီရန်တီယာနေးကတော့ အကျီင်္လက်တို ဘောင်းဘီတိုကိုသာ ဝတ်ဆင်ပြီး ပြုံးပျော်စွာနဲ့ လေ့ကျင့်ခန်းဆင်းခဲ့သလို အခုလည်း အေးမျှလှတဲ့ လန်ဒန်ဆောင်းရာသီ နှင်းစက်တွေအံ့တုပြီး ဒီလိုပုံစံအတိုင်း ထပ်မံလေ့ကျင့်ခန်းဆင်းနေတာကြောင့် အာဆင်နယ်ပရိသတ်များစွာက တအံ့တသြဖြစ်ခဲ့ကြရပါတယ်။

Photo Credit : Tech-Gate

အသက်(၂၃)နှစ်အရွှယ်ရှိ စကော့တလန်လက်ရွေးစင် ဘယ်နောက်ခံကစားသမား ကီရန်တီယာနေးဟာ အာဆင်နယ်အသင်းမှာ ခြေစွမ်းပြသလို့နေတဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး သူပါဝင်ကစားခွင့်ရတဲ့ ပွဲစဉ်တိုင်းလိုလိုမှာ အသင်းအတွက် အထူးခြေစွမ်းပြနိုင်သူလည်းဖြစ်ပါတယ်။ ဒီလိုခြေစွမ်းကောင်းတွေကိုသာ ပြသထားနိုင်ရုံတင်မကပဲ တီယာနေးဟာ အေးမျှလွန်းလှတဲ့ ရာသီဥတုအခြေအနေအောက်မှာပါ T-shirt တို့ ဘောင်းဘီတိုတို့ကိုသာ ဝတ်ဆင်ထားပြီး လေ့ကျင့်ခန်းအစီအစဉ်တွေကို ပြုလုပ်လျက်ရှိနေတာကြောင့် သူ့ကို အာဆင်နယ်အသင်းပရိသတ်တွေက နာမည်ပြောင်အမျိုးမျိုးပါ ပေးလာခဲ့ကြတဲ့အပြင် သူ့အကြောင်းကိုလည်း ဆိုရှယ်မီဒီယာတွေကနေ ထုတ်ဖော်ရေးသားမှုတွေများစွာ ပြုလုပ်လာခဲ့ကြပါတယ်။

Photo Credit : CaughtOffside

လတ်တလော အင်္ဂလန်နိုင်ငံအတွင်းမှာ အရမ်းကို အေးမျှလျက်ရှိနေပြီး လန်ဒန်မြို့မှာဆိုရင် အပူချိန် အနုတ်အထိကို ရောက်ရှိနေတာကြောင့် အရေးတကြီး ကိစ္စရှိမှသာ အိမ်အပြင်ကိုထွက်ကြရပြီး အများစုကတော့ နေအိမ်မှာပဲ နွေးနွေးထွေးထွေး နေနေကြရတာဖြစ်ပါတယ်။ ဒါပေမယ့် အာဆင်နယ်ကစားသမား တီယာနေးကတော့ အာဆင်နယ်အသင်းရဲ့ လန်ဒန်အခြေစိုက် Colney လေ့ကျင့်ရေးကွင်းမှာ သာမာန် T-shirt ဘောင်းဘီတိုတို့ကိုသာဝတ်ဆင်ပြီး လေ့ကျင့်ခန်းဆင်းနေတဲ့အတွက် သူ့ကို ပရိသတ်တွေများစွာက “လူသားတစ်ယောက်ရော ဟုတ်ရဲ့လား” “တကယ့်လူပဲ” “ဒီလူက Mortal Combat ထဲက Subzero ပါ” “ဒီလူက စက်ရုပ်တစ်ရုပ်များလား” အစရှိတဲ့ မှတ်ချက်စကားတွေများစွာကို သူတို့တွေရဲ့ ဆိုရှယ်မီဒီယာတွေပေါ်ကေနေ ရေးသားလာခဲ့ရပါတယ်။ ဒါပေမယ့် ပရိသတ်တချို့ကတော့ ရာသီဥတုအခြေအနေအပေါ် သိပ်ဂရုစိုက်တတ်တဲ့ သူရဲ့အမှုအကျင့်ကြောင့် မလိုလားအပ်တဲ့ ဖျားနာတုပ်ကွေးလို ရောဂါဘယတွေဖြစ်မှာကို စိတ်ပူတဲ့အတွက် သတိပေးမှတ်ချက်စကားတွေ ရေးသားထားကြပါတယ်။ တီယာနေးဟာ ဒီနှစ်ဘောလုံးရာသီအတွင်း အာဆင်နယ်အတွက် ပြိုင်ပွဲစုံ(၂၁)ပွဲအထိ ပါဝင်ထားပြီး (၁)ဂိုးသွင်းယူထားကာ (၃)ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။