အာဆင်နယ်အသင်းဟာ ဒီနှစ်ဘောလုံးရာသီရဲ့အစပိုင်း နွေရာသီစျေးကွက်အတွင်းမှာ ဆဲလ်တစ်အသင်းရဲ့ဘယ်နောက်ခံကစားသမားလေး ကီရန်တီယာနေးကို ပြောင်းရွှေ့ကြေး ပေါင်(၂၅)သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပေမယ့် ဒီကစားသမားလေးက ဒဏ်ရာပြသာနာကြောင့် အသင်းကိုရောက်ရောက်ချင်းမှာ ပွဲထွက်ခွင့်တွေမရခဲ့တဲ့အပြင် ဒဏ်ရာပြန်ကောင်းလာလို့ ပွဲထွက်ကစားရချိန်မှာလည်း နောက်ထပ်ဒဏ်ရာထပ်ရခဲ့လို့ အခုဆိုရင် သူ့ကို အသင်းကနေ ပြန်လည်ရောင်းချဖို့ အာဆင်နယ်အသင်းဘက်နေ စဉ်းစားလာခဲ့ကာ လက်စတာအသင်းဆီ ရောက်ရှိဖွယ်ရှိနေပါတယ်။

Photo Credit : talkSPORT

အသက်၂၂နှစ်အရွှယ် စကော့တလန်လက်ရွေးစင် နောက်ခံအစွန်လူလေး တီယာနေးဟာ ဆဲလ်တစ်မှာ ကစားခဲ့စဉ်တုန်းက အာဆင်နယ်အသင်းရဲ့ အဓိကပစ်မှတ်ဖြစ်လာခဲ့ရပြီး ပြီးခဲ့တဲ့ နွေစျေးကွက်မှာပဲ အာဆင်နယ်ဆီကို ပေါင်၂၅သန်းနဲ့ ရောက်လာခဲ့ရပါတယ်။ ဒါပေမယ့်လည်း ဒဏ်ရာပြသာနာတွေကြောင့် အသင်းအတွက် ၁၁ပွဲပဲ ကစားခဲ့ရပြီး လက်ရှိမှာလည်း ဒဏ်ရာကနေ ပြန်လည်မကောင်းမွန်လာသေးတဲ့ တီယာနေးရဲ့အခြေအနေကို အာဆင်နယ်ဘက်ကနေ စိတ်ပျက်လျက်ရှိနေပြီး လာမယ့်နွေရာသီစျေးကွက်ဖွင့်ချိန်မှာပဲ အသင်းကနေ ပြန်လည်ရောင်းချသွားဖွယ်ရှိနေတာပဲဖြစ်ပါတယ်။

Photo Credit : Sky Sports

ဒီလို အနာဂတ်မရေမရာဖြစ်လို့နေတဲ့ တီယာနေးကို သူနဲ့ဆဲလ်တစ်မှာ လက်တွဲလုပ်ကိုင်ခဲ့ဖူးတဲ့ ဆရာဟောင်းဘရန်ဒန်ရော်ဂျာက လက်စတာအသင်းဆီကို ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက်ရှိနေပြီး ချယ်လ်ဆီးအသင်းဆီကို ရောက်ရှိဖွယ်ရှိနေတဲ့ နောက်ခံအစွန်လူ ဘင်ချီဝဲလ်ရဲ့နေရာမှာ အစားထိုးချင်နေတာဖြစ်ပါတယ်။ ဒီလိုသတင်းမျိုးတွေ ထွက်ပေါ်နေပေမယ့်လည်း အာဆင်နယ်နည်းပြအာတီတာကတော့ တီယာနေးရဲ့အားကစားစိတ်ဓါတ်အပေါ်က အရမ်းကို လေးစားစရာကောင်းတယ်လို့ ချိီးကျူးပြောဆိုထားခဲ့ပြီး မကြာခင်မှာလည်း အသင်းနဲ့ ပြန်လည်ပူးပေါင်းနိုင်တော့မယ်လို့ ပြောဆိုထားတာကြောင့် တီယာနေးရဲ့အနာဂတ်နဲ့ပတ်သက်လို့ မရှင်းမလင်း ဖြစ်နေစေမှာပါ။ တီယာနေးဟာ ဒီရာသီမှာ အာဆင်နယ်အတွက် သွင်းဂိုး၂ဂိုးရအောင် ဖန်တီးပေးထားနိုင်ခဲ့ပြီး သူရဲ့ခံစစ်နဲ့ တိုက်စစ်လိုက်ပါနိုင်စွမ်းတွေကို ပြသထားခဲ့ကာ အသင်းဆီကနေ ယုံကြည်ချက်တွေ ပိုင်ဆိုင်လာနိုင်ဖို့အတွက် ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာနိုင်ချိန်မှာ သူရဲ့အကောင်းဆုံးဟန်ပန်တွေကို ထပ်မံပြသနိုင်ဖို့ လိုအပ်နေပါတယ်။