ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ လက်စတာ စီးတီးရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်သူ တိုင်လီမန်းဟာ လက်စတာ စီးတီးရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ငြင်းဆန်ပယ်ချပြီး ရာသီကုန်မှာ အသင်းကနေ ထွက်ခွာဖို့ စိုင်းပြင်းနေကြောင်း ဥရောပ အခြေစိုက် နာမည်ကြီး သတင်းဌာန အကုန်လုံးက တညီတညွတ်ထဲ ဖော်ပြသွားကြပါတယ်။

အသက် ၂၄နှစ် အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင် ကွင်းလယ်လူ တိုင်လီမန်းဟာ ၂၀၁၉ခုနှစ်ကမှ ပြင်သစ် လီဂူးဝမ်း နာမည်ကြီးကလပ် မိုနာကို ကနေ လက်စတာ စီးတီးထံ ပြောင်းရွှေ့ကြေး ယူရို ၄၅သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အသင်းထံ ရောက်ရှိချိန်မှ စတင်ကာ အဓိက ကွင်းလယ်လူ တဦး အဖြစ် ခြေစွမ်းပြ ကစားထားနိုင်သူပါ။

Photo Credit: Sky Sports

တိုင်လီမန်းဟာ ဗဟိုကွင်းလယ်နဲ့ နံပါတ်၈ ကွင်းလယ်လူ အဖြစ် ကစားနိုင်စွမ်း ရှိသူ တဦး ဖြစ်ပြီး သူ့ရဲ့ အဝေးကန်ချက်တွေ ၊ အကွက်မြင်တဲ့ ပေးပို့မှုတွေကြောင့် ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးအသင်းတွေ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် ၊ လီဗာပူးနဲ့ အာဆင်နယ်တို့က တိုင်လီမန်းကို ခေါ်ယူဖို့ စောင့်ကြည့်နေကြပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ တိုင်လီမန်းဟာ လက်စတာ စီးတီးရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ငြင်းဆန် ပယ်ချခဲ့ပြီး ယခုနှစ် ဘောလုံးရာသီ အကုန်မှာ အသင်းကနေ ထွက်ခွာဖို့ စိုင်းပြင်းနေကြောင်းနဲ့ သူ့ရဲ့ အနာဂတ်ကို ရာသီကုန်မှသာ ဆုံးဖြတ်ဖို့ ရှိနေကြောင်း သိရပါတယ်။

Photo Credit: Sky Sports

တိုင်လီမန်းဟာ လက်စတာ စီးတီးနဲ့ စာချုပ်သက်တမ်း ၁နှစ်ကျော်သာ ကျန်ရှိတော့တာကြောင့် လက်စတာ စီးတီးကလည်း တိုင်လီမန်းကို ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ရောင်းချဖို့ ရာခိုင်နှုန်း များပြားနေပြီး လက်စတာဘက်က တိုင်လီမန်းအတွက် ပြောင်းရွှေ့ကြေး ယူရို ၄၅သန်း ဝန်းကျင် လိုချင်နေကြောင်းလည်း အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။