လက်စတာ နည်းပြ ရော်ဂျာကတော့ လက်စတာအသင်းမှာ ကိုရိုနာ ရောဂါ လက္ခဏာ ပြနေတဲ့ ကစားသမား အနည်းငယ် ရှိတယ်လို့ တရားဝင် အတည်ပြု ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။ လက်စတာ နည်းပြ ရော်ဂျာက ကိုရိုနာ ဗိုင်းရပ် လက္ခဏာ ပြနေတဲ့ ကစားသမားတွေကို အခြား အသင်းဖော်တွေနဲ့ အဝေးမှာ စောင့်ရှောက်ထားတယ်လို့ ထပ်လောင်းပြောကြားသွားပါတယ်။ နည်းပြ ရော်ဂျာကတော့ ကစားသမား ဘယ်နှစ်ဦး ဆိုတာကို မပြောခဲ့ပေမဲ့ Mirror သတင်းက လက်စတာ ကစားသမား (၃) ဦး ဖြစ်ပါတယ်လို့ တရားဝင် အတိသလင် ဖော်ပြသွားခဲ့ပါတယ်။

 

Photo Credit: Mirror

နည်းပြ ရော်ဂျာရဲ့ လက်စတာအသင်းဟာ ယခုအပတ် လာမယ့် စနေနေ့ညမှာ ဝက်ဖို့ဒ်အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကစားရမှာ ဖြစ်ပြီး ပွဲကြည့် ပရိသတ် မပါဘဲ ကစားသွားဖွယ် ရှိပါတယ်။ နည်းပြ ရော်ဂျာက “ဘောလုံး ရှုထောင့်က ကြည့်ရင် ပွဲကြည့် ပရိသတ် မပါဘဲ ကစားရတာက ရှက်စရာပါ။ ဒါပေမဲ့ ဒီရှုထောင့်ထက် လူထုကျန်းမာရေးက အရေးကြီးဆုံးပါ”လို့ ပြောပါတယ်။ နည်းပြ ရော်ဂျာကတော့ ဝက်ဖို့ဒ်အသင်းနဲ့ ကွင်းပိတ် ကစားသွားမှာကို မကန့်ကွက်တာ ဖြစ်ပြီး အသင်းမှာ ကိုရိုနာ ရောဂါ လက္ခဏာ ပြနေတဲ့ ကစားသမားတွေ ရှိတယ်လို့ ပြောသွားပါတယ်။


Photo Credit: Mirror

လက်စတာ နည်းပြ ရော်ဂျာက “ကျွန်တော်တို့အသင်းထဲမှာ ကိုရိုနာ ရောဂါ လက္ခဏာ ပြနေတဲ့ ကစားသမား အနည်းငယ် ရှိပါတယ်။ ကျွန်တော်တို့ လုပ်ထုံးလုပ်နည်းအတိုင်းပဲ လုပ်သွားမှာပါ။ ကြိုတင် ကာကွယ်တဲ့ အနေနဲ့ သူတို့တွေကို အသင်းဖော်တွေနဲ့ ဝေးဝေးမှာ ထိန်းထားပါတယ်။ ကျွန်တော်တို့မှာ မယုံနိုင်စရာ ဆေးအဖွဲ့ရှိပြီး သူတို့က ကစားသမားတွေ၊ အသင်းဝန်ထမ်းတွေ နဲ့ လူတိုင်းကို လမ်းညွန်မှု ပေးသွားမှာပါ။ ဒါက ကျွန်တော်တို့ ဘယ်လို သတိထားရမလဲ ဆိုတာ ဖော်ပြသွားခဲ့ပါတယ်”လို့ ပြောခဲ့ပြီး သူတို့ရဲ့ နာမည်ကိုတော့ မဖော်ပြသွားခဲ့တာပဲ ဖြစ်ပါတယ်။ ဘယ်သူတွေဖြစ်ပါစေ.. အမြန်ဆုံး သက်သာလာဖို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်…