MySport Myanmar

ကလပ်အသင်း Legend တွေကနေ အသင်းရဲ့ ယာယီနည်းပြ ဖြစ်လာကြသူများ

ချဲလ်ဆီးအသင်းက သူတို့ရဲ့ legend player ဟောင်းကြီးနဲ့ နည်းပြဟောင်း ဖရန့်လမ်းပတ်ကို ဒီရာသီကုန်အထိ ယာယီနည်းပြအဖြစ် တာဝန်ပေးထားခဲ့ပြီးတဲ့နောက် လမ်းပတ်လို ကလပ်အသင်း ဂန္တဝင်ကစားသမားဘဝကနေ အသင်းရဲ့ caretaker manager ရာထူးကို တာဝန်ယူခဲ့ရဖူးတဲ့ သူတွေကို စုစည်း ဖော်ပြပေးသွားချင်ပါတယ်။

အလန်ရှီးယား

Photo Credit : The Times

ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံးနဲ့ နယူးကာဆယ်ရဲ့ ဂိုးသွင်းအများဆုံး ကစားသမားကြီး ရှီးယားက ၂၀၀၉ခုနှစ်မှာ နယူးကာဆယ်ကို ယာယီနည်းပြအဖြစ် ကိုင်တွယ်ခဲ့ပေမယ့်လည်း (၈)ပွဲမှာ (၁)ပွဲပဲ အနိုင်ရအောင် စွမ်းဆောင်ခဲ့ရင်း နယူးကာဆယ်လည်း တန်းဆင်းသွားခဲ့ရပါတယ်။

ရောဘတ်တိုဒီမက်တီယို

Photo Credit : Sky Sports

အီတလီသား ဒီမက်တီယိုဟာလည်း ချဲလ်ဆီးရဲ့ legend player တစ်ဦးဖြစ်ပြီး သူ့ကို ၂၀၁၂ခုနှစ်မှာ အသင်းက ယာယီနည်းပြအဖြစ် တာဝန်ပေးခဲ့ရာ ချန်ပီယံလိဂ်ဖလားနဲ့ အက်အေဖလားတို့ကို ဆွတ်ခူးအောင် စွမ်းဆောင်နိုင်ခဲ့တာကြောင့် ချဲလ်ဆီးအသင်းဘက်က ဒီမက်တီယိုကို အမြဲတမ်းနည်းပြအဖြစ်ပါ ပြောင်းလဲ ခန့်အပ်သွားခဲ့ပါသေးတယ်။

အိုလေဂန်နာဆိုးလ်ရှား

Photo Credit : The Japan Times

“ကလေးမျက်နှာနဲ့ လူသတ်သမား” ဆိုတဲ့ နာမည်ပြောင် ရထားခဲ့သူ ဆိုးလ်ရှားဟာ ၂၀၁၈ခုနှစ် မန်ယူနိုက်တက်က မော်ရင်ဟိုနဲ့ လက်တွဲဖြုတ်စဉ်မှာ အသင်းရဲ့ ယာယီနည်းပြ ဖြစ်လာခဲ့ရပြီး (၁၉)ပွဲအတွင်း (၁၄)ပွဲအထိ အနိုင်ရအောင် စွမ်းဆောင်ခဲ့ရင်း ယူနိုက်တက်ရဲ့ အမြဲတမ်းနည်းပြ ဖြစ်လာခဲ့ရပါတယ်။ ဆိုးလ်ရှားက ၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာလည်း အသင်းကို ပရီးမီးယားလိဂ်မှာ အဆင့်(၂)နော ရရှိအောင်ပါ စွမ်းဆောင်ခဲ့ပါသေးတယ်။

ဖရက်ဒီယွန်းဘတ်

Photo Credit : Sky Sports

အာဆင်နယ်ရဲ့ ဆွီဒင် ကစားသမားဟောင်းကြီး ယွန်းဘတ်ကတော့ အာဆင်နယ်နဲ့ အူနိုင်းအမ်မရီတို့ လက်တွဲဖြုတ်ခဲ့ချိန် အာဆင်နယ်ကို အာတီတာ မရောက်လာခင်စပ်ကြားမှာ အသင်းရဲ့ ယာယီနည်းပြအဖြစ် တာဝန်ယူခဲ့ဖူးပါတယ်။ ဒါပေမယ့် ယွန်းဘက် လက်ထက်မှာ အာဆင်နယ်က ရလဒ်တွေ မကောင်းမွန်ခဲ့တာကြောင့် ယွန်းဘတ်လို အသင်းရဲ့ ကစားသမားဟောင်း အာတီတာကိုပဲ အစားထိုး ခန့်အပ်ခဲ့ရပါတယ်။

Exit mobile version