MySport Myanmar

ဂျာမနီနည်းပြရာထူးကို ရယူသွားဖို့ စိတ်ဝင်စားနေတဲ့ နည်းပြတူဟယ်လ်

လက်ရှိအချိန်မှာ အသင်းလက်မဲ့ အခြေအနေ ဖြစ်နေရတဲ့ ဂျာမနီလူမျိုး နာမည်ကျော် ဘောလုံးနည်းပြ သောမတ်စ်တူဟယ်လ်က ဂျာမနီလက်ရွေးစင်အသင်းရဲ့ နည်းပြအဖြစ် ဆောင်ရွှက်သွားဖို့ စိတ်ဝင်တစား ရှိနေတယ်လို့ ဂျာမန်သတင်းစာ Blid ရဲ့ အထင်ကရ သတင်းထောက် ခရစ္စတီယန်ဖော့ခ်က အတည်ပြုထားခဲ့ပါတယ်။

Photo Credit : Football London

ဒေါ့မွန် ပီအက်စ်ဂျီ ချယ်လ်ဆီးအသင်းတွေမှာ နည်းပြအဖြစ် တာဝန်ယူ ဆောင်ရွှက်ခဲ့ဖူးတဲ့ နည်းပြတူဟယ်လ်ဟာ ချယ်လ်ဆီးနည်းပြရာထူးကနေ ထုတ်ပယ်ခံရပြီးနောက်မှာ ကလပ်အသင်းများစွာရဲ့ ကမ်းလှမ်းမှုတွေ ရရှိလာခဲ့သည့်တ်ိုင် ကမ်းလှမ်းမှုမှန်သမျှကို ပယ်ချထားခဲ့တာကြောင့် အခုအချိန်အထိ အသင်းလက်မဲ့သာ ဖြစ်နေရပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ ဂျာမန်ဘောလုံးအဖွဲ့ချုပ်က ဂျာမနီလက်ရွေးစင်အသင်းအတွက် နည်းပြအပြောင်းအလဲ လုပ်ဆောင်ဖို့ ရှိနေရာ ဂျာမနီနည်းပြရာထူးကို ရယူနိုင်ဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

Photo Credit : Bloomberg

အသက်(၄၉)နှစ်အရွယ်ရှိ ဂျာမန်လူမျိုး နည်းပြတူဟယ်လ်ဟာ စတုဂတ်လူငယ်အသင်းမှာ နည်းပြအဖြစ် စတင် ဆောင်ရွှက်ရင်းနဲ့ နည်းပြနယ်ပယ်ထဲကို ခြေချလာခဲ့တာဖြစ်ပြီး နည်းပြချုပ်အဖြစ်တော့ မိန့်ဇ်အသင်းကို ပထမဆုံးအကြိမ်အဖြစ် ကိုင်တွယ်ခဲ့ရတာ ဖြစ်ပါတယ်။ မိန့်ဇ်မှာ (၅)နှစ်အထ်ိ ကိုင်တွယ်ခဲ့ပြီးနောက် ယာဂန်ကလော့ပ်ရဲ့ နေရာမှာ ဒေါ့မွန်နည်းပြအဖြစ် အစားထိုး ဝင်ရောက်လာခဲ့ပါတယ်။ ဒေါ့မွန်မှာ နှစ်ရာသီ ကိုင်တွယ်ပြီးနောက် ပီအက်စ်ဂျီအသင်းကို ကိုင်တွယ်ခွင့်ရခဲ့ပြန်ပြီး ပီအက်စ်ဂျီနည်းပြအဖြစ် ဆောင်ရွှက်နေချိန်မှာ အသင်းကို ချန်ပီယံလိဂ် ဗိုလ်လုပွဲအဆင့်ဆီ ပထမဆုံးအကြိမ်အဖြစ် ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ ပီအက်စ်ဂျီနဲ့ လက်တွဲဖြုတ်ပြီးနောက် ချယ်လ်ဆီးအသင်းကို ကိုင်တွယ်ခွင့်ရခဲ့ပြန်တဲ့ တူဟယ်လ်ဟာ အသင်းကို ရာသီဝက်လောက်သာ ကိုင်တွယ်ခဲ့ရပေမယ့်လည်း သူရဲ့ ပထမဆုံး ဘောလုံးရာသီမှာပဲ ချန်ပီယံလိဂ်ဖလားကြီးကို ရယူပေးနိုင်ခဲ့သလို ချယ်လ်ဆီးအသင်း သမိုင်းတလျှောက် လုံးဝ မပိုင်ဆိုင်ခဲ့ဖူးသေးတဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားကိုပါ ရယူနိုင်ခဲ့ပါသေးတယ်။ ဒီလို နည်းစနစ်ပိုင်း ကောင်းမွန်ပြီး အောင်မြင်မှုတွေ ရယူထားနိုင်ခဲ့တဲ့ တူဟယ်လ်က ဂျာမနီသာ လက်ရှိနည်းပြ ဟန်ဆီဖလစ်နဲ့ လက်တွဲဖြုတ်မယ်ဆိုရင် ဖလစ်နေရာကို အစားထိုး ဝင်ရောက်ဖို့ စိတ်ဝင်စားနေတာမို့ တူဟယ်လ်ကို ဂျာမနီနည်းပြအဖြစ် မြင်တွေ့လာရမလားဆိုတာ စောင့်ကြည့်သွားရပါမယ်။

Exit mobile version