MySport Myanmar

ချဲလ်ဆီးအသင်းက အများကြီး ပြောင်းလဲသွားခဲ့ပြီလို့ တူဟယ်လ် ဆို

ချဲလ်ဆီးအသင်းရဲ့ နည်းပြဟောင်းဖြစ်သူ သောမတ်စ်တူဟယ်လ်က မနေ့က ချဲလ်ဆီးအသင်းကနေ နည်းပြ ဂရေဟမ်ပေါ်တာ ထုတ်ပယ်ခံလိုက်ရတဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး သူရဲ့အမြင်တွေကို ထုတ်ဖော် ပြောဆိုသွားခဲ့ရာ သူ့အသင်းဟောင်းကလည်း ခုဆို အများကြီး ပြောင်းလဲသွားခဲ့ပြီလို မှတ်ချက်ပြုသွားပါတယ်။

Photo Credit : TEAMtalk

ချဲလ်ဆီးအသင်းက အခုနှစ် ဘောလုံးရာသီအတွင်းမှာပဲ နည်းပြ (၂)ဦးအထိ အပြောင်းအလဲ လုပ်ဆောင်ထားခဲ့ပြီး ရာသီအစလောက်မှာပဲ တူဟယ်လ်ကို ထုတ်ပယ်ခဲ့သလို တူဟယ်လ်နေရာ အစားဝင်လာတဲ့ ပေါ်တာကိုလည်း မနေ့က ထုတ်ပယ်လိုက်ပါတယ်။ ချဲလ်ဆီးဘက်က ပေါ်တာကို မထုတ်ပယ်ခင် တစ်ပတ်လောက်အလိုမှာ တူဟယ်လ်က ဘိုင်ယန်မြူးနစ်အသင်းရဲ့ နည်းပြသစ်အဖြစ် ခန့်အပ်ခံခဲ့ရပြီး နည်းပြနှစ်ယောက် ကံကြမာက ရက်ပိုင်းအတွင်းမှာပဲ ကြီးမားတဲ့ အပြောင်းအလဲကြီး ဖြစ်သွားခဲ့ရပါတယ်။

Photo Credit : FC Bayern Munich

အခုလို ပေါ်တာ အထုတ်ပယ်ခံရတာနဲ့ ပတ်သတ်ပြီး တူဟယ်လ်က “ဂရေဟမ်ပေါ်တာ အထုတ်ပယ်ခံခဲ့ရတဲ့ သတင်းကို ကျွန်တော် မနေ့ညကမှ တွေ့လိုက်တာပါ။ သူ ထုတ်ပယ်ခံလိုက်ချိန်က ကျွန်တော် ဘိုင်ယန်မှာ နည်းပြသစ် ဖြစ်လာခဲ့ချိန်နဲ့ တိုက်ဆိုင်နေသလိုတော့ ဖြစ်သွားခဲ့ပါတယ်။ ကျွန်တော်က ချဲလ်ဆီးမှာ အလွန် ပျော်ရွှင်ခဲ့ရပြီးတော့ ကျွန်တော့်ဘဝအတွက် ခင်မင် ရင်းနှီးမှုများစွာကိုလည်း တည်ဆောက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အသင်းက အရမ်းကို ပြောင်းလဲသွားခဲ့ရပါပြီ။ ဒါကြောင့် ဒါက ကျွန်တော့် စိတ်ထဲမှာ ကြီးကြီးမားမား စိတ်ခံစားချက်တွေ မဖြစ်နေတော့ပါဘူး” လို မှတ်ချက်ပြုသွားခဲ့ပါတယ်။

Exit mobile version