အသက်လက်တီကိုမက်ဒရစ်အသင်းဟာ လက်ရှိမှာ ရလဒ်ပိုင်းတွေ အတော်လေး ဆိုးရွှားလျက် ရှိနေတာကြောင့် အသင်းနည်းပြ ဒီယေဂိုဆီမြွန်နီရဲ့ အနာဂတ် အခြေအနေဟာလည်း လှုပ်ခတ်လာခဲ့ရပြီး တကယ်လို့ ဆီမြွန်နီနဲ့ လမ်းခွဲဖြစ်ခဲ့မယ်ဆိုရင် အသက်လက်တီကိုအသင်းအနေနဲ့ ချယ်လ်ဆီးနည်းပြဟောင်း သောမတ်စ်တူဟယ်လ်ကို အစားထိုး ခန့်အပ်သွားချင်နေတယ်လို့ သိရပါတယ်။

Photo Credit : Sky Sports

 

အာဂျင်တီးနားလူမျိုး နာမည်ကြီး ဘောလုံးနည်းပြ ဆီမြွန်နီဟာ အသက်လက်တီကိုအသင်းက ၂၀၁၁ခုနှစ်ကတည်းကနေ အခုအချိန်ထိ အသင်းကို ဆယ်စုနှစ်တစ်ခုထိ ကိုင်တွယ်ထားခဲ့သလို အောင်မြင်မှုများစွာလည်း ယူဆောင်ထားပေးနိုင်ခဲ့ပါတယ်။ လက်ရှိ ဘောလုံးနည်းပြတွေထဲမှာ ဝင်ငွေအကောင်းဆုံး နည်းပြတစ်ဦး ဖြစ်နေတဲ့ ဆီမြွန်နီကို အသင်းကို နှစ်တိုင်း ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် ချန်ပီယံလိဂ်ဖိုင်နယ်ကိုလည်း နှစ်ကြိမ်ထိ တတ်လှမ်းထားအောင် စွမ်းဆောင်နိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့ ချန်ပီယံလိဂ်ကို အုပ်စုအဆင့်ကနေ လှည့်ပြန်ထားခဲ့ရသလို နောက်ဆုံးကစားထားတဲ့ (၅)ပွဲဆက်တိုက်ထိလည်း နိုင်ပွဲတွေ ဆက်တိုက် ပျောက်ဆုံးထားခဲ့ရတာကြောင့် ဆီမြွန်နီရဲ့ အနာဂတ်က စတင် ဝေဝါးလာခဲ့ရပါတယ်။

Uživatel ExpectedChelsea na Twitteru: „Diego Simeone on Thomas Tuchel's  Chelsea: "We understood their superiority from positional play. There were  always people in space. I loved it, they are a team with versatility.

Photo Credit : Twitter

ဒီအချိန်မှာပဲ စပိန်နိုင်ငံ အခြေစိုက် သတင်းမီဒီယာတွေကနေ အသက်လက်တီကိုအသင်းဘက်က ဆီမြွန်နီနဲ့ လမ်းခွဲဖြစ်မယ်ဆိုရင် သူ့နေရာမှာ ချယ်လ်ဆီးနည်းပြဟောင်း တူဟယ်လ်နဲ့ အစားထိုးသွားလိမ့်မယ်လို့ ဖော်ပြလာခဲ့ပါတယ်။ ဒီနှစ်ဘောလုံးရာသီအစမှာပဲ ချယ်လ်ဆီးအသင်းကနေ ထုတ်ပယ်ထားခံခဲ့ရတဲ့ တူဟယ်လ်ဟာ လက်ရှိအချိန်ထိ အသင်းသစ် တစ်သင်းကို ပြောင်းလဲကိုင်တွယ်ခြင်း မရှိသေးပေမယ့် ဘောလုံးနယ်ပယ်ထဲကို အချိန်တိုအတွင်းမှာပဲ ပြန်လည် ဝင်ရောက်လာဖို့ ဆန္ဒရှိနေသူ ဖြစ်ပါတယ်။ ဒေါ့မွန် ပီအက်စ်ဂျီ ချယ်လ်ဆီးအသင်းတွေကို ကိုင်တွယ်ခဲ့ဖူးတဲ့ ဂျာမန်လူမျိုး နည်းပြတူဟယ်လ်ဟာ ချယ်လ်ဆီးကို စတင် ကိုင်တွယ်တဲ့နစှစ်မှာပဲ ချန်ပီယံလိဂ်ဖလားကို ရယူပေးနိုင်ခဲ့သလို ချယ်လ်ဆီးနဲ့ လက်မတွဲခင် တစ်နှစ်မှာလည်း ပီအက်စ်ဂျီအသင်းကို ချန်ပီယံလိဂ်ဖိုင်နယ်ထိ ပို့ဆောင်ထားနိုင်ခဲ့ပါတယ်။ အရည်အသွေးမြင့် နည်းပြတစ်ဦး ဖြစ်တာကြောင့် အသက်လက်တီကိုဘက်က ဆီမြွန်နီရဲ့ အခြေအနေကို စောင့်ကြည့်နေပြီး ဒီထက် ရလဒ်တွေ ဆိုးလာမယ်ဆိုရင်တော့ ဆီမြွန်နီကို တူဟယ်လ်နဲ့ အစားထိုးဖွယ် ရှိနေပါတယ်။ တူဟယ်လ်က အသင်းလက်မဲ့ ဖြစ်နေပေမယ့် သူ့ကို ကလပ်အသင်းများစွာ ချဉ်းကပ်မှုတွေ ပြုလုပ်ခဲ့ရာ တူဟယ်လ်ကိုယ်တိုင် သူ့စိတ်ကြိုက် အသင်းမျိုး မတွေ့ထားသေးတဲ့အတွက် ကမ်းလှမ်းမှုတွေကိုတော့ ပယ်ချထားခဲ့ပါတယ်။