MySport Myanmar

ဘရန့်ဖို့ဒ်မှာ ပြန်လည်တောက်ပနေတဲ့ အဲရစ်ဆင်ကို ယူနိုက်တက်နဲ့ စပါးတို့ စိတ်ဝင်စားနေ

Brentford's Danish midfielder Christian Eriksen (R) is congratulated by Brentford's Danish head coach Thomas Frank at the end of the English Premier League football match between Chelsea and Brentford at Stamford Bridge in London on April 2, 2022. - RESTRICTED TO EDITORIAL USE. No use with unauthorized audio, video, data, fixture lists, club/league logos or 'live' services. Online in-match use limited to 120 images. An additional 40 images may be used in extra time. No video emulation. Social media in-match use limited to 120 images. An additional 40 images may be used in extra time. No use in betting publications, games or single club/league/player publications. (Photo by Glyn KIRK / AFP) / RESTRICTED TO EDITORIAL USE. No use with unauthorized audio, video, data, fixture lists, club/league logos or 'live' services. Online in-match use limited to 120 images. An additional 40 images may be used in extra time. No video emulation. Social media in-match use limited to 120 images. An additional 40 images may be used in extra time. No use in betting publications, games or single club/league/player publications. / RESTRICTED TO EDITORIAL USE. No use with unauthorized audio, video, data, fixture lists, club/league logos or 'live' services. Online in-match use limited to 120 images. An additional 40 images may be used in extra time. No video emulation. Social media in-match use limited to 120 images. An additional 40 images may be used in extra time. No use in betting publications, games or single club/league/player publications. (Photo by GLYN KIRK/AFP via Getty Images)

နှလုံးရောဂါ ပြသာနာကြောင့် ကွင်းထဲလဲကျခဲ့ရပြီး အသက်အန္တရယ်နီးပါးလောက် ကြုံတွေ့ထားခဲ့ရသလို ဘောလုံးသမားဝကိုပါ အဆုံးသတ်ရလုနီးပါး ကြုံတွေ့ခဲ့ရတဲ့ အဲရစ်ဆင်ဟာ အခုဆိုရင်တော့ ပရီးမီးယားလိဂ်ကလပ် ဘရန့်ဖို့ဒ်အသင်းနဲ့အတူ သူရဲ့ဘောလုံးသမားဘဝကို ပြန်လည်တောက်ပလာခဲ့တာကြောင့် သူရဲ့အသင်းဟောင်း စပါးနဲ့ သူနဲ့ မကြာခဏဆိုသလို သတင်းထွက်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းတွေကပါ အဲရစ်ဆင်ကို တကျော့ပြန် စိတ်ဝင်စားလာခဲ့တယ်လို့ ဗြိတိန်မီဒီယာတွေကနေ ဖော်ပြထားပါတယ်။

Photo Credit : Daily Mail

အသက်(၃၀)အရွှယ်ရှိပြီဖြစ်တဲ့ ဒိန်းမတ်လက်ရွေးစင် ကွင်းလယ်တိုက်စစ်ကစားသမား အဲရစ်ဆင်ဟာ ယူရို-၂၀၂ဝပြိုင်ပွဲအတွင်း နှလုံးပြသာနာကြောင့် ကွင်းအတွင်း လဲကျခဲ့ရပြီးနောက်မှာ ကုသမှုတွေ သေချာခံယူခဲ့ရပြီး သူရဲ့အသင်းဟောင်း အင်တာနဲ့ပါ စာချုပ်ဖျက်သိမ်းခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ ဘောလုံးကစားဖို့ ပြန်အဆင်ပြေလာတဲ့ အဲရစ်ဆင်ဟာ ဘရန့်ဖို့ဒ်အသင်းနဲ့ ကာလတိုစာချုပ်အဖြစ် (၆)လစာချုပ်နဲ့ ချုပ်ဆိုခဲ့ပြီး လက်ရှိမှာလည်း အသင်းအတွက် ပရီးမီးယားလိဂ် (၄)ပွဲ ပါဝင်ကစားပေးထားရင်း ချယ်လ်ဆီးကို (၁)ဂိုး (၄)ဂိုးနဲ့ အနိုင်ရသွားခဲ့တဲ့ ပွဲမှာပါ အဲရစ်ဆင်က အကောင်းဆုံး ခြေစွမ်းပြခဲ့သလို သူရဲ့ဘရန့်ဖိုဒ်ကစားသမားဘဝ ပထမဆုံးသွင်းဂိုးကိုပါ သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit : Daily Mail

အခုလို ဘောလုံးပြန်ကစားခွင့် ရရှိချိန်မှာ ပုံစံကောင်းတစ်ခု ပြန်လည်ရရှိအောင် စွမ်းဆောင်နေနိုင်တဲ့ အဲရစ်ဆင်ဟာ မကြာသေးခင်ကမှ ဒိန်းမတ်လက်ရွေးစင်အသင်းအတွက်ပါ ပြန်လည်ရွေးချယ်ခံထားရပြီး လက်ရွေးစင်အသင်းအတွက်ကိုပါ သွင်းဂိုးပြန်လည် သွင်းယူထားနိုင်ပါတယ်။ ဒီလို ခြေစွမ်းပိုင်း ပြန်လည်တောက်ပလို့နေတဲ့ အဲရစ်ဆင်ကို သူ့အသင်းဟောင်း စပါးနဲ့ မန်ချက်စတာယူနိုက်တက်တို့က အဲရစ်ဆင်ရဲ့အခြေအနေကို အနီးကပ် စောင့်ကြည့်လျက် ရှိနေရပြီး ချယ်လ်ဆီးနဲ့ပွဲအတွင်း ပြသသွားခဲ့တဲ့ အဲရစ်ဆင်ရဲ့ စွမ်းဆောင်ရည်ဟာလည်း သူ့ကို စောင့်ကြည့်နေတဲ့ အသင်းတွေအတွက် သူ့ကို ခေါ်ယူဖို့ စဉ်းစားစရာတစ်ခုလို ဖြစ်သွားစေခဲ့ရပါတယ်။ ဒါ့အပြင် အဲရစ်ဆင်ဟာ ဘရန့်ဖို့ဒ်အသင်းနဲ့ (၆)လ သက်တမ်းသာ ကာလတို စာချုပ်ချုပ်ထားတာဖြစ်လို့ ဒီနှစ်ဘောလုံးရာသီအကုန်မှာပဲ သက်တမ်းကုန်တော့မှာဖြစ်သလို အသင်းနဲ့ ကစားသမားရဲ့ကြား စာချုပ်ကိစ္စ သက်တမ်းတိုးဖို့ အဆင်မပြေနိုင်ရင် အဲရစ်ဆင်ကို ခေါ်ယူချင်နေတဲ့ အသင်းတွေအနေနဲ့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲရစ်ဆင်ကိုယ်တိုင်က ဒိန်းမတ်အသင်းနဲ့အတူ ၂၀၂၂ ကတာကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ဆင်နွဲချင်နေတာဖြစ်လို့ ကလပ်အသင်းကြီးတွေကို ပြောင်းရွှေ့တာမျိုးထက် သူ့ကို ပွဲကစားခွင့် ပိုပေးနိုင်မယ့် ကလပ်အသင်းဖြစ်တဲ့ ဘရန့်ဖို့ဒ်မှာပဲ ဆက်လက်ကစားဖွယ်လည်း ရှိနိုင်ပါတယ်။

Exit mobile version