အခုတစ်ပတ်အတွင်း စပိန်လာလီဂါဘောလုံးပြိုင်ပွဲအတွင်း ဖြစ်ပွားသွားခဲ့တဲ့ စိတ်ဝင်စားစရာ သတင်းအကြောင်းအရာတွေကို စုစည်းပြီး MySport Myanmar ပရိသတ်တွေအတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။

Photo Credit : Getty Image

ရီးရဲလ်ဗယ်လာဒိုးလစ်အသင်းဟာ အသက်(၂၉)နှစ်အရွှယ်ရှိ ကွင်းလယ်ကစားသမား အော်စကာပလာနိုကို ၂၀၂၃ခုနှစ်အထိ ဗယ်လာဒိုးလစ်အသင်းမှာ ဆက်လက်ရှိနေနိုင်ဖို့အတွက် သက်တမ်းတိုးနိုင်ခဲ့တယ်လို့ သိရှိရပါတယ်။

Photo Credit : Getty Image

စပိန်လာလီဂါပြိုင်ပွဲ ပြန်လည်စတင်ဖို့ ရက်ပိုင်းလောက်ပဲ လိုတော့တဲ့အချိန် အသက်လက်တီကိုမက်ဒရစ်အသင်းရဲ့ တိုက်စစ်ကစားသမား အိန်ဂျယ်ကော်ရီရာက သူရဲ့ဘယ်ခြေထောက်မှာ ကြွက်သားဒဏ်ရာ ရရှိခဲ့ပြီး ဒါဟာ ကော်ရီရာအနေနဲ့ (၅)နှစ်အတွင်း ပထမဆုံးအကြိမ် ရရှိခဲ့တဲ့ ဒဏ်ရာပြသာနာလည်းဖြစ်တယ်လို့ သိရပါတယ်။

Photo Credit : Getty Image

ဘီလ်ဘာအိုအသင်းဟာ သူတို့ရဲ့နည်းပြဖြစ်သူ ဂါယီတာနိုကို ၂၀၂၁ခုနှစ်အထိ အသင်းမှုာ ဆက်လက်ရှိနေနိုင်ဖို့အတွက် စာချုပ်သက်တမ်း တိုးမြှင့်ခဲ့ပါတယ်။ ဂါယီတာနိုက ဘီလ်ဘာအိုကို ၂၀၁၈ခုနှစ် ဒီဇင်ဘာလကမှ စတင်ကိုင်တွယ်ခဲ့တာဖြစ်ပြီး အဲ့ဒီနှစ်မှာပဲ အသင်းကို တန်းဆင်းရမယ့်အရေးကနေ ကယ်တင်ပေးနိုင်ခဲ့ပါတယ်။

Photo Credit : Getty Image

KPMG ကနေ ထုတ်ပြန်လာခဲ့တဲ့ ကမ္ဘာ့တန်ဖိုးအမြင့်မားဆုံး ဘောလုံးကလပ်အသင်းတွေစာရင်း ထိပ်ဆုံး(၁၀)စာရင်းမှာ စပိန်လာလီဂါမှာ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာအသင်းတို့ ပါဝင်လာခဲ့ပြီး ရီးရဲလ်က (၃.၄၇၈)ဘီလီယံနဲ့ ထိပ်ဆုံးနေရာမှာရှိနေသလို ဘာစီလိုနာအသင်းကလည်း (၃.၁၉၃)ဘီလီယံနဲ့ တတိယနေရာမှာ ရပ်တည်လို့နေပါတယ်။

Photo Credit : Getty Image

လာမယ့်ဇွန်လ(၁၁)ရက်နေ့မှာပဲ ရပ်နားထားရတဲ့ စပိန်လာလီဂါပြိုင်ပွဲတွေကို ပြန်လည်စတင်တော့မှာဖြစ်တဲ့အတွက် အခုအခါမှာ လာလီဂါကလပ်အသင်းများစွာကနေ အသင်းလိုက် အုပ်စုလိုက် လေ့ကျင့်ခန်းဆင်းမှုတွေကို ပြန်လည်လုပ်ဆောင်လျက်ရှိနေပြီး စစ်ဆေးမှုတွေကိုလည်း သေသေချာချာ ကြတ်မတ်ပြီးလုပ်ဆောင်နေတယ်လို့ သိရပါတယ်။