ချယ်လ်ဆီးအသင်းရဲ့ အဓိက ကွင်းလယ်ကစားသမားဖြစ်တဲ့ ဂျော်ဂျင်ဟိုက သူတို့အသင်း သမိုင်းတလျှောက် တစ်ကြိမ်တစ်ခါမှကို မရယူထားနိုင်သေးတဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားကို ဒီတစ်ကြိမ် ပြန်လည်ပါဝင်ခွင့် ရနေချိန်မှာ အမှားမခံတော့ပဲ ဒီဆုကို အရယူပြီး အိမ်ပြန်နို်င်ဖို့ အချိန်တန်ပြီလို့ ကြွေးကြော် ပြောဆိုသွားခဲ့ပါတယ်။

Sportbuzz · Saiba quem vai ser o rival de Palmeiras e Chelsea no Mundial de Clubes

Photo Credit : Sportbuzz

ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ချန်ပီယံ ဖြစ်ခဲ့ရတဲ့ ချယ်လ်ဆီးအသင်းက ယူအေအီးနိုင်ငံမှာ ကျင်းပနေတဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ဥရောပတိုက် ကိုယ်စားပြုအဖြစ် ဝင်ရောက်ဆင်နွဲခွင့်ရခဲ့ပြီး ဒီကနေ့မှာပဲ အာရှချန်ပီယံ ကလပ်အသင်းဖြစ်တဲ့ ဆော်ဒီအာရေဗျကလပ် အယ်လ်ဟာလီအသင်းနဲ့ ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းအနေနဲ့ ဒီပွဲစဉ်ကိုသာ အနိုင်ရခဲ့မယ်ဆိုရင် ဖိုင်နယ်ကို တတ်ရောက်နေပြီးသားဖြစ်တဲ့ တောင်အမေရိက ချန်ပီယံ ဘရာဇီးလ်ကလပ် ပါးလ်မီးရပ်စ်အသင်းနဲ့ ဆက်လက်ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။

Jorginho ready to keep improving, keep pushing beyond his back pain - We Ain't Got No History

Photo Credit : We Ain’t Got No Histroy

တကယ်တော့ ချယ်လ်ဆီးအသင်းဟာ လွန်ခဲ့တဲ့ ၂၀၁၂ခုနှစ်က ဂျပန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကိုပါ ဝင်ရောက်ဆင်နွဲခဲ့ဖူးပေမယ့် ဖိုင်နယ်မှာ ဘရာဇီးလ်ကလပ် ကိုရင်သီယန်ကို အရေးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲမှာ ဗိုလ်မစွဲဖူးသေးတဲ့ အခြေအနေမျိုး ရှိနေရတာ ဖြစ်ပါတယ်။ ဒီအခြေအနေတွေအပေါ် အသင်းရဲ့ အီတလီ ကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုက “ဒီဆုဖလားက ကျွန်တော့်အတွက် အဓိပ္ပါယ် အများကြီး ရှိနေတာဖြစ်သလို ကလပ်အသင်းအတွက် ဆိုရင်လည်း အဓိပ္ပါယ် အများကြီး ရှိနေမှာ သေချာပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့တွေ ဒီဆုဖလားကို တစ်ခါမှ မဆွတ်ဖူးခဲ့သေးတာ ဖြစ်ပြီးတော့ အခုတစ်ကြိမ်မှာ ဆုဖလားကို ရယူပြီး အိမ်ပြန်ဖို့ အချိန်တန်နေပါပြီ။ ပြိုင်ဘက်အသင်းတွေကို လျှော့တွက်ထားမယ်ဆိုရင် ဒုက္ခရောက်သွားနိုင်တဲ့ အခြေအနေမျိုးတွေ ရှိလာနိုင်လို့ စိတ်ကြီးမဝင်နေဖို့ လိုပါလိမ့်မယ်။ ပြင်ဆင်ထားမယ် ကောင်းကောင်း လေ့ကျင့်ထားမယ် အအိပ်ကောင်း အစားကောင်း ရှိထားမယ် ဘာပဲလုပ်လုပ် ပရော်ဖက်ရှင်နယ်ဆန်ဆန် လုပ်သွားမယ်ဆိုရင် ပွဲကစားခွင့် ရနိုင်ပြီးတော့ နိုင်ပွဲကိုပါ ဖော်ဆောင်သွားနိုင်ပါလိမ့်မယ်။ ဒါက ကျွန်တော်တို့တွေ လုပ်ကို လုပ်ရမယ့် အရာပါပဲ။ ကျွန်တော်တို့တွေက ရှုံးပွဲတွေကို မကြိုက်သလို ဆုဖလားကို သိမ်းပိုက်ပြီးပဲ အိမ်ပြန်သွားချင်ပါတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။