၂၀၂၁-၂၀၂၂ ဘောလုံးရာသီကတော့ သြဂုတ်လကနေ စတင်ကျင်းပလာခဲ့တာ အခုဆိုရင် ပွဲစဉ်အနည်းငယ်ကို ယှဉ်ပြိုင်စေခဲ့ပြီဖြစ်ပြီး လိဂ်တိုင်းလိုလိုမှာလည်း ရှုံးပွဲမရှိသေးတဲ့ ကလပ်အသင်း အရေအတွက်တွေက တဖြည်းဖြည်းနဲ့ကို နည်းပါးလာခဲ့ရပါတယ်။ ဒါပေမယ့် ပွဲစဉ်(၆)ပွဲ(၇)ပွဲ(၈)ပွဲလောက်အထိ ကစားလို့အပြီး လုံးဝကို ရှုံးပွဲမရှိသေးအောင် ကစားထားနိုင်ခဲ့တဲ့ အသင်းတွေလည်း ရှိနေသေးတာဖြစ်လို့ ဒီအသင်းတွေရဲ့အကြောင်းကို တင်ဆက်ပေးသွားချင်ပါတယ်ခင်ဗျာ။

Photo Credit : Twitter

ပထမဆုံးအနေနဲ့တော့ ပရီးမီးယားလိ်ဂ်ကနေ စတင်ချင်ပါတယ်။ ပရီးမီးယားလိဂ်ကတော့ ဒီတစ်ပတ်မှာ ရှုံးပွဲမရှိသေးတဲ့ အသင်းတွေဖြစ်တဲ့ ချယ်လ်ဆီး မန်ချက်စတာယူနိုက်တက်တို့က ရှုံးပွဲအသီးသီးနဲ့ ရင်ဆိုင်လိုက်ရပြီး ဘရန့်ဖိုဒ့်ကို သရေကစားခဲ့တဲ့ လီဗာပူးလ်တစ်သင်းတည်းသာ ရှုံးပွဲမရှိသေးတဲ့ တစ်သင်းတည်းသော အသင်းအဖြစ် ဆက်လက်ရပ်တည်နေပါတယ်။ လီဗာပူးလ်က လက်ရှိမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း (၆)ပွဲကစားအပြီး (၄)ပွဲနိုင်ထားကာ (၂)ပွဲသရေကျထားခဲ့ပါတယ်။ ဒါ့အပြင် ဒီရာသီရဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း တိုက်စစ်အကောင်းဆုံးအသင်းအဖြစ် သတ်မှတ်ခံထားရပါသေးတယ်။

Photo Credit : Twitter

လာလီဂါဘက်မှာတော့ လုံးဝရှုံးပွဲမရှိသေးတဲ့ ကလပ်အသင်း အရေအတွက်က များပြားလို့နေပြီး ဒီအသင်းတွေက ရီးယဲလ်မက်ဒရစ် ဆီဗီလာ ဘာစီလိုနာနဲ့ ဗီလာရီးယဲလ်တို့ ဖြစ်ပါတယ်။ ဒီအသင်းထဲမှာ ဗီလာရီးယဲလ်က ထူးထူးခြားခြားဆိုသလိုပဲ (၆)ပွဲကစားထားအပြီးမှုာ နိုင်ပွဲ(၁)ပွဲနဲ့ သရေပွဲက (၅)ပွဲအထိကို ရရှိထားကာ လုံးဝရှုံးပွဲမရှိသေးသလို ရီးယဲလ်ကိုပါ သရေရအောင် ကစားထားနိုင်ခဲ့ပါတယ်။

Photo Credit : Twitter

စီးရီးအေမှာတော့ နာပိုလီ မီလန်မြို့ခံ(၂)သင်းတို့က ရှုံးပွဲမရှိသေးပဲ နာပိုလီကတော့ ဂျုဗင်တပ်စ်အပါအဝင် သူတို့ ယှဉ်ပြိုင်ထားတဲ့ ပွဲစဉ်အားလုံးမှာ ရာနှုန်းပြည့်နိုင်ပွဲတွေ ရယူထားနို်င်ခဲ့ပါတယ်။ လက်ရှိချန်ပီယံ အင်တာကတော့ ဒီရာသီ စီးရီးအေရဲ့ တိုက်စစ်အကောင်းဆုံး အသင်းတစ်သင်း ဖြစ်လို့နေရပါတယ်။

Photo Credit : Twitter

ဘွန်ဒစ်လီဂါမှာတော့ ထုံးစံအတိုင်း ဘီလူးကြီး ဘိုင်ယန်မြူးနစ်က ရှံးပွဲမရှိသေးတဲ့ ကလပ်အသင်းအဖြစ် ရပ်တည်နေသလို အဆင့်(၅)နေရာထိ ရောက်ရှိနေတဲ့ ဖရိုင်းဘတ်အသင်းကလည်း ဘိုင်ယန်နဲ့အတူ ရှုံးပွဲမရှိသေးတဲ့ အသင်းအဖြစ် ပူးတွဲရပ်တည်နေပါတယ်။

Photo Credit : Twitter

လီဂူးဝမ်းဘက်မှာတော့ အင်အားအကြီးဆုံး ပီအက်စ်ဂျီအသင်းက (၈)ပွဲကစားအပြီး ရာနှုန်းပြည့် နိုင်ပွဲတွေနဲ့ လုံးဝရှုံးပွဲမရှိသေးတဲ့ အသင်းတစ်သင်းအဖြစ် ရပ်တည်နေပါတယ်။ ပေါ်တူဂီလိဂ်ဘက်မှာတော့ ပေါ်တို ဘင်ဖီကာနဲ့ စပို့တင်းလစ္စဘွန်းအသင်းတွေက ရှုံးပွဲလုံးဝ မရှိထားသေးလလို နယ်သာလန်ဘက်မှာလည်း ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ အေဂျက်စ်အသင်းက လုံးဝကို ရှုံးပွဲမရှိသေးပဲ (၇)ပွဲမှာ (၆)ပွဲအထိ အနိုင်ရထားပါတယ်။