အာဆင်နယ်အသင်းရဲ့ ဂန္တဝင်တိုက်စစ်ကစားသမားတစ်ယောက်ဖြစ်ပြီး လက်ရှိမှာတော့ မေဂျာလိဂ်ကလပ်အသင်းတစ်သင်းဖြစ်တဲ့ မွန်တီရယ်အင်းပတ်အသင်းမှာ နည်းပြအဖြစ် ဆောင်ရွှက်လျက်ရှိနေတဲ့ သီယာရီအွန်နရီဟာ သူနဲ့တစ်နိုင်ငံတည်းသား ဂျူနီယာကစားသမားတစ်ဦးဖြစ်သူ အန်တိုနီမာစီယဲလ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရပေမယ့်လည်း သေချာကြိုးစားကစားခဲ့မယ်ဆိုရင်တော့ တစ်နေ့မှာ ယူနိုက်တက်ရဲ့ ဂန္တဝင်ကစားသမားတစ်ယောက်တောင် ဖြစ်လာနိုင်တယ်လို့ သုံးသပ်ပြောဆိုခဲ့ကြောင်း အွန်နရီရဲ့အသင်းဖော်ဟောင်း လီဒစ်ဇန်က ပြန်လည်ပြောဆိုလာခဲ့ပါတယ်။

အသက်၄၂နှစ်အရွှယ်ရှိ အာဆင်နယ်ကစားသမားဟောင်း လီဒစ်ဇန်ဟာ အွန်နရီနဲ့ စကားစမြည်ပြောဆိုရင်း မာစီယဲလ်အကြောင်းကိုပါ မေးမြန်းခဲ့ရာမှာ အွန်နရီဘက်ကနေ သူရဲဲ့အထင်အမြင်တွေကို ပြန်လည်ရှင်းပြသွားခဲ့ပြီး မာစီယဲလ်ဟာ သူနဲ့ပုံစံချင်းတူညီတဲ့ ကစားသမားလို့လည်း အွန်နရီက သတ်မှတ်သွားခဲ့ပါတယ်။ မာစီယဲလ်ဟာ ပြီးခဲ့တဲ့ ၂၀၁၅ခုနှစ်တုန်းကမှ မိုနာကိုကနေ ယူနိုက်တက်အသင်းဆီကို ပေါင်(၃၆)သန်းနဲဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အဲ့ဒီတုန်းက (၃၆)သန်းဆိုတာဟာ ဆယ်ကျော်သက်ကစားသမားတစ်ယောက်အတွက် အမြင့်မားဆုံးဖြစ်ခဲ့သလို မာစီယဲလ်ကလည်း ရောက်ရောက်ချင်းမှာပဲ ယူနိုက်တက်အတွက် ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။

မာစီယဲလ်ဟာ ယူနိုက်တက်အတွက် စတင်ကစားခွင့်ရခဲ့ချိန်လောက်ကပဲ ခြေစွမ်းပြသခဲဲ့တာဖြစ်ကာ နောက်ပိုင်းနှစ်တွေမှာတော့ သူရဲ့ပုံမှန်ခြေစွမ်းတွေကို မပြသနိုင်တော့ပဲ ရုန်းကန်ခဲ့ရပါတယ်။ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး အွန်နရီက မာစီယဲလ်ဟာ အင်္ဂလန်မြေကို ရောက်လာပုံက သူ့အဖြစ်နဲ့ ဆင်တူလို့နေပြီး တကယ်လို့သာ မာစီယဲလ်သာ ယူနိုက်တက်အသင်းရဲ့ အဝတ်လဲခန်းအတွင်းမှာ သူ့ကိုလမ်းပြပေးနိုင်မယ့် စီနီယာကစားသမားကြီးတွေနဲဲ့ လက်ပွန်းတတီးနေခဲ့ရမယ်ဆိုရင် ဒီထက်ပိုမို တိုးတတ်လာကာ ယူနိုက်တက်ရဲဲ့ Legend တစ်ယောက်တောင် ဖြစ်လာလိမ့်မယ်လို့ ထင်ကြေးပေးသွားခဲ့ပါတယ်။ ပြင်သစ်တိုက်စစ်ကစားသမား မာစီယဲလ်ဟာ ဒီရာသီမှာတော့ ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ(၃၄)ပွဲဲအထိကို ပါဝင်ထားခဲ့ပြီး (၁၆)ဂိုးသွင်းယူထားနိုင်ခဲ့ကာ (၅)ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။