လီဗာပူးလ်အသင်းရဲ့ ကစားသမားဟောင်း နဲ့ နည်းပြဟောင်း ဖြစ်သူ ဆောင်းနက်စ်က လီဗာပူးလ် အသင်းအနေနဲ့ ဘိုင်ယန် ကွင်းလယ်လူ အယ်လ်ကန်တာရာကို ခေါ်ယူမယ် ဆိုရင် အသင်းအတွက် ပြီးပြည့်စုံတဲ့ ခေါ်ယူမှု ဖြစ်လိမ့်မယ်လို့ TheTimes သတင်းမှာ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ လာမယ့် အပတ် ပရီးမီးယားလိဂ် ပြိုင်ပွဲ ပြန်စတဲ့ အချိန်မှာ တန်းတက် လိဒ်စ်ယူနိုက်တက်အသင်းနဲ့ ကစားရမှာ ဖြစ်ပေမယ့်လည်း လက်ရှိအချိန်အထိတော့ အပြောင်းအရွေ့ ဈေးကွက်မှာ အိုလံပီကို့စ် နောက်ခံလူ ကိုစတာ ဆီမီကာစ်ကိုပဲ ခေါ်ယူထားသေးတာ ဖြစ်ပါတယ်။

Photo Credit: Goal

နည်းပြ ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ် လက်ရှိ ချန်ပီယံ ဖြစ်ပေမယ့်လည်း လာမယ့် ရာသီသစ်မှာ ပရီးမီးယားလိဂ် ဆုဖလားကို ကာကွယ်ဖို့အတွက် ကစားသမားသစ်တွေကို ခေါ်ယူမှု အားနည်းနေတာ ဖြစ်ပြီး ပြီးခဲ့တဲ့ ရက်အနည်းငယ် အယ်လ်ကန်တာရာနဲ့ ချိတ်ဆက်မှု ရှိခဲ့ပါတယ်။ ဘိုင်ယန် ကွင်းလယ်လူ အယ်လ်ကန်တာရာက ဘိုင်ယန်အသင်းမှာ ဆက်ကစားမှာ ဖြစ်တယ်လို့ ပြောသွားခဲ့ပြီ ဖြစ်ပြီး ဆောင်းနက်စ်ကတော့ သူ့ရဲ့ အသင်းဟောင်း ဖြစ်တဲ့ လီဗာပူးလ်အသင်းဟာ ကွင်းလယ်လူ အယ်လ်ကန်တာရာကိုတော့ ခေါ်ယူသင့်တယ်လို့ တိုက်တွန်းသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Goal

ဆောင်းနက်စ်က “ကစားသမားသစ်ကို ခေါ်ယူဖို့ အကောင်းဆုံး အချိန်က အလောတကြီး ဖလား ရယူဖို့ ကြိုးစားတဲ့ အချိန်မဟုတ်ဘဲ တစ်ဖြည်းဖြည်း တိုးတတ်ဖို့ ကြိုးစားတဲ့ အချိန်ပါပဲ။ ဒါကြောင့် ကျွန်တော် လီဗာပူးလ်အသင်း မခေါ်ယူတာကို စိတ်ပျက်မိတယ်။ သူတို့က လက်ရှိ ပရီးမီးယားလိဂ် နဲ့ ကမ္ဘာ့ ချန်ပီယံပါ။ ဖာဘင်ဟို နဲ့ ရော်ဘတ်ဆန်တို့က စနစ်ကို လပေါင်းများစွာ လေ့လာပြီးခဲ့တဲ့ အချိန်မှာ အလုပ် ဖြစ်လာခဲ့တယ်။ ကျွန်တော် လီဗာပူးလ်အသင်းမှာ ကစားခဲ့စဉ်က ဒီလိုလုပ်ရပ်က လီဗာပူးလ်ရဲ့ လုပ်ရပ်ပါပဲ။ ဒီလိုလုပ်ရပ်က နည်းပြ ဖာဂူဆန်ရဲ့ နှစ် (၂၀) လက်အောက်အတွင်းမှာ မန်ယူရဲ့ လုပ်ရပ်ပါ။ အသင်းကို ကစားရမယ့် နေရာကနေ အားဖြည့်ရမယ်။ ဘိုင်ယန် ကွင်းလယ်လူ အယ်လ်ကန်တာရာက ပြီးပြည့်စုံတဲ့ ခေါ်ယူမှု ဖြစ်မှာပါ။ ဘာလို့လဲဆိုရင် သူက အလွန် ကြိုးစားပြီး နည်းဗျူဟာကိုလည်း မွေးရာပါ သိလို ဖြစ်ပါတယ်”လို့ ပြောခဲ့ပါတယ်။