ဘိုင်ယန် ကွင်းလယ်လူ သီယာဂို အယ်လ်ကန်တာရာကတော့ ကိုရိုနာ ဗိုင်းရပ် ဖြစ်ပွားနေပေမဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ်တွေ ဆက်ကစားဖို့ ဆုံးဖြတ်ချက်ချမှုကို “ရူးနေလား”လို့ ဝေဖန်သွားခဲ့ပါတယ်။ ဘိုင်နယ်မြူးနစ် အသင်းဟာ ယခုအပတ်မှာ ဘွန်ဒက်စ်လီဂါ ပွဲစဉ် ဆက်လက် ကစားသွားရမှာ ဖြစ်ပြီး တနင်္ဂနွေနေ့ည (၁၂) အချိန်မှာ ယူနီယံဘာလင်အသင်းနဲ့ ကစားသွားရမှာ ဖြစ်ပါတယ်။ ဘိုင်ယန် ကွင်းလယ်လူ သီယာဂို အယ်လ်ကန်တာရာကတော့ ကမ္ဘာ့ ကပ်ရောဂါကြီး ကိုရိုနာ ဖြစ်နေဆဲ အချိန်မှာ ပွဲကစားဖို့ ဆုံးဖြတ်ချက်ချတာကို အပြင်းအထန် ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Dailymail

ဘိုင်ယန်မြူးနစ်အသင်းဟာ တနင်္ဂနွေနေ့ည (၁၂) အချိန်မှာတော့ ယူနီယံဘာလင်အသင်းနဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ်ကို ပွဲကြည့် ပရိသတ် မပါဘဲ ကွင်းပိတ် ကစားသွားကြရမှာ ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ ယူနီယံဘာလင်အသင်းနဲ့ ကစားပြီးသွားရင် ချဲလ်ဆီးအသင်းနဲ့ ချန်ပီယံလိဂ် ပွဲစဉ် ကစားရမှာ ဖြစ်ပေမဲ့ ချန်ပီယံလိဂ် ပွဲစဉ်ကိုတော့ ရပ်နားခဲ့ပြီ ဖြစ်ပါတယ်။ အယ်လ်ကန်တာရာကတော့ ဘွန်ဒက်စ်လီဂါ ပွဲစဉ် ကစားရမှာ ဖြစ်ကြောင့် ဒေါသထွက်နေပြီး ဘွန်ဒက်စ်လီဂါ အဖွဲ့အစည်းကို တာဝန်ယူမှု မရှိဘူး၊ ရူးနေလားလို့ ဝေဖန်သွားလိုက်ပါတယ်။

Photo Credit: Dailymail

တွစ်တာမှာ အယ်လ်ကန်တာရာက “သို့… ဘွန်ဒက်စ်လီဂါ အဖွဲ့အစည်း၊ တာဝန်ယူမှု မရှိပါ။ အတွေးအခေါ်မရှိပါ။ ရူးနေလား။ အရူးလုပ်နေတာကို ရပ်လိုက်ပါ။ အမှန်တရားအပေါ်မှာပဲ ရပ်တည်ပါ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဘယ်အားကစား ပြိုင်ပွဲထက်မဆို အများကြီး ပိုပြီး အရေးကြီးတဲ့ အရာတွေ ရှိပါတယ်”လို့ ရေးခဲ့ပြီး သူ့ရဲ့ မကျေနပ်မှုကို ဖော်ထုတ်လိုက်တာပါ။ ပြင်သစ်နိုင်ငံက လီဂူးဝမ်း ပြိုင်ပွဲ၊ အင်္ဂလန်နိုင်ငံက ပရီးမီးယားလိဂ် ပြိုင်ပွဲ၊ အီတလီနိုင်ငံက စီးရီးအေ ပြိုင်ပွဲ နဲ့ စပိန်နိုင်ငံက လာလီဂါ ပြိုင်ပွဲတွေကို လက်ရှိမှာ ရပ်နားထားပြီ ဖြစ်ပေမဲ့ ဂျာမနီနိုင်ငံက ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲကိုတော့ မတ်လ (၁၇) ရက်မှ စပြီး ရပ်နားသွားမှာပါ။