ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးလ်အသင်းဟာ လတ်တလောမှာ ဘိုင်ယန်မြူးနစ်အသင်းရဲ့စပိန်ကွင်းလယ်ကစားသမား သီယာဂိုအယ်ကန်တာရာကို ခေါ်ယူသွားဖို့ ကြိုးပမ်းလျက်ရှိနေပြီး တကယ်လို့သာ ဒီစပိန်ကွင်းလယ်လူကို လီဗာပူးလ်ဘက်ကနေ ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် မန်စီးတီးအသင်းကို လီယွန်နယ်မက်ဆီ ရောက်လာခဲ့မယ်ဆိုရင်တောင် သီယာဂိုရဲ့အပြောင်းအရွှေ့ထက် ပိုကောင်းမွန်နိုင်မှာမဟုတ်သလို လီဗာပူးလ်အသင်းလည်း ပရီးမီးယားလိဂ်ချန်ပီယံဆုကို နောက်တစ်ကြိမ် ဆွတ်ခူးသွားနိုင်တယ်လို့ ဝိန်းရူနီက မှတ်ချက်ပြုပြောဆိုလာခဲ့ပါတယ်။

Photo Credit : Goal

လီဗာပူးလ်အသင်းဟာ အခုနှစ်နွေစျေးကွက်အတွင်းမှာ စပိန်လက်ရွေးစင် ကွင်းလယ်ကစားသမား သီယာဂိုကို အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားပေမယ့်လည်း ဘိုင်ယန်ဘက်ကနေ သတ်မှတ်ထားတဲ့ ယူရိုသန်း(၃၀)ကို ပေးချေသွားဖို့ ကြန့်ကြာနေတဲ့အတွက် အပြောင်းအရွှေ့က အထမမြောက်ခဲ့ပဲ တကယ်လို့ ဒီအပြောင်းအရွှေ့က ဖြစ်လာမယ်ဆိုရင် ဒီနွေစျေးကွက်ရဲ့ အကောင်းဆုံးသော ခေါ်ယူမှုတစ်ခု ဖြစ်လာလိမ့်မယ်လို့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့တိုက်စစ်မှူးဟောင်း ဝိန်းရူနီကနေ မှတ်ချက်ပြုပြောဆိုလာခဲ့ပါတယ်။ ရူနီက “လာမယ့်ဘောလုံးရာသီမှာလည်း ချန်ပီယံဆုအတွက် လီဗာပူးလ်နဲ့ မန်စီးတီးပဲ ယှဉ်ပြိုင်ရဦးမယ်လို့ ထင်မိပါတယ်”

Photo Credit : Goal

“ချယ်လ်ဆီးအသင်းကလည်း အခုလက်ရှိ ကစားသမားများစွာ ခေါ်ယူထားခဲ့ပြီး အဲ့ဒီထဲကမှ ကစားသမားကောင်းတွေ ပါဝင်လို့နေပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းမှာလည်း အလားအလာကောင်းတွေ ရှိနေတဲ့ ကစားသမားတွေ ရှိနေတယ်ဆိုပေမယ့်လည်း တစ်နှစ်လောက်တော့ အချိန်ယူရဦးမယ် ထင်ပါတယ်။ ချယ်လ်ဆီးအသင်းကလည်း ကစားသမားကောင်းတွေကို ခေါ်ယူထားတယ်ဆိုပေမယ့်လို့ ဒီကစားသမားတွေအားလုံး အသင်းနဲ့ အံ့ဝင်ခွင်ကျဖြစ်ဖို့ တစ်နှစ်လောက် အချိန်ယူရနိုင်ပါတယ်။ ဒါကြောင့်မို့လည်း ကျွန်တော်က လီဗာပူးလ်နဲ့ မန်စီးတီးအသင်းတို့ကိုပဲ ရေပန်းစားတဲ့အသင်းတွေအဖြစ် မြင်မိတာပါ။ တကယ်လို့ လီဗာပူးလ်အသင်းကနေသာ ဘိုင်ယန်ကနေ သီယာဂိုကိုသာ ခေါ်ယူနိုင်မယ်ဆိုရင် သေချာပါတယ် ဒီဖလားက လီဗာပူးလ်အသင်းအတွက်ပဲ။ ဒီအပြောင်းအရွှေ့သာ ဖြစ်လာခဲ့မယ်ဆိုရင် မန်စီးတီးကို မက်ဆီရောက်လာရင်တောင် သီယာဂိုအပြောင်းအရွှေ့လောက် ပိုကောင်းမယ်မထင်ပါမိဘူး” လို့ ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။