MySport Myanmar

ဘာပေကို လူနာတင်ကားနဲ့ ခေါ်သွားရလိမ့်မယ်လို့ လန်းစ် နောက်ခံလူ သတိပေး

ဒီတစ်ပတ်ရဲ့ weekend မှာ ပြင်သစ်လီဂူးဝမ်းပြိုင်ပွဲရဲ့ အဆင့်(၁) ပီအက်စ်ဂျီအသင်းနဲ့ အဆင့်(၂) လန်းစ်အသင်းတို့ တွေ့ဆုံကြမှာဖြစ်ပြီး ဒီ ထိပ်တိုက် တွေ့ဆုံမှုမှာ ပီအက်စ်ဂျီရဲ့ ကြယ်ပွင့်ကစားသမား ကီလီယန်အမ်ဘာပေကို လူနာတင်ကားနဲ့ ခေါ်ဆောင်သွားရနိုင်တဲ့အထိ ယှဉ်ကစားသွားမယ်လို့ လန်းစ် နောက်ခံလူ ဖာကွန်ဒိုမီဒီနာ နောက်ပြောင် သတိပေး ပြောဆိုလိုက်ပါတယ်။

Photo Credit : GSP

လက်ရှိမှာ ပီအက်စ်ဂျီအသင်းက လိဂ်ပွဲပေါင်း ပွဲ(၃၀) ကစားထားပြီးချိန် (၆၉)မှတ် စုဆောင်းထားနိုင်ခဲ့ပြီး သူရဲ့အောက် ဒုတိယနေရာမှာတော့ လန်းစ်အသင်းက (၆၃)မှတ်နဲ့ ရပ်တည်ထားနိုင်ခဲ့ပါတယ်။ အသင်းနှစ်သင်းကြား (၆)ပွဲသာ ကွာဟနေတော့သလို ပီအက်စ်ဂျီကလည်း ဒီပွဲမတိုင်ခင် နိုက်စ်ကို အနိုင်ယူထားခဲ့ပေမယ့် လိုင်ယွန် နဲ့ ရန်းစ်တို့ကိုတော့ (၂)ပွဲဆက် ရှုံထားပါသေးတယ်။ ဒီအချိန်မှာ လန်းစ်က ရလဒ်တွေ အလွန်ကောင်းမွန်နေပြီး ဖေဖော်ဝါရီလလယ်ပိုင်း နောက်ပိုင်းမှာ လုံးဝ ရှုံးပွဲမရှိအောင် ကစားထားနိုင်တဲ့အထိ form တအားကောင်းနေပါတယ်။

Photo Credit : Foot National

ဒီနှစ်သင်း ထိပ်တိုက် တွေ့ဆုံရမယ့် ပွဲစဉ်မတိုင်ခင်မှာ လန်းစ်အသင်းရဲ့ ဗဟိုခံစစ်မှူး မီဒီနာက “လာမယ့်ပွဲမှာ တကယ်လို့ မက်ဆီသာ ကျွန်တော့်ကို ကျော်ဖြတ်သွားမယ်ဆိုရင် ကျွန်တော် သူရဲ့ ဂျာစီကို လှမ်းဆွဲပြီး သူ့ကို ဖက်လိုက်မှာ။ ကမ္ဘာ့ဖလားကြီးအတွက် ကျွန်တော့်ကို ဖက်လှဲတကင်းနေခွင့် ပေးပါလို့ ကျွန်တော် ပြောမိလိမ့်မယ်။ ဒါပေမယ့် ဘာပေသာ ကျွန်တော့်ကို ကျော်ဖြတ်မယ်ဆိုရင်တော့ သူ့အတွက် လူနာတင်ယာဉ် ခေါ်ထားရလိမ့်မယ်” လို့ နောက်ပြောင်ပြီး ပြောဆိုလိုက်ပါတယ်။

Photo Credit : Turkey Posts English

ဘာပေဟာ ဒီရာသီမှာလည်း ပီအက်စ်ဂျီအသင်းရဲ့ သွင်းဂိုးတွေအတွက် အဓိက တာဝန်ယူထားသူဖြစ်ပြီး လီဂူးဝမ်းမှာလည်း (၁၉)ဂိုး သွင်းယူထားကာ လိုင်လီအသင်းရဲ့ ကနေဒါ တိုက်စစ်ကစားသမား ဂျိုနသန်ဒေးဗစ်နဲ့ သွင်းဂိုးအရေအတွက်ချင်း တူညီနေကာ ဒီရာသီရဲ့ ဂိုးသွင်းအများဆုံး ကစားသမားတွေအဖြစ် ပူးတွဲ ရပ်တည်လျက် ရှိနေပါတယ်။ လန်းစ်အသင်းမှာတော့ ဘယ်လ်ဂျီယံ တိုက်စစ်မှူး အိုပန်ဒါက လိဂ်ဂိုး (၁၅)ဂိုး သွင်းယူထားနိုင်ပြီး ဒီကစားသမားက ပီအက်စ်ဂျီခံစစ်ကို ကောင်းကောင်း ဒုက္ခပေးနိုင်ဖွယ်လည်း ရှိနေပါတယ်။

Exit mobile version