လီဗာပူးလ်အသင်းရဲ့နည်းပြယာဂင်ကလော့ကတော့ သူရဲ့ပြိုင်ဘက်ဟောင်းဖြစ်ခဲ့ဖူးတဲ့ ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ ဒီနှစ်ဘောလုံးရာသီမှာ ဥရောပချန်ပီယံလိဂ်ဖလားအပါအဝင် တစ်ရာသီထဲ အဓိကဆုဖလား(၃)လုံးအထိကို ပိုင်ဆိုင်ခဲ့ရတာဟာ အသင်းရဲ့ကြိုးစားအားထုတ်မှု ကောင်းမွန်လွန်းတာကြောင့်လည်း ပါဝင်သလို ကံတရားရဲ့ဖေးမမှုကြောင့်လည်း အခုလို ကြီးမားတဲ့ အောင်မြင်မှုကြီးကို ပိုင်ဆိုင်ခဲ့ရတာဖြစ်တယ်လို့ မှတ်ချက်ပြုပြောဆိုလာခဲ့ပါတယ်။

Photo Credit : Daily Mail

ဘိုင်ယန်မြူးနစ်အသင်း နည်းပြအပြောင်းအလဲဖြစ်ပြီး ကိုဗက်နဲ့နေရာ ဟန်ဆီဖလစ် အစားထိုးကိုင်တွယ်ချိန်မှာပဲ အသင်းက တဖြည်းဖြည်းနဲ့ လမ်းကြောင်းမှန်ပေါ်ကို တတ်လှမ်းလာခဲ့ရင်းနဲ့ ပြည်တွင်းဆုဖလားနှစ်လုံးကို သိမ်းပိုက်ခဲ့ကာ ဥရောပမှာလည်း ချန်ပီယံလိဂ်ဖလားကိုပါ အရယူခဲ့ရင်း ဖလား(၃)လုံးချန်ပီယံ ဖြစ်သွားခဲ့ရပါတယ်။ ဖလစ်ကိုင်တွယ်ပြီးနောက်ပိုင်းမှာ ဘိုင်ယန်ရဲ့တိုးတတ်ပြောင်းလဲမှုတွေက ကြောက်ခမန်းလိလိကို ကောင်းမွန်လာခဲ့ကာ ဖလား(၃)လုံးအထိ ပိုင်ဆိုင်ခဲ့ရပေမယ့်လည်း ဘိုင်ယန်အသင်းဘက်မှာ ကံတရားရဲ့အထောက်အပ့ံကောင်းလည်း ရှိနေသေးတယ်လို့ ကလော့က မှတ်ချက်ပြုပြောဆိုလိုက်ပါတယ်။

Photo Credit : Daily Mail

ယာဂင်ကလော့က “(၈)လအတွင်းမှာပဲ အသင်းအတွက် သမိုင်းဝင်အောင်ပွဲကြီး အရယူနိုင်ဖို့ဆိုတာက အရမ်းကို ခက်ခဲလွန်းပါတယ်။ သူတို့မှာ ကံတရားထောက်ပံ့မှုကလည်း အနည်းငယ်လေးတော့ ရှိခဲ့သေးတယ်။ အသင်းအားလုံးက ကိုဗစ်ဂယက်ကြောင့် ပွဲစဉ်တွေ အကုန်လုံးရှုပ်ထွေးခဲ့ရပေမယ့် သူတို့အသင်းက ချန်ပီယံလိဂ်ပြိုင်ပွဲကို သက်တောင့်သက်သာနဲ့ ဝင်ရောက်ဆင်နွဲဖို့အတွက် ပွဲစဉ်ရေးဆွဲမှုတွေက အဆင်ပြေခဲ့တယ်လေ။ ဒီလိုအချိန်မျိုးမှာ သူတို့အသင်းကလည်း တကယ့်ကို အသင်းကောင်းတစ်သင်းဖြစ်နေပါတယ်။ နေရာတိုင်းလိုလိုမှာကို World-Class အဆင့် ကစားသမားတွေကို ပိုင်ဆိုင်ထားတယ်။ အသက်အရွှယ်အရဆိုရင်လည်း မျှတလှတဲ့ ကစားသမားတွေကို ပိုင်ဆိုင်ထားတယ်” လို့ မှတ်ချက်ပြုပြောဆိုသွားခဲ့ပါတယ်။ ကလော့ဟာ လီဗာပူးလ်ကို မကိုင်တွယ်ခဲ့စဉ်တုန်းက ဒေါ့မွန်အသင်းကို ကိုင်တွယ်စဉ် ဘိုင်ယန်မြူးနစ်အသင်းနဲ့ ပြိုင်ဘက်တွေဖြစ်ခဲ့ပြီး ဘွန်ဒစ်လီဂါမှာလည်း ဘိုင်ယန်ကို ကျော်ဖြတ်ပြီး အမှတ်ပေးဆုဖလားကို ပိုင်ဆိုင်ခဲ့သေးသလို မနှစ်က ဘောလုံးရာသီမှာလည်း ဘိုင်ယန်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ရှံးထွက်အဆင့်မှာ ဆုံတွေ့ခဲ့စဉ်တုန်းက ဘိုင်ယန်ကို ဂျာမန်မြေမှာပင် အနိုင်ယူကျော်ဖြတ်ပြီး ချန်ပီယံလိဂ်ဖလားကို ပိုင်ဆိုင်ခဲ့ပါသေးတယ်။