မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်ကစားသမား ဖရန်ကီဒီယွန်းကို နောက်ဆုံးအကြိမ်အဖြစ် ထပ်မံ ကမ်းလှမ်းသွားဖို့အတွက် စီစဉ်လျက်ရှိနေပြီး နည်းပြအဲရစ်တန်ဟက်ဂ်ကလည်း ဒီယွန်းကို အသင်းအတွက် အတော်လေးကို အလိုရှိနေတာကြောင့် ဈေးကွက်မပိတ်ခင် အရခေါ်ယူနိုင်ဖို့ တတ်နိုင်သမျှ လုပ်ဆောင်သွားဖွယ် ရှိနေတယ်လို့ Sky Sports ရဲ့ အားကစား reporter က ပြောဆိုသွားခဲ့ပါတယ်။

Frenkie De Jong has given Chelsea little if any encouragement to submit bid  - We Ain't Got No History

Photo Credit : We Ain’t Got Not Histroy

နယ်သာလန်လူမျိုး ဘောလုံးနည်းပြ တန်ဟက်ဂ် ယူနိုက်တက်အသင်းဆီ ရောက်ရှိလာကတည်းက သူရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ နယ်သာလန် ကွင်းလယ်လူ ဒီယွန်းကို နံပါတ်တစ် ပစ်မှတ်အဖြစ် သတ်မှတ်ခဲ့ပြီး ခေါ်ယူနိုင်ဖို့အတွက်လည်း အကြိမ်ကြိမ် ကြိုးပမ်းခဲ့ပါတယ်။ ဘာစီလိုနာအသင်းဘက်ကလည်း ဒီယွန်းကို ရောင်းထုတ်ဖို့ စီစဉ်မှုတွေ ရှိခဲ့တဲ့အတွက် ယူနိုက်တက်နဲ့ ဘာစီလိုနာကြားမှာ ဒီယွန်းရဲ့အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး သဘောတူညီမှု ရရှိဖို့ နီးစပ်ခဲ့ပေမယ့် ကစားသမားဘက်က သဘောမတူခဲ့လို့ အပြောင်းအရွှေ့က ပျက်ပြယ်ခဲ့ရပါတယ်။ ဒါ့အပြင် ဒီယွန်းကို ယူနိုက်တက်အပြင် ချယ်လ်ဆီး ဘိုင်ယန်တို့ကနေ စိတ်ဝင်စားမှုတွေ ရှိလာပြီးနောက်မှာ ယူနိုက်တက်နဲ့ ဒီယွန်းတို့ရဲ့ သတင်းတွေကပါ နည်းသထက်နည်းသွားခဲ့ရပါတယ်။

Frenkie de Jong: Man Utd move not over as club officials draw up last-ditch  plan to complete deal

Photo Credit : TEAMtalk

ယူနိုက်တက်က ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ဘရာဇီးလ် ကွင်းလယ်လူ ကတ်စီမီရိုကို ခေါ်ယူလိုက်ပြီးနောက်မှာ ဒီယွန်းကို ဆက်လက် မကြိုးပမ်းလောက်တော့ဘူးလို့ ယူဆခဲ့ရပေမယ့် ယူနိုက်တက်နည်းပြ တန်ဟက်ဂ်ကတော့ သူ့တပည့်ဟောင်း ဒီယွန်းနဲ့ ပြန်လည် လက်တွဲရဖို့အတွက် လက်မလျှော့နိုင်သေးပဲ နွေဈေးကွက်ရဲ့ နောက်ဆုံးအချိန်ထိ ဒီယွန်းကို ဆက်လက် ကြိုးပမ်းပေးဖို့ အသင်းဆီ တောင်းဆိုထားခဲ့ပါတယ်။ ဘာစီလိုနာအနေနဲ့ကလည်း ဒီရာသီမှာ ကစားသမားသစ်တွေကို အလျှံအပယ် ခေါ်ယူထားခဲ့တာကြောင့် အသင်းဘဏ္ဍာရေး ချိန်ခွင်လျှုာ ညီမျှနေဖို့အတွက် ကစားသမား ရောင်းချဖို့ လိုအပ်နေပြီး ကနဦးပိုင်းက အူဘာမီယန်းကို ချယ်လ်ဆီးအသင်းဆီ ရောင်းချသွားဖို့ အဆင်ပြေလုနီးပါး ဖြစ်ခဲ့ရပေမယ့် လက်ရှိမှာ ပြောင်းရွှေ့ကြေးနဲ့ ပတ်သတ်ပြီး သဘောတူညီမှု မရနိုင်တော့တဲ့အတွက် ဒီယွန်းလို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးမျိုး ရရှိနိုင်မယ့် ကစားသမားကို ရောင်းထုတ်ရဖွယ် ရှိနေပါတယ်။ နောက်ဆုံးထွက်ပေါ်နေတဲ့ သတင်းတွေအရ ဒီယွန်းရဲ့အေးဂျင့်နဲ့ ရှေ့နေ့တွေက ယူနိုက်တက်အသင်း ရုံးခွဲရှိရာ လန်ဒန်မြို့ မေဖဲလ်အရပ်ကို ရောက်ရှိနေကြပြီး ယူနိုက်တက်က နယ်သာလန် ဘယ်နောက်ခံလူ မာလာစီယာရဲ့ အပြောင်းအရွှေ့ကို ဆောင်ရွှက်ခဲ့ရာမှာလည်း မေဖဲလ်မှာသာ လုပ်ဆောင်ခဲ့တာဖြစ်လို့ ဒီအခြေအနေက စောင့်ကြည့်ချင်စရာ ဖြစ်လာရပါတယ်။ လက်ရှိမှာ ဒီယွန်းကို ယူနိုက်တက်နဲ့အပြိုင် ဘိုင်ယန်ဘက်ကပါ ခေါ်ယူသွားချင်နေပေမယ့် ဒီယွန်းအတွက် နှစ်ရာသီအငှား+အပြီးသတ်ပြောင်းရွှေ့ခွင့်နဲ့ ကမ်းလှမ်းဖို့ ရှိနိုင်တာကြောင့် ဘာစီလိုနာသာ ဒီယွန်းကို ရောင်းချမယ်ဆိုရင် ဘိုင်ယန် ကမ်းလှမ်းမှုထက် ယူနိုက်တက် ကမ်းလှမ်းမှုကိုသာ လက်ခံဖွယ် ရှိနိုင်ပါတယ်။