မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းရဲ့ အဓိကပစ်မှတ်ဖြစ်သူ ဘရာဇီးလ် တောင်ပံကစားသမား အန်တိုနီကို အရခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း(၈၀)နဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပေမယ့် အိုင်းယတ်စ်ဘက်က ထပ်မံပြီး ပယ်ချခဲ့တာကြောင့် အန်တိုနီထက် PSV တောင်ပံကစားသမားလေး ကိုဒီဂက်ပိုကိုသာ ဦးစားပေး ခေါ်ယူသွားဖွယ် ရှိနေတယ်လို့ ဗြိတိန်နာမည်ကြီး ဘောလုံးသတင်းထောက် ဒေးဗစ်အွန်စတိန်းက သုံးသပ်ဖော်ပြသွားခဲ့ပါတယ်။

Man Utd have £67.5m transfer bid for striker Antony REJECTED by Ajax and will  move for PSV's Cody Gakpo instead | The Sun

Photo Credit : The Sun

ယူနိုက်တက်အသင်းက အိုင်းယတ်စ်နည်းပြ အဲရစ်တန်ဟက်ဂ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ပြီးနောက်ပိုင်းမှာပဲ တန်ဟက်ဂ်က သူ့တပည့်ဟောင်း တော်တော်များများကို ယူနိုက်တက်အသင်းဆီ ခေါ်ဆောင်ချင်လာခဲ့ပြီး ဒီထဲမှာ အန်တိုနီလည်း အပါအဝင် ဖြစ်နေရပါတယ်။ ဒါပေမယ့် ယူနိုက်တက်ဘက်က အန်တိုနီကို ကမ်းလှမ်းမှုတွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပေမယ့် ဒီကမ်းလှမ်းချက်တွေကို အိုင်းယတ်စ်က ပယ်ချမှုတွေ လုပ်ဆောင်ခဲ့သလို မနေ့က ယူရိုသန်း(၈၀)နဲ့ ကမ်းလှမ်းခဲ့တာကိုလည်း ချက်ချင်းပဲ ပယ်ချခဲ့ပြန်တာကြောင့် အန်တိုနီထက် နောက်ထပ် talent winger တစ်ဦးဖြစ်တဲ့ ဂက်ပိုကိုသာ အာရုံစိုက်လာခဲ့ပါတယ်။

Man Utd transfer news: Gakpo to Man Utd: What PSV star has said about  possible transfer | FootballTransfers.com

Photo Credit : Football Transfer

အသက်(၂၃)နှစ်အရွယ်ရှိ နယ်သာလန်လက်ရွေးစင် တောင်ပံကစားသမား ဂက်ပိုဟာ သူရဲ့ဇာတိမြို့က ကလပ်အသင်းဖြစ်တဲ့ PSV အသင်းမှာ ကစားသမားဘဝကို စတင်ခဲ့တာဖြစ်ပြီး လျင်မြန်မှု အားကောင်းသူြုဖစ်သလို အလိမ်အခေါက်စွမ်းရည် ကောင်းမွန်ကာ ဘယ်ခြမ်းကနေ ဖြတ်ဝင်ပြီး ဂိုးပေါက်ထဲကို လှမ်းကန်သွင်းတတ်တဲ့ ကစားသမားမျိုးလည်း ဖြစ်ပါတယ်။ ညာခြေအားသန်တဲ့ ဘယ်တောင်ပံ ကစားသမား ဖြစ်တာကြောင့် မားကပ်စ်ရပ်ရှ်ဖို့ဒ် ပုံမှန်ခြေစွမ်းအောက် ရောက်ရှိနေလို့ ဘယ်တောင်ပံပိုင်းက dead ဖြစ်နေရတဲ့ ယူနိုက်တက်အတွက် ဂက်ပိုက solution တစ်ခု ဖြစ်လာနိုင်ပါတယ်။ ယူနိုက်တက်က အန်တိုနီကို အသင်းရဲ့ ဦးစားပေး ပစ်မှတ်အဖြစ်နဲ့ သတ်မှတ်ထားတာ ဖြစ်ပေမယ့်လည်း ယူရိုသန်း(၈၀)ဆိုတဲ့ ပမာဏမျိုးထက် ထပ်တိုး ကမ်းလှမ်းသွားဖို့ ဆန္ဒမရှိတာကြောင့် ဂက်ပိုကို ကမ်းလှမ်းသွားဖို့သာ ဖြစ်လာန်ိုင်ဖွယ် ရှိနေရပါတယ်။ The Telegraph ရဲ့ သတင်းဖော်ပြချက်မှာတော့ ယူနိုက်တက်အနေနဲ့ ဂက်ပိုကို ခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း(၄၀)ဝန်းကျင်လောက်သာ သုံးစွဲရဖွယ် ရှိနိုင်တာကြောင့် အန်တိုနီထက် တန်ကြေးလည်း သက်သာသလို အရည်အသွေးလည်း မြင့်မားတဲ့ ဂက်ပိုကိုသာ အသေအချာ ကြိုးပမ်းသွားဖွယ် ရှိနေပါတယ်။