ဒီနှစ်နွေဈေးကွက်အတွင်းမှာ ဒေါ့မွန်အသင်းကနေ ခေါ်ယူထားခဲ့တဲ့ နော်ဝေကြယ်ပွင့် မန်ချက်စတာစီးတီး တိုက်စစ်ကစားသမား အာလင်းဟော်လန်းဟာ လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ခံစစ်ကစားသမားတွေအားလုံးအတွက် အိမ်မက်ဆိုး ဖြစ်လာလိမ့်မယ်လို့ ချယ်လ်ဆီးနဲ့ နော်ဝေအသင်းတို့ရဲ့ ကစားသမားဟောင်းကြီး အန်ဒရေဖလိုက ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Erling Haaland will spearhead Man City's attack wearing the No9 shirt

Photo Credit : The Sun

ဆာလ်ဇ်ဘာ့ဂ်မှာရော ဒေါ့မွန်အသင်းမှာပါ သွင်းဂိုးတွေများစွာ သွင်းယူပြခဲ့ပြီး သူရဲ့တိုက်စစ်စွမ်းရည်ကောင်းတွေကို ပြသနိုင်ခဲ့တဲ့ ဟော်လန်းဟာ အခုဆိုရင်တော့ သူရဲ့ဖခင် ကစားခဲ့ဖူးတဲ့ မန်စီးတီးအသင်းဆီ ရောက်ရှိလာခဲ့ပြီဖြစ်သလို စီးတီးရဲ့ တိုက်စစ်မှာလည်း အရေးပါတဲ့ ကစားသမားအဖြစ် သေချာပေါက် သတ်မှတ်ခံရမှာလည်း ဖြစ်ပါတယ်။ အထောင်တိုက်စစ်မှူးစစ်စစ် မရှိချိန်မှာတောင် ဂိုးတွေတဒိုင်းဒိုင်း သွင်းယူနိုင်တဲ့ မန်စီးတီးအသင်းဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး အထောင်တိုက်စစ်ကစားသမားတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်သူ ဟော်လန်းလို ကစားသမားမျိုးကိုပါ ထပ်မံပိုင်ဆိုင်လိုက်တာက မန်စီးတီးတိုက်စစ်ကို အရှိန်ပိုမြှင့်လိုက်သလို ဖြစ်လာနိုင်ပါတယ်။

Chelsea hero Tore Andre Flo has praised Haaland's ability to get in front and behind defenders

Photo Credit : The Sun

အသက်(၂၁)နှစ်သာ ရှိသေးပြီး ပရော်ဖက်ရှင်နယ် ကစားခဲ့တဲ့ ကလပ်အသင်း career တစ်လျှောက် ပွဲပေါင်း (၂၀၀)အတွင်း စုစုပေါင်း (၁၅၅)အထိကို သွင်းယူထားနိုင်တဲ့ ဟော်လန်းက ပရီးမီးယားလိဂ် ခံစစ်မှူးတွေအတွက် အိမ်မက်ဆိုးတစ်ခု ဖြစ်စေလိမ့်မယ်လို့ ဟော်လန်းရဲ့ နော်ဝေစီနီယာ ကစားသမားဟောင်းကြီးက ဖလိုက ပြောဆိုသွားခဲ့ပါတယ်။ ဟော်လန်းနဲ့ ပတ်သက်ပြီး ဖလိုက “မန်စီးတီးအသင်းမှာ သူ့အတွက် ဖိအားတွေများစွာ ရှိနေလိမ့်မယ်ဆိုတာ အသေအချာပါပဲ။ ဒါပေမယ့် သူက သူ့လို အရည်အသွေးတွေနဲ့ ပြည့်နက်နေတဲ့ ကစားသမားတွေနဲ့ တွဲဖက်ကစားရမှာကိုလည်း မေ့ထားလို့ မရပါဘူး။ သူနဲ့ တွဲကစားရမယ့် အသင်းဖော်တွေရဲ့ ကစားပုံတွေနဲ့ သူရဲ့ဂိုးသွင်းယူတတ်တဲ့ ပုံစံတွေနဲ့သာ ပေါင်းစပ်လိုက်ရင်တော့ အရမ်းကောင်းမွန်လာမှာ။ စီးတီးကလည်း far post တွေဆီကို အနိမ့်ဘောတွေများစွာ ပေးပို့တတ်တာဖြစ်လို့ ဂိုးသွင်းအားကောင်းတဲ့သူသာဆိုရင် အဲ့ဒီအရာ သူ့အတွက် အိမ်မက်တစ်ခုလိုကို ဖြစ်သွားနိုင်တယ်။ ဟော်လန်းက ဒီလို ပေးပို့မှုတွေကို အများကြီး အဆုံးသတ်ပေးနိုင်လိမ့်မယ်။ ခံစစ်မှူးတွေအတွက်လည်း အိမ်မက်ဆိုးတွေ ဖြစ်လာနိုင်လိမ့်မယ်။ အနိမ့်ဘောဖြစ်ဖြစ် အမြင့်ဘောဖြစ်ဖြစ် သူ ဂရုစိုက်မှာ မဟုတ်ဘူး။ အဲ့ဒီလို ပေးပို့မှုတွေကို သူက အဆုံးသတ်လိမ့်မယ်။ အထူးသဖြင့် သွင်းဂိုးအဖြစ် ပြောင်းလဲပါလိမ့်မယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။