ဒီနှစ်ဘောလုံးရာသီအစပိုင်းလောက်ကမှ မန်ချက်စတာယူနိုက်တက်အသင်းကနေ အင်တာမီလန်အသင်းဆီကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့ ယူရို၆၅သန်းနဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ ဘယ်ဂျီယံတိုက်စစ်ကစားသမား လူကာကူဟာ ယူနိုက်တက်အသင်းကနေ မထွက်ခွာခင်မှာ အသင်းက သူ့ကို ပုံမှန်ပွဲထွက်ခွင့်တွေ မပေးခဲဲ့တာကြောင့်ရော အသင်းမှာ ဆက်ကစားဖို့ အဆင်မပြေတာအတွက်ကြောင့်ပါ အသင်းနဲ့ လမ်းခွဲဖို့ကိုအရေးကို ရွေးချယ်ခဲ့တယ်ဆိုပေမယ့်လည်း သူရဲ့အသင်းဟောင်းကတော့ လက်ရှိမှာ လမ်းကြောင်းမှန်ပေါ်ကို ရောက်ရှိလို့နေတယ်လို့ သုံးသပ်သွားခဲဲ့ပါတယ်။

Photo Credit : Transfermarket

အသက်၂၆နှစ်အရွှယ် တိုက်စစ်ကစားသမား လူကာကူက သူရဲ့အင်စတာဂရမ်ပေါ် အမေးအဖြေကိစ္စတွေကို ပြုလုပ်ခဲ့ရင်းနဲဲ့ အသင်းဟောင်းဖြစ်တဲ့ ယူနိုက်တက်အသင်းရဲ့လက်ရှိအနေအထားနဲ့ နောက်ဖြစ်လာနိုင်မယ့်အကြောင်းတွေကို သုံးသပ်သွားခဲ့ပါတယ်။ လူကာကူက “သူတို့က အခုဆိုရင် လမ်းကြောင်းမှန်ပေါ်ကို သွားနေကြတယ်လို့ပဲ ထင်မိပါတယ်။ ဒါက ဖြစ်စဉ်တစ်ခုဆိုတော့ နှေးကောင်းနှေးနိုင်မယ်။ ဒါပေမယ့် သူတို့သွားချင်တဲ့နေရာကို ရောက်နိုင်မှာပါ” လို့ မှတ်ချက်ပြုပြောဆိုခဲ့ပါတယ်။

Photo Credit : Metro

လူကာကူဟာ အဲဗာတန်ကနေ ယူနိုက်တက်အသင်းဆီကို ၂၀၁၇ခုနှစ်ကမှ ရောက်ရှိလာခဲ့တာဖြစ်ပြီးတော့ အသင်းနဲ့ ၂ရာသီဖြတ်သန်းခဲ့ပြီးနောက် အသင်းရဲ့တိုက်စစ်မှာ သွင်းဂိုးရဖို့ ရုန်းကန်လာရသလို နည်းပြဆိုးလ်ရှား ပြောင်းလဲကိုင်တွယ်လာချိန်မှာလည်း လူကာကူကနေရာပျောက်ပြီး ရပ်ဖိုဒ့်ကပဲ နေရာရလာခဲ့လို့ နောက်ဆုံးမှာတော့ အင်တာမီလန်ကို ပြောင်းရွှေ့ဖို့ကိုပဲ ရွေးချယ်လိုက်တာဖြစ်ပါတယ်။ လူကာကူဟာ သူရဲ့စီးရီးအေ ကစားသမားဘဝအစမှာ ခက်ခဲမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့်လည်း နောက်ပိုင်းမှာတော့ သွင်းဂိုးတွေဆက်တိုက် ရယူလာနိုင်ခဲ့ကာ အခုဆိုရင် အင်တာအတွက် ပြိုင်ပွဲစုံမှာ အနည်းဆုံးသွင်းဂိုး၂ဂိုးစီ ရယူထားခဲ့သလို ဒီရာသီ စီးရီးအေရဲ့ တတိယမြောက် ဂိုးအမျုားဆုံး သွင်းယူထားသူနေရာမှာ ရပ်တည်လို့နေပါတယ်။ လူကာကူဟာ သူရဲ့အသင်းဖော်ဟောင်း မားကပ်ရပ်ဖိုဒ့် ဒီရာသီမှာ ယူနိုက်တက်အတွက် အကောင်းဆုံးခြေစွမ်းပြခဲ့တဲ့အပေါ်မှာ သူမအံ့သြမိကြောင်းနဲ့ ရပ်ဖိုဒ့်က အရမ်းကြိုးစားသူဖြစ်လို့ ဒီလိုဖြစ်လာမယ်ဆိုတာကို ကြိုသိထားကြောင်း ပြောဆိုသွားခဲ့ပါတယ်။