MySport Myanmar

အူဘာရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး သဘောတူညီမှု မရသေးတဲ့ ချယ်လ်ဆီးနဲ့ ဘာစီလိုနာ

ဒီရက်ပိုင်းအတွင်းမှာ ချယ်လ်ဆီးအသင်းက ဘာစီလိုနာ တိုက်စစ်မှူး အူဘာမီယန်းကို ခေါ်ယူဖို့အတွက် သဘောတူညီမှု ရယူနိုင်ခဲ့ပြီလို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပေမယ့် အပြောင်းအရွှေ့ဂုရုကြီးဖာဘရီဇီယိုယိုရိုမာနိုရဲ့ သတင်းဖော်ပြချက်မှာတော့ အူဘာမီယန်းရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ချယ်လ်ဆီးနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ကြား ဘာသမဘောတူညီချက်မှ မရနိုင်သေးဘူးလို့ သိရပါတယ်။

Photo Credit : Twitter

ချယ်လ်ဆီးအသင်းဟာ အသင်းရဲ့ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ လူကာကူနဲ့ တီမိုဗာနာတို့ကို အင်တာမီလန် လိုက်ပ်ဇစ်အသင်းတွေဆီ ပြန်လည် စေလွှတ်ထားရတဲ့ အခြေအနေတွေအပြင် အသင်းက တိုက်စစ်မှူးတစ်ဦး မဖြစ်မနေ လိုအပ်နေတာကြောင့် မြို့ခံပြိုင်ဘက် အာဆင်နယ်ရဲ့ ကစားသမားဟောင်း အူဘာမီယန်းကို ပစ်မှတ်ထားလာခဲ့တာ ဖြစ်ပါတယ်။ ပထမက အူဘာရော ဘာစီလိုနာဘက်ကပါ အပြောင်းအရွှေ့ကို ငြင်းဆန်ထားခဲ့ပေမယ့် နောက်ပိုင်းမှသာ ခွန်ဒဲကို ကစားသမား မှတ်ပုံတင်ဖို့ လိုအပ်လာတဲ့အတွက် ဘာစီလိုနာက အူဘာကို ရောင်းထုတ်ချင်လာသလို အူဘာကိုယ်တိုင်ကလည်း ချယ်လ်ဆီးကို ပြောင်းရွှေ့ချင်လာတာကြောင့် အပြောင်းအရွှေ့ ဖြစ်လာဖို့က နီးစပ်လာခဲ့ရပါတယ်။

Photo Credit : Sky Sports

ချယ်လ်ဆီးအသင်းက အသက်(၃၃)နှစ်အရွယ် ဂါဘွန်တိုက်စစ်မှူးကြီး အူဘာမီယန်းကို ပြောင်းရွှေ့ကြေး ယူရို(၂၂)သန်းနဲ့ ကမ်းလှမ်းလာခဲ့ရာ ဒီကမ်းလှမ်းချက်ကို ဘာစီလိုနာဘက်က လက်ခံလိုက်တာကြောင့် အပြောင်းအရွှေ့ ဖြစ်ပေါ်လာတော့မယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့်လည်း ဖာဘရီဇီယိုရဲ့ဖော်ပြချက်တွေအရ အူဘာအတွက် ချယ်လ်ဆီးနဲ့ ဘာစီလိုနာတို့ကြားမှာ သဘောတူညီမှု တစ်စုံတစ်ရာ မရှိသေးဘူးလို့ သိရပါတယ်။ အူဘာမီယန်းရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး အသင်းနှစ်သင်းရဲ့ကြား ဆွေးနွေးမှုတွေ ဆက်လက် လုပ်ဆောင်နေတုန်း ရှိသေးပေမယ့်လည်း ဘာစီလ်ိုနာဘက်က သူတို့ကစားသမားအတွက် ပြောင်းရွှေ့ကြေးကို ယူရိုသန်း(၃၀) သတ်မှတ်ထားတာက အပြောင်းအရွှေ့ ဖြစ်လာဖို့ အဟန့်အတား တစ်ခုလို့ ဖြစ်နေရပါတယ်။ ချယ်လ်ဆီးဘက်ကလည်း ဘာစီလိုနာအသင်း အလိုရှိနေတဲ့ တန်ကြေးမျ်ိုးအထိ တိုးမြှင့် ကမ်းလှမ်းသွားဖို့ ဆန္ဒမရှိတာကြောင့် ဆွေးနွေးမှုတွေ ဆက်လက် ပြုလုပ်နေရဆဲဖြစ်ပြီး အူဘာကိုယ်တိုင်ကတော့ သူရဲ့နည်းပြဟောင်း တူဟယ်လ်နဲ့ ပြန်လည် လက်တွဲသွားဖို့ ဆန္ဒရှိနေတာမို့ personal agreed အတွက် စိုးရိမ်စရာ မရှိသလောက် ဖြစ်နေရပါတယ်။ လက်ရှိမှာကလည်း အပြောင်းအရွှေ့ ဈေးကွက်ပိတ်ဖို့ တစ်ပတ်လောက်သာ ကျန်ရှိတော့တာဖြစ်လို့ ချယ်လ်ဆီးအနေနဲ့ တိုက်စစ်ပိုင်းအတွက် မဖြစ်မနေ ဖြည့်တင်းမှု လုပ်ဆောင်ဖို့ လိုအပ်နေပြီး အသင်းဘက်ကတော့ အူဘာအပြင် အဲဗာတန် တောင်ပံကစားသမား အန်တိုနီဂေါ်ဒွန်ကိုပါ ခေါ်ယူနိုင်ဖို့ ပေါင်သန်း(၆၀)နဲ့ပါ ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။

Exit mobile version