လတ်တလောမှာ လိဒ်စ်ယူနိုက်တက်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်နေရတဲ့ ဝါရင့် ပရီးမီးယားလိဂ် ကစားသမားကြီး ဟွမ်မာတာ ဝက်ဖို့ဒ် တောင်ပံတိုက်စစ်ကစားသမား အစ္စမိုင်လာဆားတို့ဟာ လိဒ်စ်အသင်းနဲ့ ဆွေးနွေးမှုတွေ လုံးဝ ရှိမနေဘူးလို့ ဘောလုံးအပြောင်းအရွှေ့ စပယ်ရှယ်လစ် ဖာဘရီဇီယိုရိုမာနိုက ဖော်ပြသွားခဲ့ပါတယ်။

Ismaila Sarr: Watford winger out for at least a month with knee ligament  injury | Football News | Sky Sports

Photo Credit : Sky Sports

လိဒ်စ်အသင်းဟာ အခု နွေဈေးကွက်အတွင်းမှာ ကစားသမား ခေါ်ယူမှုတွေ များစွာလုပ်ဆောင်ထားတဲ့ ကလပ်အသင်း တစ်သင်းဖြစ်ပြီး လက်ရှိအချိန်ထိလည်း ကစားသမားတချို့နဲ့ပါ အပြောင်းအရွှေ့ ကောလဟာလတွေ ထွက်ပေါ်နေတဲ့ အသင်းလည်း ဖြစ်နေပါတယ်။ လိဒ်စ်နဲ့ သတင်းထွက်နေတဲ့ ကစားသမားထဲမှာတော့ မန်ချက်စတာယူနိုက်တက် ချယ်လ်ဆီးတို့ရဲ့ ကစားသမားဟောင်းကြီး မာတာအပြင် လတ်တလောမှာ မန်ယူနိုက်တက်နဲ့ သတင်းပြန်ထွက်လာခဲ့တဲ့ အစ္စမိုင်လာဆားတို့ ပါဝင်နေပြီး ဆီနီဂေါလက်ရွေးစင် ဆားဆိုရင် လိဒ်စ်ကို ပြောင်းရွှေ့ဖို့ နီးစပ်နေပြီလို့ပါ ကောလဟာလတွေ ထွက်ပေါ်နေခဲ့ပါတယ်။

Man Utd turn transfer attention to Ismaila Sarr with Watford winger  targeted after scoring wondergoal at West Brom

Photo Credit : The Sun

ဒါပေမယ့် အပြောင်းအရွှေ့သတင်းတွေကို ဦးစားပေး တင်ဆက်သူဖြစ်တဲ့ ဖာဘရီဇီယိုရဲ့ သတင်းဖော်ပြချက်ထဲမှာတော့ ဝက်ဖို့ဒ်တောင်ပံကစားသမား ဆားကို ယူနိုက်တက် လိဒ်စ်တို့ အပါအဝင် ကလပ်အသင်းများစွာက စိတ်ဝင်စားနေကြပေမယ့် လိဒ်စ်အသင်းဆီကနေ ဆားအတွက် ကမ်းလှမ်းမှုတွေတော့ မရှိသေးဘူးလို့ သိရပါတယ်။ ပရီးမီးယားလိဂ်မှာ ကျင်လည်ခဲ့ဖူးတဲ့ ဆားကို လိဒ်စ်နဲ့အပြိုင် မန်ယူနိုက်တက်အသင်းကလည်း အလိုရှိနေပြီး တနင်္လာနေ့ကလည်း ဝက်ဖို့ဒ်နဲ့ ဝက်စ်ဘရွန်းတို့ရဲ့့ ချန်ပီယံရှစ်ပွဲကို ယူနိုက်တက်ရဲ့ နည်းစနစ်ဒါရိုက်တာ ဖလက်ချာက သွားရောက်ကြည့်ရှုခဲ့ပြီး ဒီပွဲမှာ ဝက်ဖို့ဒ်အတွက် တစ်လုံးတည်းသော သွင်းဂိုးကို ရယူပေးခဲ့တဲ့ ဆားရဲ့ ခြေစွမ်းတွေကို လေ့လာခဲ့ပါတယ်။ လိဒ်စ်အသင်းဟာ ဆားတစ်ဦးတည်းနဲ့ သတင်းထွက်နေတာ မဟုတ်ပဲ လက်ရှိမှာ အသင်းလက်မဲ့ ကစားသမား ဖြစ်နေရသူ ဟွမ်မာတာနဲ့လည်း အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် မာတာနဲ့ လိဒ်စ်အသင်းတို့ကြားမှာလည်း ဘာဆွေးနွေးမှုမှကို ရှိမနေပဲ မာတာကိုယ်တိုင်ကပါ ပရီးမီးယားလိဂ် စပိန်မြေကိုပြန်ကာ လာလီဂါ အသင်းတစ်သင်းမှာသာ ပါဝင်ကစားချင်နေပါတယ်။ လိဒ်စ်အသင်းက ဈေးကွက်ထဲမှာ ရာဖင်ညာနဲ့ ကယ်လ်ဗင်ဖီးလစ်တို့လို အဓိက ကစားသမားတွေကို ဆုံးရှုံးခဲ့ရပေမယ့်လည်း အသင်းအတွက် ကစားသမား ခေါ်ယူမှု (၇)ဦးအထိ လုပ်ဆောင်ထားသလို အသုံးစရိတ် စုစုပေါင်း ယူရို(၁၀၅.၆၄)သန်း ရှိနေရပါတယ်။