MySport Myanmar

သူရဲ့ လက်ရွေးစင် အသင်းဖော်(၃)ဦးက မန်ယူကို မပြောင်းသင့်ဘူးလို့ ဖာဘင်ဟို ကျီစယ်

လီဗာပူးလ်အသင်းနဲ့ ဘရာဇီးလ်လက်ရွေးစင်အသင်းတို့ရဲ့ ကွင်းလယ်ကစား ဖာဘင်ဟိုက သူရဲ့ လက်ရွေးစင်အသင်းဖော်တွေဖြစ်တဲ့ ကက်စမဲရိုး အန်တိုနီနဲ့ ဖရက်ဒ်တို့ (၃)ဦးစလုံးဟာ မန်ချက်စတာယူနိုက်တက်အသင်းကို မပြောင်းရွှေ့ခဲ့သင့်ဘူးလို့ နောက်ပြောင် ပြောကြားသွားခဲ့ပါတယ်။

Photo Credit : Daily Mail

တစ်ချိန်က ယူနိုက်တက်အသင်းရဲ့ ပစ်မှတ် ကစားသမားတစ်ဦး ဖြစ်ခဲ့ဖူးသူ ကွင်းလယ်လူ ဖာဘင်ဟိုဟာ သူနဲ့အတူ ၂၀၂၂ကတာကမ္ဘာ့ဖလားပြိုင်ပွဲကို ဆင်နွဲသွားမယ့် လက်ရွေးစင်အသင်းဖော် (၃)ဦးဖြစ်တဲ့ ကက်စမဲရိုး အန်တိုနီနဲ့ ဖရက်ဒ်တို့ဟာ ယူနိုက်တက်အသင်းဆီကို လုံးဝ မပြောင်းရွှေ့ခဲ့သင့်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၈ခုနှစ်က ယူနိုက်တက်အသင်းဟာ ရှက်တာဒိုးနက်ကနေ ဘရာဇီးလ် ကွင်းလယ်လူ ဖရက်ဒ်ကို ခေါ်ယူခဲ့သလို ဒီနှစ်နွေမှာလည်း နောက်ထပ် ဘရာဇီးလ် ကစားသမားတွေဖြစ်တဲ့ ကွင်းလယ်ကစားသမား ကက်စမဲရိုးနဲ့ တောင်ပံကစားသမား အန်တိုနီတို့ကို ထပ်မံ ခေါ်ယူဖြစ်ခဲ့ပါတယ်။

Photo Credit : Daily Mail

“ကျွန်တော် ရီးယဲလ်မက်ဒရစ်ကနေ ထွက်သွားချိန်ကတည်းက ကက်စမဲရိုးမှာ အောင်မြင်မှုတွေ ရနိုင်တဲ့ အခွင့်အရေးမျိုး ရှိနေတယ်ဆိုတာကို ကျွန်တော် သတိထားမိတယ်။ ကျွန်တော် သူ့ဆီကိုလည်း ဂုဏ်ပြုတဲ့ စကားတွေ အမြဲတမ်း ပို့လေ့ရှိတယ်။ နေရာအတွက် အပြိုင်အဆိုင် ဘယ်လိုပဲ ဖြစ်ပါစေ ကျွန်တော်တို့က အရမ်း အဆင်ပြေတယ်။ သူက ပရီးမီးယားလိဂ်မှာ ကစားချင်တယ်လို့လည်း မှတ်ချက်ပေးထားပြီးသားပါ။ ဝမ်းနည်းစရာကောင်းတာကတော့ သူက အင်္ဂလန်ကို ရောက်လာခဲ့ပေမယ့် နေရာမှားသွားခဲ့တယ်။ သူက မန်ချက်စတာယူနိုက်တက်ကို ဒီလောက် တိုးတတ်လာအောင် မလုပ်နိုင်ဖို့ မျှော်လင့်ပါတယ်။ သူရယ် ဖရက်ဒ်ရယ် အန်တိုနီရယ်နဲ့ တခြား ဘရာဇီးလ် ဘောလုံးသမားတွေ တော်တော်များများက နေရာမှားတွေကိုပဲ ရောက်နေကြရတယ်” လို့ အရွှန်းဖောက် ပြောဆိုသွားခဲ့ပါတယ်။ လက်ရှိမှာ ဖာဘင်ဟို ပြောဆိုခဲ့တဲ့ သူ့အသင်းဖော်တွေအနက် ဖရက်ဒ်ကတော့ ယူနိုက်တက်မှာ ဆက်လက် ရှိနေဖို့ မသေချာတော့သလို သူရဲ့ လက်ရှိစာချုပ်ဟာလည်း လာမယ့် ၂၀၂၃ခုနှစ် ဇူလိုင်လမှာပဲ ကုန်ဆုံးရတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီရာသီမှ ယူနိုက်တက်ကို ရောက်ရှိလာတဲ့ အန်တိုနီနဲ့ ကက်စမဲရိုးတို့ကတော့ အသင်းအတွက် အဓိက ကစားသမားတွေအဖြစ် ဆက်လက် ရှိနေဦးမှာဖြစ်သလို နှစ်ဦးလုံးဟာလည်း ယူနိုက်တက်အတွက် အမြဲတမ်း ပါဝင်ကစားပေးခွင့်ရမယ့် ကစားသမားတွေပါ ဖြစ်နိုင်ဖွယ် ရှိနေပါတယ်။

Exit mobile version