မကြာခင်မှာပဲ နိုင်ငံတကာဘောလုံးပွဲတွေကို ပြန်လည်ဆင်နွဲသွားရတော့မယ့် အင်္ဂလန်လက်ရွေးစင်အသင်းဟာ UEFA Nations League ပြိုင်ပွဲအတွက် ကစားသမားရွေးချယ်မှုတွေကို ပြုလုပ်လာခဲ့ရာ လတ်တလောမှာ ခိုက်ရန်ဖြစ်ပွားထားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့အသင်းခေါင်းဆောင် နောက်ခံကစားသမား ဟယ်ရီမက်ဂွိုင်းယားကို ရွေးချယ်လာခဲ့သလို လူငယ်ကစားသမားလေးတွေဖြစ်တဲ့ ဖေးလ်ဖိုဒန်နဲ့ မေဆန်ဂရင်းဝုဒ်တို့အပြင် လိဒ်စ်ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ်ကို တန်းတတ်လာခဲ့တဲ့ ကယ်ဗင်ဖီလစ်တို့ကို ပထမဆုံးအကြိမ်အဖြစ်နဲ့ ရွေးချယ်သွားခဲ့ပါတယ်။

Photo Credit : Daily Mail

အင်္ဂလန်လက်ရွေးစင်အသင်းဟာ လာမယ့်စက်တက်ဘာလအတွင်းမှာပဲ UEFA Nations League ပွဲစဉ်အဖြစ် အိုက်စလန် ဒိန်းမတ်အသင်းတို့နဲ့ ရင်ဆိုင်ကစားရမှာဖြစ်ပြီး အဲ့ဒီပွဲစဉ်တွေအတွက် ကစားသမားရွေးချယ်မှုကို နည်းပြဆောက်ဂိတ်ကနေ ရွေးချယ်လာခဲ့ရာ မန်ချက်စတာအသင်းနှစ်သင်းမှာ ခြေစွမ်းကောင်းတွေ ပြသလို့ထားတဲ့ ဆယ်ကျော်သက်အရွှယ် လူငယ်ကစားသမားလေးတွေဖြစ်တဲ့ တိုက်စစ်မှူးဂရင်းဝုဒ်နဲ့ ကွင်းလယ်တိုက်စစ်ကစားသမားဖိုဒန်တို့ကို လက်ရွေးစင်အသင်းမှာ ပထမဆုံးအကြိမ်အဖြစ်နဲ့ ရွေးချယ်ခဲ့သလို ဂရိမှာ ခိုက်ရန်ဖြစ်ပွားခဲ့လို့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ မက်ဂွိုင်းယားကိုလည်း လူစာရင်းမှာ ထည့်သွင်းလာခဲ့ပါတယ်။

Photo Credit : Daily Mail

အင်္ဂလန်အသင်းရဲ့လူစာရင်း

ဂိုး – ပစ်ဖိုဒ့် ၊ နစ်ပုဒ် ၊ ဒင်းဟန်ဒါဆန်

နောက်တန်း – အာနိုး ၊ ဝေါ်ကာ ၊ မက်ဂွိုင်းယား ၊ မိုက်ကယ်ကိန်း ၊ ဂိုးမက်ဇ် ၊ ထရစ်ပီယာ ၊ တိုင်ရုန်းမန်းစ် ၊ အဲရစ်ဒိုင်ယာ

အလယ် – ဒီကလန်ရိုက်စ် ၊ ကယ်ဗင်ဖီးလစ် ၊ ဟယ်ရီဝင့်စ် ၊ ဝက်စ်ပရောက်စ် ၊ ဖိုဒန် ၊ မေဆန်မောင့်

ရှေ့တန်း – အေဘရာဟမ် ၊ ဆန်ချို ၊ ဂရင်းဝုဒ် ၊ ရပ်ဖိုဒ့် ၊ စတာလင် ၊ ဟယ်ရီကိန်း ၊ ဒန်နီအင့်စ်

စက်တင်ဘာလ (၅)ရက်နေ့ – အင်္ဂလန် နဲ့ အိုက်စလန်

စက်တင်ဘာလ(၉)ရက်နေ့ –  အင်္ဂလန် နဲ့ ဒိန်းမတ်