Forbes Magazine ကြီးရဲ့ ထုတ်ပြန်ချက်အရ ပီအက်စ်ဂျီအသင်း တိုက်စစ်ကစားသမား လီယွန်နယ်မက်ဆီဟာ သူရဲ့မဟာပြိုင်ဘက် ခရစ္စတီယာနိုရော်နယ်လ်ဒိုအပြင် NBA ဘတ်စကတ်ဘောနယ်ပယ်ရဲ့ အကျော်အမော် ကစားသမားကြီးဖြစ်တဲ့ လီဘရွန်ဂျိမ်းစ်ကိုပါ ကျော်ဖြတ်ပြီး ၂၀၂၂ခုနှစ်ရဲ့ ကမ္ဘာ့ဝင်ငွေအကောင်းဆုံး အားကစားသမားတစ်ဦး ဖြစ်လာခဲ့ရပါတယ်။

Photo Credit : Daily Star

Forbes ကနေ ၂၀၂၂ခုနှစ်ရဲ့ ဝင်ငွေအကောင်းဆုံး အားကစားသမား(၁၀)ယောက်စာရင်းကို ထုတ်ပြန်လာခဲ့ရာ ဘောလုံးလောကရဲ့ GOAT နှစ်ဦးက Top 3 list ထဲထိကို ပါဝင်လို့နေပြီး မန်ချက်စတာယူနိုက်တက်ရဲ့ ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်လ်ဒိုက အမေရိကန်ဒေါ်လာ (၁၁၅)သန်းနဲ့ တတိယနေရာမှာ ရှိနေသလို ပီအက်စ်ဂျီရဲ့ အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီက ကန်ဒေါ်လာ သန်း(၁၃၀)နဲ့ နံပါတ်တစ်နေရာမှာ ရပ်တည်နေပါတယ်။ သူတို့နှစ်ဦးရဲ့ကြား ဒုတိယနေရာမှာတော့ ဘတ်စကတ်ဘော အကျော်အမော် ကစားသမားကြီး လီဘရွန်ဂျိမ်းစ်က အမေရိကန်ဒေါ်လာ (၁၂၁)သန်းနဲ့ တည်ရှိလို့နေပါတယ်။

FORBES: #Messi Top Athlete Ahead Of #Ronaldo And LeBron James

Photo Credit : The Genius Media

အသက်(၃၄)နှစ်အရွှယ်ရှိ အာဂျင်တီးနား ထိပ်တန်းကစားသမားကြီး မက်ဆီဟာ ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် နွေစျေးကွက်အတွင်းမှာပဲ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့တဲ့ ဘာစီလိုနာအသင်းကနေ ပီအက်စ်ဂျီအသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး နယ်မြေသစ်မှာ ရုန်းကန်ခဲ့ရသလို အသင်းနဲ့ လီဂူးချန်ပီယံဆုကို ဆွတ်ခူးခဲ့ရပေမယ့်လည်း အသင်းအတွက် လီဂူးသွင်းဂိုး (၄)ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ လီဂူးပွဲဦးထွက်ရာသီမှာ ရုန်းကန်ခဲ့ရတဲ့ မက်ဆီဟာ ပီအက်စ်ဂျီအသင်းမှာတော့ လုပ်ခလစာ အမြောက်အများ ရရှိနေသလို Adidas Budweiser နဲ့ PespiCo တို့နဲ့ စုဖွဲ့ထားတဲ့ Socios နဲ့ပါ တစ်နှစ်ကို အမေရိကန်ဒေါ်လာ သန်း(၂၀)ထိ ရရှိနေမယ့် စပွန်ဆာစာချုပ်တစ်ရပ်ကိုလည်း နှစ်ရှည်ချုပ်ဆိုထားခဲ့ပါတယ်။ ဒါ့အပြင် မက်ဆီဟာ Hard Rock International ရဲ့ ပထမဦးဆုံး အားကစားသမား brand ambassador ပါ ဖြစ်လာခဲ့ရတာကြောင့် သူရဲ့ ကွင်းပြင်ပ ဝင်ငွေတွေဟာ တဟုန်ထိုးကို မြင့်မားလာခဲ့ရပါတယ်။ မက်ဆီရဲ့ ပီအက်စ်ဂျီအသင်းဖော် နေမာဟာလည်း Forbes ရဲ့ list of highest-paid athletes စာရင်းမှာ အမေရိကန်ဒေါ်လာ သန်း(၇၀)နဲ့ စတုတ္ထနေရာမှာ ရပ်တည်နေပြီး top 10 list ထဲမှာတော့ ဘောလုံးနယ်ပယ်ဘက်က မက်ဆီ ရော်နယ်လ်ဒိုနဲ့ နေမာတို့ (၃)ဦးသာ ပါဝင်ခဲ့ရပါတယ်။