ရီးယဲလ်မက်ဒရစ်အသင်းက ဒီနွေမှာ ကစားသမားသစ် (၄)ဦးထိ ခေါ်ယူအပြီးမှာပဲ သူတို့ရဲ့ နွေရာသီ ကစားသမား ခေါ်ယူမှုက ပြီးဆုံးသွားခဲ့ပြီလို့ အသင်း ပရိသတ်တွေကို အသိပေးသွားခဲ့ပေမယ့် ရီးယဲလ် အလိုချင်ဆုံး ကစားသမားတစ်ဦးဖြစ်တဲ့ ကီလီယန်အမ်ဘာပေ နဲ့ ရီးယဲလ်အသင်းတို့ရဲ့ အပြောင်းအရွှေ့ဟာလည်း ဒီနွေမှာပဲ ဖြစ်ပေါ်လာနိုင်သေးတယ်လို့ စပိန်မီဒီယာများစွာမှာ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : CNN

ရီးယဲလ်အသင်းက ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် နွေဈေးကွက် မတိုင်ခင်ကတည်းက ဘာပေကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးသလို ဘာပေကိုယ်တိုင်လည်း ရီးယဲလ်ကို ပြောင်းရွှေ့ဖို့ စီစဉ်ခဲ့ပြီးမှ ပီအက်စ်ဂျီနဲ့ ၂၀၂၄ ဇွန်+တစ်နှစ်ထပ်တိုးခွင့်တို့နဲ့ စာချုပ်သစ်သာ ချုပ်ဆိုဖြစ်သွားခဲ့ပါတယ်။ ဒါပေမယ့်လည်း လက်ရှိမှာတော့ ဘာပေက သူနဲ့ ပီအက်စ်ဂျီတို့ကြားက ၂၀၂၅ခုနှစ်အထိ သက်တမ်းရှိနိုင်မယ့် တစ်နှစ် ထပ်တိုးခွင့်ကို လုပ်ဆောင်တော့မှာ မဟုတ်ကြောင်း အသင်းထံ အသိပေးထားခဲ့ရာကနေ ဘာပေရဲ့ အနာဂတ် အခြေအနေတွေက ပြန်လည် လှုပ်ခတ်လာခဲ့ရပါတယ်။

Mbappé's Split With P.S.G. Widens Into a War of Words - The New York Times

Photo Credit : The New York Times

တကယ်လို့ ဘာပေက သူအသိပေးထားသလိုသာ စာချုပ်သက်တမ်း မတိုးတော့ဘူးဆိုရင် ၂၀၂၄မှာပဲ ပီအက်စ်ဂျီက ဘာပေကို အလွတ်နဲ့ လက်လွတ်ရပါလိမ့်မယ်။ ဒါကြောင့်လည်း လက်ရှိမှာ ပီအက်စ်ဂျီရဲ့ တာဝန်ရှိသူများက ဘာပေကို သက်တမ်းတိုးဖို့ အပြင်းအထန် ကြိုးပမ်းလို့နေပြီး တကယ်လို့ ဒီကြိုးပမ်းမှုကို ဘာပေဘက်က လက်မခံခဲ့ရင်တော့ ဘာပေကို အလွတ် ဆုံးရှုံးခံဖွယ် မရှိပဲ ဒီနွေမှာပဲ ရောင်းထုတ်သွားဖို့သာ ရှိနေပါတယ်။

Photo Credit : The Real Champ

ဒီအကြောင်းအရာတွေနဲ့ ဆက်စပ်ပြီး ထွက်ပေါ်လာခဲ့တဲ့ သတင်းတွေမှာတော့ ပီအက်စ်ဂျီရဲ့ အသင်းပိုင်ရှင်တွေနဲ့ ရီးယဲလ် ဥက္ကဌ ဖလော်ရန်တီနိုပီရက်ဇ်တို့ကြား ဆွေးနွေးမှုတွေ ရှိနေပြီး ပီအက်စ်ဂျီက သူတို့ကစားသမားအတွက် ပြောင်းရွှေ့ကြေးကို ယူရို သန်း(၂၀၀) အပိုဆုကြေး အပါအအဝင်ဆိုရင် ယူရို သန်း(၂၅၀)အထိ တောင်းဆိုထားကာ ရီးယဲလ်ဘက်ကတော့ ဒီလောက် amount မျိုးနဲ့ ကမ်းလှမ်းသွားဖို့ ဆန္ဒမရှိပဲ ဖြစ်နေပါတယ်။ ဒါပေမယ့် မက်ဒရစ်က လူတော်တော်များများကတော့ ဒီနွေမှာပဲ သူတို့အသင်းဆီကို ဘာပေ ရောက်လာနိုင်လိမ့်မယ်လို့ ယုံကြည်နေကြပါတယ်။