ပရီးမီးယားလိဂ်ပြိုင်ပွဲ နောက်ဆုံး(၃)ပွဲဆက်တိုက် နိုင်ပွဲလုံးဝ ပျောက်ဆုံးထားခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ အခုလို ရလဒ်တွေ ဆက်တိုက်ဆိုးရွှားလျက် ရှိနေပေမယ့်လည်း ယူနိုက်တက်ပရိသတ်တွေ ဖြစ်စေချင်နေကြသလို အသင်းရဲ့နည်းပြ အိုလေဂန်နာဆိုးလ်ရှားကိုတော့ ယူနိုက်တက်ဘက်နေ ချက်ချင်းထုတ်ပယ်သွားဦးမှာမဟုတ်ပဲ ဆိုးလ်ရှားအပေါ်မှာ ယူနိုက်တက် ဘုတ်အဖွဲ့ဝင်တွေက ယုံကြည်ချက် ဆက်လက်ထားရှိနေမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။

Photo Credit : Sportkeeda

ဒီလို အခြေအနေတွေနဲ့ပတ်သက်ပြီး နာမည်ကျော် အီတလီလူမျိုး ဘောလုံးသတင်းထောက်ဖြစ်သူ ဖာဘရီဇီယိုရိုမာနိုကတော့ ယူနိုက်တက် ကလပ်အသင်းရဲ့ အနေအထားက သူလွန်ခဲ့တဲ့ ရက်သတ္တပတ်တွေကနေ ပြောဆိုခဲ့သလိုသာ ဖြစ်နေရသေးပြီး ဆိုးလ်ရှားကိုလည်း အခုချိန်ထိ ထောက်ခံနေကြတယ်လို့ ဖော်ပြထားပါတယ်။ ယူနိုက်တက်နဲ့ ဆိုးလ်ရှားတို့အပေါ် ဖာဘရီဇီယိုက “အခုလောလောဆယ်မှာတော့ ယူနို်က်တက်အသင်းအနေနဲ့ အခြားနည်းပြတွေနဲ့ စကားပြောဆိုနေတာမျိုး ရှိမနေသေးဘူး။ သူတို့က ဆိုးလ်ရှားနဲ့ပဲ ဆက်သွားချင်နေသလို ဆိုးလ်ရှားကိုလည်း အချိန်ဆက်လက် ပေးချင်နေသေးတယ်”

Photo Credit : Sportkeeda

“ဒါပေမယ့် အသင်းရဲ့ နည်းစနစ်ပိုင်းကိုတော့ ဒီထက်မက တိုးတတ်လာစေချင်နေပြီး အခုလက်ရှိ အခြေအနေက သူတို့လိုချင်နေတဲ့ အနေအထားမျိုး မဟုတ်လို့ ပိုတိုးတတ်လာစေချင်နေပါတယ်။ ယူနိုက်တက်အသင်းရဲ့ ဘုတ်အဖွဲ့ဝင်တွေက လက်စတာအသင်းနဲ့ ပွဲစဉ်ကလို အသင်းရဲ့ ညံဖျင်းတဲ့ စွမ်းဆောင်ရည်မျိုးအတွက် အတော်လေးကို စိတ်ပျက်နေရတယ်။ လက်ရှိမှာတော့ ယူနိုက်တက်အတွက် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အုပ်စုအဆင့်ကနေ နောက်တစ်ဆင့်တတ်နိုင်ရေးအတွက် အတ္တလန်တာအသင်းနဲ့ ရင်ဆိုင်ရမယ့် အိမ်ကွင်းအဝေးကွင်း (၂)ပွဲလုံးမှာ ရလဒ်ကောင်းတွေ ပြန်လည်ရယူနိုင်ဖို့ကို မျှော်လင့်ထားကြပါတယ်။ ဒါပေမယ့် သူတို့အနေနဲ့ကတော့ ဆိုးလ်ရှားကိုပဲ အသင်းနည်းပြအဖြစ် ဆက်လက်ထားရှိချင်တဲ့အပြင် ဒီအခြေအနေတွေကိုလည်း ဆိုးလ်ရှားကိုယ်တိုင် ပြောင်းလဲပေးတာမျိုးကို ဖြစ်စေချင်နေတယ်။ ဒါပေမယ့်လည်း အခြေအနေတွေက ထင်ထားတာထက် ပိုဆိုးရွှားလာခဲ့မယ် ယူနိုက်တက်အနေနဲ့ကလည်း အသင်းကြီးပုံစံ မရောက်လာနိုင်ဘူးဆိုရင်တော့ အခြေအနေတွေက ပြောင်းလဲလာနိုင်ပါတယ်” လို့ သုံးသပ်ပြောဆိုလို့ထားပါတယ်။