Dailymail သတင်းမှာ ဖော်ပြထားတာကတော့ လက်ရှိရာသီ ပရီးမီးယားလိဂ် ပြိင်ပွဲကို ပြီးဆုံးဖို့ စီစဉ်နေတာကြောင့် ပရီးမီးယားလိဂ် ပြိုင်ပွဲကို လာမယ့် ဇွန်လ (၁) ရက်နေ့မှာ ပြန်စတင်နိုင်ပြီး ပရီးမီးယားလိဂ် ပွဲစဉ် အားလုံးကို (၆) ပတ်အတွင်း ပြီးအောင် ကစားဖို့ စီစဉ်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ လက်ရှိရာသီ အင်္ဂလန် ပရီးမီးယားလိဂ် ပြိုင်ပွဲဟာ အင်္ဂလန်နိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ် ရောဂါ ကူးစက်မှု မြန်ဆန်စွာ မြင့်တတ်လာတာကြောင့် လာမယ့် ဧပြီလ (၃၀) ရက်နေ့အထိ ရပ်နားခဲ့ရပါတယ်။

Photo Credit: Dailymail

ပရီးမီးယားလိဂ် ပြိုင်ပွဲဟာ ဇွန်လမှာ ပြန်စပြီး ပရီးမီးယားလိဂ် ပွဲစဉ်တွေ အားလုံးကို (၆) ပတ် အတွင်းမှာ ပြီးအောင် ကစားနိုင်မယ် ဆိုရင် ပရီးမီးယားလိဂ် ရာသီသစ်ကို ပြန်စတင်မှာ ဖြစ်ပြီး လက်ရှိရာသီ ပရီးမီးယားလိဂ် အပြီး (၁) လအကြာမှာ ရာသီသစ်ကို ပြန်စတင်မှာ ဖြစ်ပါတယ်။ The Telegraph သတင်းက ဇွန်လ (၁) ရက်နေ့မှာ ပရီးမီးယားလိဂ် ပြိုင်ပွဲကို ပြန်စမယ် ဆိုတာ ဖြစ်နိုင်ဖို့ နည်းပေမဲ့ ဘောလုံးအဖွဲ့ချုပ် (FA) က ရာသီ ပြီးဆုံးချင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။

Photo Credit: Dailymail

ဥရောပ ဘောလုံး အဖွဲ့ချုပ် (UEFA) ဟာ ယခုနှစ်မှာ ကျင်းပသွားရမယ့် (၂၀၂၀) ယူရို ပြိုင်ပွဲကို တစ်နှစ် နောက်ဆုတ်လိုက်ပြီ ဖြစ်တာကြောင့် ပရီးမီးယားလိဂ် နဲ့ ဘောလုံး လိဂ်တွေက ဇွန်လ (၁) ရက်နေ့ကို လိဂ် ပြိုင်ပွဲ ပြန်စတင်ဖို့ အကောင်းဆုံး ဖြစ်မယ်လို့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ Dailymail သတင်းက ပွဲစဉ်တွေ အားလုံးကို ကွင်းပိတ် ကစားမှာ ဖြစ်တယ်လို့ ဖော်ပြသွားခဲ့ပြီး ပရီးမီးယားလိဂ် ပြိုင်ပွဲကိုသာမက အက်ဖ်အေ ပြိုင်ပွဲကိုလည်း ပြီးဆုံးအောင် ကစားသွားဖွယ် ရှိနေပါတယ်။ ပရီးမီးယားလိဂ် ပြိုင်ပွဲကို ပြီးဆုံးအောင် ကစားသွားမယ် ဆိုရင် လီဗာပူးလ်အသင်းအနေနဲ့ နှစ် (၃၀) ကြာ မရခဲ့ဖူးတဲ့ ပရီးမီးယားလိဂ် ဆုဖလားကို ပထမဆုံး အကြိမ် ရရှိသွားမှာ ဖြစ်ပါတယ်။