ပရီးမီးယားလိဂ် ပြိုင်ပွဲက အသင်း (၂၀) ဟာ ယခုအပတ် ဗုဒ္စဟူးနေ့ နေ့လည်ပိုင်းက ကျင်းပခဲ့တဲ့ အစည်းအဝေးမှာ အားလုံး ပါဝင်ခဲ့ကြပြီး ပရီးမီးယားလိဂ် ပြိုင်ပွဲကို နောက်လာမယ့် ဇွန်လ (၁၇) ရက်နေ့ ပြန်လည် စတင်မှာ ဖြစ်ပါတယ်လို့ အခိုင်အမာ ဆုံးဖြတ်သွားလိုက်ကြတာပဲ ဖြစ်ပါတယ်။ The Telegraph သတင်းက ပရီးမီးယားလိဂ် ပြိုင်ပွဲကို လာမယ့် ဇွန်လ အလယ်၊ (၁၇) ရက်မှာ ပြန်လည် စတင်မှာ ဖြစ်တယ်လို့ ဖော်ပြသွားခဲ့ပြီး ပရီးမီးယားလိဂ် ပြိုင်ပွဲ ပြန်လည် စတင်ရမယ့် ဇွန်လ (၁၇) ရက်နေ့မှာ ပရီးမီးယားလိဂ် ပွဲစဉ် (၂) ပွဲကို ကစားမှာ ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

Photo Credit: Dailymail

နောက်လ ဇွန်လ (၁၇) ရက်နေ့ ပရီးမီးယားလိဂ် ပြိုင်ပွဲ ပြန်စတဲ့ အချိန်မှာ မန်စီးတီးအသင်းက အာဆင်နယ်အသင်းကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရမှာ ဖြစ်ပြီး နောက်ထပ် ကစားမယ့် ပွဲစဉ်မှာ အက်စတွန်ဗီလာအသင်းက ရှက်ဖီးလ်ယူနိုက်တက်အသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာပါ။ ဇွန်လ (၁၇) ရက်နေ့ ကစားမယ့် အာဆင်နယ်အသင်း နဲ့ မန်စီးတီးအသင်း ပွဲစဉ် နဲ့ အက်စတွန်ဗီလာအသင်း နဲ့ ရှက်ဖီးလ် ယူနိုက်တက် ပွဲစဉ်တို့ဟာ ပရီးမီးယားလိဂ် ပွဲစဉ် (၂၉) ရဲ့ လက်ကျန် ပွဲစဉ် ဖြစ်ပြီး ဇွန်လ (၁၇) ရက်နေ့မှာ ပရီးမီးယားလိဂ် ပွဲစဉ် (၂၉) ကို ပြီးအောင် ကစားသွားမှာ ဖြစ်ပါတယ်။

Photo Credit: Dailymail

ပရီးမီးယားလိဂ် ပွဲစဉ် (၂၉) က ပွဲစဉ် (၂) ပွဲကို ဇွန်လ (၁၇) ရက်နေ့မှာ ကစားပြီးသွားပြီ ဆိုရင် ဇွန်လ (၂၀) ရက်နေ့ကနေ စပြီး ပရီးမီးယားလိဂ် ပွဲစဉ် (၃၀) ကို ဆက်လက် ကစားသွားကြမှာ ဖြစ်တာကြောင့် ဇွန်လ (၂၀) ရက်နေ့ကနေ ပုံမှန် ပြန်လည် ကစားသွားကြမှာပဲ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲကို ပြန်စတော့မှာ ဖြစ်တာကြောင့် ပရီးမီးယား လိဂ် ပွဲစဉ် (၂) ပွဲသာ အနိုင်ရပြီး နောက်ထပ် ရမှတ် (၆) မှတ်သာ ရရှိမယ် ဆိုရင် နှစ်ပေါင်း (၃၀) ကြာအတွင်း တစ်ကြိမ်မှ မရခဲ့ဖူးတဲ့ ပရီးမီးယားလိဂ် ဆုဖလားကို ရရှိနိုင်တော့မှာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ပြိုင်ပွဲဟာ ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် ပြီးခဲ့တဲ့ မတ်လကတည်းက ရပ်နားခဲ့ရပြီး လက်ရှိအချိန်မှာတော့ ပရီးမီးယားလိဂ် ပြိုင်ပွဲက တစ်ကျော့ပြန် ပြန်လာပြီ ဖြစ်ပါတယ်။