MySport Myanmar

သွင်းဂိုးတွေနဲ့အတူ အသင်းတွေကို နှုတ်ဆက်သွားခဲ့ကြတဲ့ ကစားသမားများ

မနေ့ညက ၂၀၂၂-၂၀၂၃ ဘောလုံးရာသီ ပရီးမီးယားလိဂ် အမှတ်ပေးပြိုင်ပွဲရဲ့ ရာသီပိတ်ပွဲစဉ်တွေကို ည(၁၀)နာရီအချိန်မှာ ပွဲစဉ်(၁၀)ပွဲလုံး တပြိုင်နက်တည်း ယှဉ်ပြိုင်စေခဲ့ပြီး ဂိုးမရှိသရေနဲ့ အဆုံးသတ်သွားတဲ့ ပွဲတွေ တစ်ပွဲမှ မပါဝင်ခဲ့ပဲ (၁၀)ပွဲမှာ စုစုပေါင်း ဂိုးအရေအတွက်ကလည်း (၃၃)ဂိုးအထိ ရှိခဲ့ပါတယ်။ ဒီလို ရာသီပိတ်ပွဲစဉ်မှာ သွင်းဂိုးတွေ သွင်းယူရင်း ဒီဘောလုံးရာသီကိုရော အသင်းကိုပါ နှုတ်သွားခဲ့တဲ့ ကစားသမားတွေလည်း ရှိနေပါတယ်။ ဒီကစားသမားတွေအကြောင်းကို ဖော်ပြသွားချင်ပါတယ်။

ဖာမီနို

Photo Credit : Twitter

ရာသီအကုန်မှာ လီဗာပူးလ်နဲ့ လက်တွဲဖြုတ်တော့မယ့် တိုက်စစ်မှူးကြီး ရောဘတ်တို ဖာမီနိုက ဆောက်သမ်တန် နဲ့ လီဗာပူးလ်တို့ပွဲမှာ အသင်းအတွက် ဒုတိယမြောက် သွင်းဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ပွဲချိန် တစ်နာရီလောက် ကစားခွင့် ရခဲ့တဲ့ ဖာမီနိုက သူရဲ့လီဗာပူးလ် ကစားသမားဘဝ နောက်ဆုံးပွဲမှာ ဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် အသင်းကတော့ အဝေးကွင်းမှာ (၄)ဂိုးစီ သရေနဲ့သာ အဆုံးသတ်သွားခဲ့ပါတယ်။

မော်ရာ

Photo Credit : Twitter

နောက်ထပ် ဘရာဇီးလ် ကစားသမားတစ်ဦးဖြစ်သူ လူးကပ်စ် မော်ရာကလည်း သူရဲ့ စပါးကစားသမားဘဝ နောက်ဆုံးပွဲစဉ်မှာပဲ အသင်းအတွက် စတုတ္ထမြောက် သွင်းဂိုးကို သွင်းယူပြီး အသင်းကို နှုတ်ဆက်သွားခဲ့ပါတယ်။ ဒီပွဲမှာ မော်ရာရဲ့ စပါးအသင်းက (1-4) နဲ့ နိုင်ပွဲရခဲ့ပေမယ့်လည်း တစ်ဖက်က ဗီလာ အနိုင်ရခဲ့လို့ ဥရောပဝင်ခွင့်နဲ့ လွဲချော်သွားခဲ့ရပါတယ်။

ချာကာ

Photo Credit : Twitter

အာဆင်နယ်ရဲ့ နှလုံးလှ လူမိုက်ကြီး ဂရာနစ် ချာကာကလည်း ဒီရာသီအကုန်မှာ အာဆင်နယ်ကနေ ထွက်ခွာသွားတော့မှာဖြစ်ပြီး သူရဲ့ အာဆင်နယ် ကစားသမားဘဝ နောက်ဆုံးသော ပွဲမှာပဲ ဝုလ်ဗ်အသင်းဘက်ကို သွင်းဂိုး (၂)ဂိုး ဆက်တိုက် သွင်းယူနိုင်ခဲ့ပါတယ်။ ချာကာကတော့ လာမယ့် ရာသီ လေဗာကူဆင်အသင်းဆီ ပြောင်းရွှေ့ပါတော့မယ်။

Exit mobile version