ရီးယဲလ်မက်ဒရစ်အသင်းဟာ မနေ့က ဇွန်လ (၃)ရက်နေ့ တစ်ရက်တည်းမှာပဲ အသင်းက ကစားသမား (၃)ဦးနဲ့ တရားဝင် လမ်းခွဲမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ ဒီကစားသမားတွေကတော့ အီဒင်ဟာဇက် မာကိုအဆန်စီယို နဲ့ မာရီယာနိုဒီးယက်ဇ်တို့ပဲ ဖြစ်ပါတယ်။

Photo Credit : The Real Champs

ချယ်လ်ဆီးအသင်းကနေ ပြောင်းရွှေ့ကြေးပေါင်း မြောက်များစွာ ခေါ်ယူထားခဲ့ရတဲ့ ဟာဇက်က ရီးယဲလ်အသင်းမှာ ခြေစွမ်းပြဖို့ နေနေသာ ပုံမှန် form တစ်ခုရအောင်တောင် ရုန်းကန်နေရပြီး ဒဏ်ရာ ပြသာနာတွေနဲ့ မကြာခဏ လုံးပန်းနေရပါတယ်။ ဟာဇက်ကို ရီးယဲလ်ဘက်က အလိုမရှိတော့ပေမယ့် ဟာဇက်ကိုယ်တိုင် အသင်းက ထွက်ခွာဖို့ ငြင်းဆန်ထားတာကြောင့် နောက်ဆုံးမှာ အသင်းဘက်ကနေ စာချုပ်ဖျက်သိမ်းဖို့ စီစဉ်လိုက်ရတာဖြစ်ပြီး နောက်ဆုံးမှာတော့ ယူရို (၇)သန်း ပေးချေကာ စာချုပ်ဖျက်သိမ်းနိုင်ခဲ့ပါတယ်။

Photo Credit : CNN

နောက်ထပ် ကစားသမားတစ်ဦးဖြစ်သူ အဆန်စီယိုကလည်း မကြာခင်မှာပဲ ရီးယဲလ်ကနေ ပီအက်စ်ဂျီအသင်းဆီကို ပြောင်းရွှေ့တော့မှာပဲ ဖြစ်ပါတယ်။ မာယော့ကာကနေ ရီးယဲလ်ကို ရောက်ရှိလာပြီး (၇)နှစ်တာအတွင်းမှာ အသင်းအတွက် အကောင်းဆုံး အသုံးတော်ခံ ကစားပေးနိုင်ခဲ့သူ အဆန်စီယိုဟာ ရီးယဲလ်ကနေ free transfer နဲ့ ထွက်ခွာသွားတော့မှာပဲ ဖြစ်ပါတယ်။

Photo Credit : The Real Champs

အသင်းမှာ လူပိုကြီးတစ်ဦးလို ဖြစ်နေတဲ့ ဒိုမီနီကန် တိုက်စစ်ကစားသမား မာရီယာနိုဒီးယက်ဇ်ဟာလည်း ရီးယဲလ်နဲ့ လက်တွဲဖြုတ်ပါတော့မယ်။ ၂၀၁၈ခုနှစ်ကတည်းက လိုင်ယွန်ကနေ ရီးယဲလ်ကို ပြန်လည် ရောက်ရှိလာသူ ဒီးယက်ဇ်ဟာ (၅)ရာသီအတွင်းမှာ (၈၄)ပွဲအထိ ကစားခွင့် ရထားသည့်တိုင် အသင်းအတွက် (၁၂)ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ သူ့ကိုလည်း ရီးယဲလ်အသင်းက အလွတ် ထွက်ခွာပြုခဲ့တာဖြစ်လို့ ဒီကစားသမား (၃)ယောက် ထွက်ခွာမှုကနေ ရီးယဲလ်အသင်းအနေနဲ့ လစာပိုင်းတွေမှာ ပိုမို အဆင်ပြေလာနိုင်သလို နောက်ထပ် ထွက်ခွာမှုတွေလည်း ထပ်မံ ဖြစ်ပေါ်လာနိုင်တယ်လို့ သိရှိရပါတယ်။