MySport Myanmar

၂၀၂၄ခုနှစ်မှာ လီဗာပူးလ်အသင်းနဲ့ လက်တွဲဖြုတ်သွားတော့မယ့် နည်းပြယာဂန်ကလော့ပ်

လီဗာပူးလ်အသင်းရဲ့ ပဲ့ကိုင်ရှင် နည်းပြကြီး ယာဂန်ကလော့ပ်က သူနဲ့ လီဗာပူးလ်အသင်းတို့ရဲ့ကြားက ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားမယ့် ၂၀၂၄ခုနှစ်မှာ သူ့အနေနဲ့ အသင်းနဲ့ လက်တွဲဖြုတ်ဖို့ အစီအစဉ် ချမှတ်ထားတဲ့အပေါ် ပြင်ဆင်သွားဖွယ်မရှိပဲ အဲ့ဒီအချိန်ကာလအထိ အသင်းအတွက် အကောင်းဆုံးတွေဖြစ်အောင် ဆက်လက်ဆောင်ရွှက်ပေးသွားမယ်လို့ ထုတ်ပြန်ပြောကြားသွားခဲ့ပါတယ်။

Photo Credit : Football 365

လီဗာပူးလ်အသင်းကို ကိုင်တွယ်ပြီးနောက် အသင်းအတွက် ဥရောပ ချန်ပီယံလိဂ်ဖလား ဥရောပစူပါဖလား ကလပ်ကမ္ဘာ့ဖလား ပရီးမီးယားလိဂ်ဖလားတို့အပြင် ပြည်တွင်းဆုဖလားတစ်ခုဖြစ်တဲ့ လိဂ်ဖလားကိုပါ ရယူပေးနိုင်ခဲ့တဲ့ ဂျာမနီလူမျိုး နည်းပြကလော့ပ်ဟာ လွန်ခဲ့တဲ့ ၂၀၁၉ခုနှစ်မှာပဲ အသင်းနဲ့ (၅)နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ကို ချုပ်ဆိုထားခဲ့ပြီး အဲ့ဒီစာချုပ်က ၂၀၂၄ခုနှစ်မှာ အဆုံးသတ်သွားမှာ ဖြစ်ပါတယ်။ ကလော့ပ်အနေနဲ့ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ၂၀၂၄ခုနှစ်မှာ အသင်းနဲ့ လက်တွဲြုဖုတ်ဖို့ အစီအစဉ် ရှိတယ်လို့ ပြောဆိုထားဖူးခဲ့သလို အခုလည်း ဒီလိုစီစဉ်ထားခြင်းအပေါ် အပြောင်းအလဲ ရှိမနေဘူးလို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : This is Anfield

သူရဲ့ အနာဂတ်နဲ့ပတ်သက်ပြီးတော့ ယာဂန်ကလော့ပ်က “လောလောဆယ် အစီအစဉ်ကတော့ ၂၀၂၄ခုနှစ်အထိ ဆက်ရှိနေဖို့ပါပဲ။ အစီအစဉ်ကတော့ အရင်အတိုင်းပါပဲ။ ကျွန်တေ်ာ အဖြေကို ပေးပြီးလိုက်တဲ့အချိန်မှာ ပြန်မရနိုင်မှန်းသိပေမယ့် ကျွန်တော်က ဒီလိုအခြေအနေမျိုးမှာ ရှိမနေခဲ့ပါဘူး။ စီစဉ်ထားတာတွေက အရင်အတိုင်းပဲ။ ဘာမှကို မပြောင်းလဲဘူး။ ၂၀၂၄ခုနှစ်မှာ ကျွန်တော် ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် ဒါက အသင်းရဲ့ အရည်အသွေးနဲ့ ဘာမှ သက်ဆိုင်နေမှာ မဟုတ်ပါဘူး။ ဟာ ငါ သူတို့ကို ဆက်ပြီး စီမံခန့်ခွဲပေးရဦးမယ် ဒါမှမဟုတ် သူတို့ကို စီမံခန့်ခွဲပေးနေတာကို ငါရပ်လိုက်တော့မယ်ဆိုတာတွေနဲ့ ဘာမှ ဆိုင်နေမှာ မဟုတ်ဘူး။ ကျွန်တော်တို့တွေ လုပ်ဆောင်ခဲ့သမျှက ရေရှည်အတွက်ပါပဲ။ အထူးသဖြင့် ကျွန်တော်ဒီမှာ ရှိမနေတော့တဲ့အချိန်မှာ ကလပ်အသင်းက ပိုတောင်ကောင်းလာရမယ်။ ဒါ ကျွန်တော်ရဲ့ အစီအစဉ်ပဲ။ ဒါအတွက်ပဲ ကျွန်တော်တို့တွေ လုပ်ဆောင်နေကြတာ။ ကျွန်တော် ဘယ်လောက်ကြာကြာ ဆက်ရှိနေမယ်ဆိုတာက အရေးမကြီးပါဘူး။ အဲ့ဒီအချိန်ထိ ကျွန်တော်တို့ ဘာတွေလုပ်နေကြမလဲဆိုတာကသာ ပိုပြီးတော့ကို အရေးကြီးပါတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ကလော့ပ်ဟာ ဒီရာသီမှာ အသင်းအတွက် လိဂ်ဖလားတစ်လုံးကို စတင်ရယူပေးနိုင်ခဲ့သလို ပရိးမီးယားလိဂ် ချန်ပီယံလိဂ်နဲ့ အက်အေဖလားပြိုင်ပွဲတွေမှာလည်း အလားအလာကောင်းတွေကို ပိုင်ဆိုင်ထားအောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။

Exit mobile version