ကမ္ဘာပေါ်က နာမည်ကျော် ဘောလုံးအမှတ်ပေးလိဂ်ပြိုင်ပွဲကြီးတစ်ခုဖြစ်တဲ့ စပိန်လာလီဂါနဲ့ ကျွန်တော်တို့ရဲ့ MySport Myanmar အားကစားမီဒီယာတို့ အကျိုးတူပူးပေါင်းလိုက်ပြီးတဲ့နောက်မှာ လာလီဂါနဲ့ပတ်သက်တဲဲ့ သတင်းအကြောင်းအရာတွေ ဆောင်းပါးတွေကို ကျွန်တော်တို့ မီဒီယာကနေ အမြဲတမ်းတင်ဆက်ပေးသွားတော့မှာဖြစ်သလို ဒီတစ်ခေါက်မှာလည်း စပိန်လာလီဂါပြိုင်ပွဲမှာ ထင်ပေါ်ကျော်ကြားခဲ့ကြသော ဘောလုံးသမားညီအစ်ကိုများဆိုတဲ့အကြောင်းကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။

Photo Credit : Youtube

ဖရန့်ဒီဘိုးဝါး နဲ့ ရော်နယ်ဒီဘိုးဝါး

ဒီဘိုးဝါးညီနောင်နှစ်ဦးကတော့ နာမည်ကျော် နယ်သာလန် ဘောလုံးသမားတွေဖြစ်ကာ အေဂျက်စ်အသင်းနဲ့ ဥရောပချန်ပီယံလိဂ်ဆုဖလားကိုလည်း အတူတကွ ရယူနိုင်ခဲ့ပါတယ်။ ၁၉၉၉ခုနှစ်မှာတော့ ဒီညီနောင်နှစ်ယောက်ဟာ နယ်သာလန်လူမျိုး နည်းပြဗန်ဟား ကိုင်တွယ်နေတဲ့ ဘာစီလိုနာအသင်းဆီကို ရောက်ရှိလာခဲ့ကာ လာလီဂါဖလားကိုလည်း ရယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဘာစီလိုနာမှာတော့ တစ်နှစ်လေးပဲ အတူတကွ ကစားခဲ့ရပြီး အသင်းတွေ ပြန်လည်ပြောင်းခဲ့ရပါတယ်။

Photo Credit : 101 Great Goals

သီယာဂိုအယ်ကန်တာရာ နဲ့ ရာဖင်ဟာအယ်ကန်တာရာ

ဘရာဇီးအသင်းနဲ့အတူ ၁၉၉၄ခုနှစ်တုန်းက ကမ္ဘာ့ဖလားရယူနိုင်ခဲ့တဲ့ မာဇင်ဟိုရဲ့ သားတွေဖြစ်တဲ့ အယ်ကန်တာရာတို့ ညီအစ်ကိုနှစ်ယောက်ကတော့ ဘာစီလိုနာရဲ့ လာမာစီယာအကယ်ဒမီကနေ ပေါ်ထွက်လာခဲ့သူတွေဖြစ်ပြီး ဘာစီလိုနာ စီနီယာအသင်းမှာတော့ ပွဲအနည်းငယ်လေးသာ ကစားခဲ့ရကာ အခုတော့ သီယာဂိုကတော့ ဘိုင်ယန်မှာ ကစားနေသလို ရာဖင်ဟာကလည်း ဆယ်တာဗီဂိုမှာ ပါဝင်ကစားလို့နေပါတယ်။

Photo Credit : AS USA

ဒီယေဂိုမီလီတို နဲ့ ဂါဘရီယယ်မီလီတို

အာဂျင်တီးနား ဘောလုံးသမားညီအကိုနှစ်ယောက်ဖြစ်တဲ့ မီလီတိုညီအစ်ကိုကတော့ ဘောလုံးသမားဘဝအစမှာ ပြိုင်ဘက်အာဂျင်တီးနား ကလပ်အသင်း(၂)သင်းမှာ ပါဝင်ကစားခဲ့ကြပြီး ၂၀၀၅ခုနှစ်အရောက်မှ လာလီဂါကလပ် ရီးရဲလ်ဇာရာဂိုဇာအသင်းမှာ အတူတကွ ပါဝင်ကစားခွင့်ရခဲ့ပါတယ်။ ဒီယေဂိုက တိုက်စစ်နေရာမှာကစားပြီး ဂါဘရီယယ်က ခံစစ်မှာကစားကာ ဂါဘရီယယ်က အရင်ဘာစီလိုနာကို ပြောင်းရွှေ့ခဲဲ့တာဖြစ်ပြီး ဒီယေဂိုကတော့ နှစ်အနည်းငယ်အတွင်း စီးရီးအေကို ရောက်ရှိခဲ့ပါတယ်။

Photo Credit : Marca

လူးကပ်စ်ဟာနန်ဒက်ဇ် နဲ့ သီအိုဟာနန်ဒက်ဇ်

ဒီဟာနန်ဒက်ဇ်ညီအစ်ကိုနှစ်ယောက်ကတော့ အသက်လက်တီကိုမက်ဒရစ် ကစားသမားဟောင်းကြီး ဂျင်းဖရန်ဆစ်စကိုဟာနန်ဒက်ဇ်ရဲ့ သားတွေဖြစ်သလို အသက်လက်တီကို အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ ခံစစ်ပိုင်းတွေမှာ ကစားနေကြတဲ့ ဟာနန်ဒက်ဇ်ညီအကိုနှစ်ယောက်က အသက်လက်တီကိုကနေ ဒါဘီပြိုင်ဘက် ရီးရဲလ်ဆီကို ပြောင်းရွှေ့ခဲ့ပြီးနောက် အခုတော့ လူးကပ်စ်က ဘိုင်ယန်မှာ ကစားလို့နေပြီး သီအိုကတော့ အေစီမီလန်မှာ ကစားနေပါတယ်။