ေဘာလုံးသုေတသန ဝဘ္ဆိုက္တစ္ခုျဖစ္တဲ့ CIESရဲ့ ေနာက္ဆုံးထုတ္ျပန္မွုျဖစ္တဲ့ ကမၻာ့တန္ေၾကးအျမင့္ဆုံး ကစားသမားစာရင္းမွာေတာ့ ပီအက္စ္ဂ်ီအသင္းရဲ့ ျပင္သစ္လူငယ္တိုက္စစ္မွူး အမ္ဘာေပက လက္ရွိတန္ေၾကးအျမင့္ဆုံး ကစားသမားအျဖစ္ ေပါင္၂၆၅.၂သန္းနဲ႔ ရပ္တည္နိုင္ခဲ့တယ္လို႔ သိရွိရပါတယ္။

Photo Credit: AS English.com

 

CIES ဟာ ကစားသမားေတြရဲ့တန္ေၾကးကို တြက္ခ်က္ရာမွာ လက္ရွိျပသေနတဲ့ ေျခစြမ္း ၊ အသက္အရြယ္ ၊ အသင္းနဲ႔က်န္ရွိတဲ့စာခ်ဳပ္ စတဲ့ အခ်က္ေတြအေပၚ မူတည္ၿပီး တြက္ခ်က္ခဲ့တာ ျဖစ္ၿပီး ကမၻာ့တန္ေၾကးအျမင့္ဆုံး ကစားသမား ဆယ္ဦးစာရင္းမွာေတာ့ နာမည္ေက်ာ္ ပရီးမီးယားလိဂ္က ငါးဦးပါဝင္ခဲ့ၿပီး လာလီဂါက ကစားသမားႏွစ္ဦး ၊ ဘြန္ဒက္စ္လီဂါမွ ကစားသမားတစ္ဦး ၊ ျပင္သစ္လီဂူးမွ ကစားသမား တစ္ဦးနဲ႔ စီးရီးေအက ကစားသမားတစ္ဦးတို႔ ပါဝင္ပါတယ္။

Photo Credit: AS English.com

လာလီဂါရဲ့ တန္ေၾကးအျမင့္ဆုံးကစားသမား အျဖစ္ ဘာစီလိုနာအသင္းရဲ့ အဓိက ကစားသမား မက္ဆီက သတ္မွတ္ခံခဲ့ရၿပီး သူဟာ ကမၻာ့တန္ေၾကးအျမင့္ဆုံး ကစားသမားစာရင္းမွာေတာ့ အဆင့္၈ေနရာမွာ ေပါင္၁၂၅.၅သန္း တန္ေၾကးနဲ႔ ရပ္တည္နိုင္ခဲ့ပါတယ္။ စီးရီးေအရဲ့ တန္ေၾကးအျမင့္ဆုံး ကစားသမားကေတာ့ အင္တာမီလန္အသင္းရဲ့ တိုက္စစ္မွူး မာတီနက္စ္ျဖစ္ၿပီး သူဟာ တန္ေၾကးအျမင့္ဆုံး ကစားသမားစာရင္းမွာ နံပါတ္၁၀ေနရာ ရရွိခဲ့ကာ သူ႔ရဲ့တန္ေၾကးကေတာ့ ေပါင္၁၁၅သန္းပါ။

Photo Credit: AS English.com

ဘြန္ဒက္စ္လီဂါၿပိဳင္ပြဲရဲ့ တန္ေၾကးအျမင့္ဆုံး ကစားသမားကေတာ့ ေဒါ့မြန္အသင္းရဲ့ လူငယ္ ေတာင္ပံကစားသမားဆန္ခ်ိဳျဖစ္ၿပီး သူဟာ တန္ေၾကးအျမင့္ဆုံး ကစားသမားစာရင္းမွာ အဆင့္၄အျဖစ္ သတ္မွတ္ခံခဲ့ရကာ သူ႔ရဲ့ တန္ေၾကးကေတာ့ ေပါင္၁၆၈.၉သန္းပဲ ျဖစ္ပါတယ္။ ပရီးမီးယားလိဂ္ရဲ့ တန္ေၾကးအျမင့္ဆုံး ကစားသမားအျဖစ္ စတာလင္းက သတ္မွတ္ခံခဲ့ရၿပီး သူ႔ရဲ့တန္ေၾကးဟာ ေပါင္၂၂၃.၇သန္းပါ။

 

Photo Credit: AS English.com

ကမၻာ့တန္ေၾကးအျမင့္ဆုံးကစားသမားစာရင္း

အမ္ဘာေပ ၂၆၅.၂သန္း
စတာလင္း ၂၂၃.၇သန္း
ဆာလက္ ၁၇၅.၁သန္း
ဆန္ခ်ိ​ု ၁၆၈.၉သန္း
မာေနး ၁၅၅.၆သန္း
ဟယ္ရီကိန္း ၁၅၀.၅သန္း
ရက္ဖို႔ဒ္ ၁၃၄.၃သန္း
မက္ဆီ ၁၂၅.၅သန္း
ဂရစ္ဇ္မန္း ၁၂၃.၆သန္း
မာတီနက္စ္ ၁၁၅သန္း

ဘောလုံးသုတေသန ဝဘ်ဆိုက်တစ်ခုဖြစ်တဲ့ CIESရဲ့ နောက်ဆုံးထုတ်ပြန်မှုဖြစ်တဲ့ ကမ္ဘာ့တန်ကြေးအမြင့်ဆုံး ကစားသမားစာရင်းမှာတော့ ပီအက်စ်ဂျီအသင်းရဲ့ ပြင်သစ်လူငယ်တိုက်စစ်မှူး အမ်ဘာပေက လက်ရှိတန်ကြေးအမြင့်ဆုံး ကစားသမားအဖြစ် ပေါင်၂၆၅.၂သန်းနဲ့ ရပ်တည်နိုင်ခဲ့တယ်လို့ သိရှိရပါတယ်။

Photo Credit: AS English.com

CIES ဟာ ကစားသမားတွေရဲ့တန်ကြေးကို တွက်ချက်ရာမှာ လက်ရှိပြသနေတဲ့ ခြေစွမ်း ၊ အသက်အရွယ် ၊ အသင်းနဲ့ကျန်ရှိတဲ့စာချုပ် စတဲ့ အချက်တွေအပေါ် မူတည်ပြီး တွက်ချက်ခဲ့တာ ဖြစ်ပြီး ကမ္ဘာ့တန်ကြေးအမြင့်ဆုံး ကစားသမား ဆယ်ဦးစာရင်းမှာတော့ နာမည်ကျော် ပရီးမီးယားလိဂ်က ငါးဦးပါဝင်ခဲ့ပြီး လာလီဂါက ကစားသမားနှစ်ဦး ၊ ဘွန်ဒက်စ်လီဂါမှ ကစားသမားတစ်ဦး ၊ ပြင်သစ်လီဂူးမှ ကစားသမား တစ်ဦးနဲ့ စီးရီးအေက ကစားသမားတစ်ဦးတို့ ပါဝင်ပါတယ်။

Photo Credit: AS English.com

လာလီဂါရဲ့ တန်ကြေးအမြင့်ဆုံးကစားသမား အဖြစ် ဘာစီလိုနာအသင်းရဲ့ အဓိက ကစားသမား မက်ဆီက သတ်မှတ်ခံခဲ့ရပြီး သူဟာ ကမ္ဘာ့တန်ကြေးအမြင့်ဆုံး ကစားသမားစာရင်းမှာတော့ အဆင့်၈နေရာမှာ ပေါင်၁၂၅.၅သန်း တန်ကြေးနဲ့ ရပ်တည်နိုင်ခဲ့ပါတယ်။ စီးရီးအေရဲ့ တန်ကြေးအမြင့်ဆုံး ကစားသမားကတော့ အင်တာမီလန်အသင်းရဲ့ တိုက်စစ်မှူး မာတီနက်စ်ဖြစ်ပြီး သူဟာ တန်ကြေးအမြင့်ဆုံး ကစားသမားစာရင်းမှာ နံပါတ်၁၀နေရာ ရရှိခဲ့ကာ သူ့ရဲ့တန်ကြေးကတော့ ပေါင်၁၁၅သန်းပါ။

Photo Credit: AS English.com

ဘွန်ဒက်စ်လီဂါပြိုင်ပွဲရဲ့ တန်ကြေးအမြင့်ဆုံး ကစားသမားကတော့ ဒေါ့မွန်အသင်းရဲ့ လူငယ် တောင်ပံကစားသမားဆန်ချိုဖြစ်ပြီး သူဟာ တန်ကြေးအမြင့်ဆုံး ကစားသမားစာရင်းမှာ အဆင့်၄အဖြစ် သတ်မှတ်ခံခဲ့ရကာ သူ့ရဲ့ တန်ကြေးကတော့ ပေါင်၁၆၈.၉သန်းပဲ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ တန်ကြေးအမြင့်ဆုံး ကစားသမားအဖြစ် စတာလင်းက သတ်မှတ်ခံခဲ့ရပြီး သူ့ရဲ့တန်ကြေးဟာ ပေါင်၂၂၃.၇သန်းပါ။

Photo Credit: AS English.com

ကမ္ဘာ့တန်ကြေးအမြင့်ဆုံးကစားသမားစာရင်း

အမ်ဘာပေ ၂၆၅.၂သန်း
စတာလင်း ၂၂၃.၇သန်း
ဆာလက် ၁၇၅.၁သန်း
ဆန်ချိ​ု ၁၆၈.၉သန်း
မာနေး ၁၅၅.၆သန်း
ဟယ်ရီကိန်း ၁၅၀.၅သန်း
ရက်ဖို့ဒ် ၁၃၄.၃သန်း
မက်ဆီ ၁၂၅.၅သန်း
ဂရစ်ဇ်မန်း ၁၂၃.၆သန်း
မာတီနက်စ် ၁၁၅သန်း