တရုတ်နိုင်ငံကနေ မြစ်ဖျားခံ ကူးစက်ပျံ့နှံ့ ခဲ့တဲ့ ကိုရိုနာဗိုင်းရပ် ခေါ် Covid-19 ကြောင့် ၂၀၁၉ ​- ၂၀၂၀ ဘောလုံးရာသီဟာ ဘောလုံးသမိုင်းမှာ ကမောက်ကမ အဖြစ်ဆုံး ဘောလုံးရာသီ တစ်ခု အဖြစ် မှတ်တမ်းဝင် သွားခဲ့ပါတယ်။ Covid – 19 ရောဂါဟာ လေထုကနေတဆင့် ကူးစက်တဲ့ ရောဂါ တစ်ခု ဖြစ်တာကြောင့် ပွဲစဉ်တစ်ပွဲ ကစားရင် ပရိသတ် သောင်းနဲ့ချီ ဝင်ရောက် အားပေးကြတဲ့ ဥရောပ ဘောလုံးပွဲတွေဟာ ပရိသတ် မပါပဲ ကစားခဲ့ကြရတဲ့ အထိ အခြေအနေတွေ ဆိုးရွားခဲ့ပါတယ်။

Photo Credit: Tribuna

ဒါ့ကြောင့်ပဲ ကမောက်ကမ ရလဒ်တွေ ထွက်ပေါ်ခဲ့သလိုဘဏ္ဏာရေးပိုင်းမှာလည်း ကွင်းဝင်ကြေးတွေ မရရှိတော့တာဟာ ဘောလုံးအသင်းတွေ အတွက် အထိနာစေတဲ့ အရာတစ်ခုလို့ ဆိုရမှာ ဖြစ်ပြီး ၂၀၁၉ – ၂၀၂၀ ဘောလုံးရာသီမှာ ဘောလုံးအသင်းတွေဟာ ဝင်ငွေ လျော့ခဲ့ကြပါတယ်။ ဒီတစ်ခါမှာတော့ ကျွန်တော်က ၂၀၂၀ ဘောလုံးရာသီရဲ့ ကမ္ဘာ့တန်ကြေးအမြင့်ဆုံး အသင်းတွေအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ အသင်းတွေကို ဖော်ပြပေးသွားမှာလည်း ဖြစ်ပါတယ်။

Photo Credit: Tribuna

နံပါတ် ၁၀ ၊ နံပါတ် ၉ နဲ့ နံပါတ် ၈ နေရာတွေမှာ ရှိနေခဲ့တဲ့ အသင်းတွေ ကတော့ အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ လန်ဒန် အခြေစိုက် အသင်းတွေ ဖြစ်တဲ့ အာဆင်နယ် ၊ စပါးနဲ့ ချယ်လ်ဆီး အသင်းတို့ ဖြစ်ပြီး အာဆင်နယ်အသင်းရဲ့ တန်ကြေးဟာ ပေါင် ၆၅၁ သန်း ၊ စပါးအသင်းရဲ့ တန်ကြေးဟာ ပေါင် ၇၁၀ သန်းနဲ့ ချယ်လ်ဆီး အသင်းရဲ့ တန်ကြေးဟာ ပေါင် ၈၅၉ သန်းတို့ပဲ ဖြစ်ပါတယ်။

Photo Credit: Tribuna

နံပါတ် ၇နေရာမှာတော့ ပီအက်စ်ဂျီအသင်း က တန်ကြေး ပေါင် ၈၇၆သန်းနဲ့ ရှိနေပြီး သူ့ရဲ့ အပေါ်မှာတော့ ဘိုင်ယန်မြူးနစ်အသင်းဟာ တန်ကြေး ပေါင် ၉၅၇သန်းနဲ့ နံပါတ်၆နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ နံပါတ်၅နဲ့ နံပါတ်၄ နေရာတွေမှာတော့ အင်္ဂလန် နာမည်ကြီးအသင်းတွေ ဖြစ်တဲ့ မန်စီးတီးအသင်းနဲ့ လီဗာပူးအသင်းတို့က ရှိနေကြပြီး မန်စီးတီးအသင်းရဲ့ တန်ကြေး ဟာ ပေါင် ၁.၀၁၈ ဘီလီယံ ၊ လီဗာပူးအသင်းရဲ့ တန်ကြေးဟာ ပေါင် ၁.၁၄၃ ဘီလီယံ အသီးသီး ရှိကြပါတယ်။

Photo Credit: Tribuna

နံပါတ်၃နေရာမှာတော့ အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ တန်ကြေးအမြင့်ဆုံး အသင်း ဖြစ်တဲ့ မန်ယူအသင်းက ရှိနေခဲ့ပြီး မန်ယူအသင်းရဲ့ တန်ကြေးဟာ ပေါင် ၁.၁၉၀ ဘီလီယံပဲ ဖြစ်ပါတယ်။ နံပါတ်၂နေရာနဲ့ နံပါတ် ၁ နေရာတွေမှာတော့ စပိန်လာလီ​ဂါ အင်အားကြီးအသင်းတွေ ဖြစ်တဲ့ ဘာစီလိုနာအသင်းနဲ့ ရီးရဲလ်မက်ဒရစ် အသင်းတို့က ရှိနေကြပြီး ဘာစီလိုနာအသင်းရဲ့ တန်ကြေးဟာ ၁.၂၈၀ ဘီလီယံ ရှိခဲ့ကာ ရီးရဲလ် မက်ဒရစ်အသင်းရဲ့ တန်ကြေးဟာ ပေါင် ၁.၂၈၆ ဘီလီယံ ရှိနေခဲ့ပါတယ်။

Photo Credit: Tribuna

ဒါ့ကြောင့် ၂၀၂၀ ခုနှစ်အတွက် တန်ကြေး အမြင့်ဆုံး အသင်း အဖြစ် ရီးရဲလ်မက်ဒရစ် အသင်းက မှတ်တမ်း ဝင်ခဲ့တာကို မြင်တွေ့ရပြီး ထူးခြားချက် အနေနဲ့ကတော့ အီတလီ စီးရီးအေ အသင်းတွေဟာ ကမ္ဘာ့တန်ကြေးအမြင့်ဆုံး ကလပ်အသင်း ဆယ်သင်းစာရင်းမှာ မပါဝင်ခဲ့ကြပါဘူး။