၁. ဖာနန္ဒက္စ္ နဲ႔ မန္ယူ
နည္းျပ ဆိုးလ္ရွားရဲ႕ မန္ယူအသင္းဟာ စပို႔တင္း ကြင္းလယ္လူ ဖာနန္ဒက္စ္ကို (၅) ႏွစ္ခြဲ စာခ်ဳပ္၊ (၂၀၂၅) ခုႏွစ္အထိ၊ (၁) ႏွစ္ ထပ္တိုးခြင့္နဲ႔ ေခၚယူလိုက္ၿပီ ျဖစ္ေၾကာင္း အတည္ျပဳသြားၿပီး ဘ႐ူႏို ဖာနန္ဒက္စ္အေနနဲ႔ မန္ယူအသင္းမွာ ေက်ာ့နံပါတ္ (၁၈) ကို ဝတ္ဆင္သြားမယ္လို႔ သိရပါတယ္။

Photo Credit: Twitter

၂. ပီယာတက္ခ္ နဲ႔ ဟာသာဘာလင္
ဟာသာဘာလင္အသင္းဟာ ေအစီမီလန္ တိုက္စစ္မႉး ပီယာတက္ခ္ကို အေျပာင္းအေ႐ႊ႕မပိတ္ခင္ ယူ႐ို (၁၇) သန္းနဲ႔ ေခၚယူႏိုင္ခဲ့ၿပီ ျဖစ္ၿပီး ပီယာက္တ္ခ္ဟာ ေအစီမီလန္အသင္းအတြက္ ပြဲစဥ္ (၄၁) ပြဲ ကစားခဲ့ၿပီး ဟာသာဘာလင္အသင္းမွာေတာ့ ေက်ာနံပါတ္ (၇) ကို ဝတ္ဆင္သြားမွာ ျဖစ္ပါတယ္။

Photo Credit: Twitter

၃. ဖလိုရန္ဇီ နဲ႔ ဗလန္စီယာ
ဗလန္စီယာအသင္းဟာ ႐ိုးမားအသင္း ေခါင္းေဆာင္ ဖလိုရန္ဇီကို (၂၀၁၉-၂၀၂၀) ရာသီကုန္အထိ အငွားနဲ႔ ေခၚယူႏိုင္ခဲ့ၿပီ ျဖစ္တယ္လို႔ တရားဝင္ ေၾကညာသြားခဲ့ၿပီး သူဟာ ကြင္းလယ္ ကစားသမား ျဖစ္ေပမဲ့ အခုေနာက္ပိုင္း ညာအစြန္ ေနာက္ခံ ကစားသမားအျဖစ္နဲ႔သာ ပြဲထြက္ ကစားရပါတယ္။

Photo Credit: Twitter

၄. အယ္လ္ကာဆာ နဲ႔ ဗီလာရီးရဲလ္
ဗီလာရီးရဲလ္အသင္းဟာ တိုက္စစ္မႉး အယ္လ္ကာဆာကို ေဒါ့မြန္အသင္းကေန ကလပ္ စံခ်ိန္တင္ ေျပာင္းေ႐ြ႕ေၾကး ယူ႐ို (၂၅) သန္းနဲ႔ ေခၚယူႏိုင္ခဲ့ၿပီ ျဖစ္တယ္လို႔ အတည္ျပဳသြားခဲ့ၿပီး ဗီလာရီးရဲလ္ အသင္းဟာ တိုက္စစ္မႉး အယ္လ္ကာဆာကို ကာလရွည္ (၅) ႏွစ္ ခြဲ စာခ်ဳပ္ ခ်ဳပ္ဆိုသြားခဲ့ပါတယ္။

Photo Credit: Twitter

၅. ဒန္နီ႐ို႕စ္ နဲ႔ နယူးကာဆယ္
နယူးကာဆယ္အသင္းဟာ စပါးအသင္းရဲ႕ ဘယ္အစြန္ ေနာက္ခံလူ ဒန္နီ ႐ို႕စ္ကို လက္ရွိရာသီကုန္ အထိ အငွားနဲ႔ ေခၚယူလိုက္ၿပီ ျဖစ္ေၾကာင္း အတည္ျပဳခဲ့ၿပီး ဘယ္အစြန္ ေနာက္ခံလူ ဒန္နီ ႐ို႕စ္ဟာ လက္ရွိရာသီမွာ နယူးကာဆယ္အသင္းရဲ႕ (၃) ေယာက္ေျမာက္ ကစားသမားသစ္ ျဖစ္သြားပါတယ္။

Photo Credit: Twitter

{Unicode}

၁. ဖာနန်ဒက်စ် နဲ့ မန်ယူ
နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းဟာ စပို့တင်း ကွင်းလယ်လူ ဖာနန်ဒက်စ်ကို (၅) နှစ်ခွဲ စာချုပ်၊ (၂၀၂၅) ခုနှစ်အထိ၊ (၁) နှစ် ထပ်တိုးခွင့်နဲ့ ခေါ်ယူလိုက်ပြီ ဖြစ်ကြောင်း အတည်ပြုသွားပြီး ဘရူနို ဖာနန်ဒက်စ်အနေနဲ့ မန်ယူအသင်းမှာ ကျော့နံပါတ် (၁၈) ကို ဝတ်ဆင်သွားမယ်လို့ သိရပါတယ်။

Photo Credit: Twitter

၂. ပီယာတက်ခ် နဲ့ ဟာသာဘာလင်
ဟာသာဘာလင်အသင်းဟာ အေစီမီလန် တိုက်စစ်မှူး ပီယာတက်ခ်ကို အပြောင်းအရွှေ့မပိတ်ခင် ယူရို (၁၇) သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပြီး ပီယာက်တ်ခ်ဟာ အေစီမီလန်အသင်းအတွက် ပွဲစဉ် (၄၁) ပွဲ ကစားခဲ့ပြီး ဟာသာဘာလင်အသင်းမှာတော့ ကျောနံပါတ် (၇) ကို ဝတ်ဆင်သွားမှာ ဖြစ်ပါတယ်။

Photo Credit: Twitter

၃. ဖလိုရန်ဇီ နဲ့ ဗလန်စီယာ
ဗလန်စီယာအသင်းဟာ ရိုးမားအသင်း ခေါင်းဆောင် ဖလိုရန်ဇီကို (၂၀၁၉-၂၀၂၀) ရာသီကုန်အထိ အငှားနဲ့ ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်တယ်လို့ တရားဝင် ကြေညာသွားခဲ့ပြီး သူဟာ ကွင်းလယ် ကစားသမား ဖြစ်ပေမဲ့ အခုနောက်ပိုင်း ညာအစွန် နောက်ခံ ကစားသမားအဖြစ်နဲ့သာ ပွဲထွက် ကစားရပါတယ်။

Photo Credit: Twitter

၄. အယ်လ်ကာဆာ နဲ့ ဗီလာရီးရဲလ်
ဗီလာရီးရဲလ်အသင်းဟာ တိုက်စစ်မှူး အယ်လ်ကာဆာကို ဒေါ့မွန်အသင်းကနေ ကလပ် စံချိန်တင် ပြောင်းရွေ့ကြေး ယူရို (၂၅) သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်တယ်လို့ အတည်ပြုသွားခဲ့ပြီး ဗီလာရီးရဲလ် အသင်းဟာ တိုက်စစ်မှူး အယ်လ်ကာဆာကို ကာလရှည် (၅) နှစ် ခွဲ စာချုပ် ချုပ်ဆိုသွားခဲ့ပါတယ်။

Photo Credit: Twitter

၅. ဒန်နီရို့စ် နဲ့ နယူးကာဆယ်
နယူးကာဆယ်အသင်းဟာ စပါးအသင်းရဲ့ ဘယ်အစွန် နောက်ခံလူ ဒန်နီ ရို့စ်ကို လက်ရှိရာသီကုန် အထိ အငှားနဲ့ ခေါ်ယူလိုက်ပြီ ဖြစ်ကြောင်း အတည်ပြုခဲ့ပြီး ဘယ်အစွန် နောက်ခံလူ ဒန်နီ ရို့စ်ဟာ လက်ရှိရာသီမှာ နယူးကာဆယ်အသင်းရဲ့ (၃) ယောက်မြောက် ကစားသမားသစ် ဖြစ်သွားပါတယ်။

Photo Credit: Twitter