ဘောလုံးနယ်ပယ်ထဲမှာ မျိုးရိုး၃ဆက် ၄ဆက်လောက်အထိ ဖြတ်သန်းနေကြတဲ့ ဘောလုံးသမားမျိုးရိုးတွေလည်းရှိသလို တစ်သင်းမှာဖြစ်စေ ပြိုင်ဘက်တွေအနေနဲ့ဖြစ်စေ ဒါမှမဟုတ် တစ်ယောက်က လူသိများတဲဲ့ ဘောလုံးသမားဖြစ်နေပြီး နောက်တစ်ယောက်ကတော့ ရှိမှန်းတောင်မသိရတဲ့ ဘောလုံးသမားတစ်ယောက်အနေနဲ့ ဖြတ်သန်းနေရတဲ့ ဘောလုံးသမား ညီအစ်ကိုအရင်းတွေလည်း များစွာရှိကြပါတယ်။ ဒီကစားသမားတွေထဲက ညီအစ်ကိုနှစ်ယောက်ပေါင်း တန်ဖိုးအမြင့်ဆုံး ဖြစ်လို့နေကြတဲ့ ကစားသမားညီနောင်(၅)တွဲအကြောင်းကို ဖော်ပြပေးချင်ပါတယ်။

(၅) ပေါ့ဘာညီနောင်
မန်ချက်စတာယူနိုက်တက်အသင်းမှာ ပါဝင်ကစားလို့နေတဲဲ့ ပေါလ်ပေါ့ဘာနဲ့ လက်ရှိမှာ အသင်းလက်မဲ့ဖြစ်နေတဲ့ ပေါ့ဘာရဲ့အကို ဖလော်ရန်တင်ပေါ့ဘာ နှစ်ယောက်ပေါင်းတန်ကြေးက ယူရို၁၀၅သန်းဝန်းကျင်ရှိပြီး ဒါဟာ ပေါ့ဘာတစ်ဦးရဲ့တန်ကြေးတောင် ဖြစ်နေရကာ ဖလော်ရန်တင်ကတော့ ယူရိုငါးသိန်းလောက်ပဲ တန်ကြေးရှိပါတယ်။

(၄) ဟာနန်ဒက်ဇ်ညီနောင်
ဘိုင်ယန်မြူးနစ်မှာ ပါဝင်ကစားလို့နေတဲ့ လူးကပ်စ်ဟာနန်ဒက်ဇ်နဲ့ အေစီမီလန်နောက်ခံလူ သီယိုဟာနန်ဒက်ဇ်တို့ကတော့ လက်ရှိမှာ ညီအစ်ကိုနှစ်ဦးလုံး ဘောလုံးနယ်ပယ်အတွင်း အကောင်းဆုံးပုံစံတွေနဲ့ ကျင်လည်နေလျက်ရှိတဲ့ ညီအစ်ကိုတွေဖြစ်ကာ လူးကပ်စ်ရဲ့လက်ရှိတန်ကြေးက ယူရိုသန်း၈၀နဲ့ သီယိုက ယူရို၄၄သန်းဖြစ်တာကြောင့် နှစ်ယောက်ပေါင်းဆိုရင် ယူရို၁၂၄သန်းခန့် ရှိပါတယ်။

(၃) ဟီဂွာအင်ညီနောင်
သူတို့ညီနောင်ကလည်း ပေါ့ဘာညီနောင်လိုပါပဲ။ ပိုဆိုးတာက ဟီဂွာအင်ရဲ့ ညီအစ်ကိုတွေထဲမှာ သူလိုပဲ ဘောလုံးသမားဘဝကို ကျင်လည်နေသူရှိမှန်း မသိရတာပါပဲ။ ဒီညီနောင်နှစ်ယောက်ပေါင်း တန်ကြေးကတော့ယူရို၁၆၁.၄၈သန်းအထိ ရှိနေပြီး ဂျုဗင်တပ်စ်တိုက်စစ်မှူးဟီဂွာအင်ရဲ့တစ်ဦးတည်းတန်ကြေးက ယူရို၁၅၉သန်းရှိနေကာ ဖရစ်ဒရစ်ကိုဟီဂွာအင်ကတော့ ယူရို၂.၄၈သန်းဝန်းကျင်သာရှိပါတယ်။

(၂) ဟာဇက်ညီနောင်
ဒီဟာဇက်ညီနောင်ကတော့ ဘောလုံးပရိသတ်တွေ အားလုံးပြီးသား ရင်းနှီးထားသူတွေဖြစ်ပြီး အကိုဖြစ်တဲ့ အီဒင်က ရီးရဲလ်မှာ ကစားနေသလို ညီဖြစ်သူ သော်ဂန်ကလည်း ဒေါ့မွန်မှာ ကစားနေတဲ့ လက်ရှိ အကျော်ကြားဆုံး ဘောလုံးညီနောင်ဖြစ်ပါတယ်။ လက်ရှိမှာ အီဒင်ရဲ့တန်ကြေးက ယူရို၁၃၅သန်းရှိနေပြီး သော်ဂန်က ယူရို၃၅.၅သန်းရှိနေတာကြောင့် နှစ်ယောက်ပေါင်းလိုက်မယ်ဆိုရင် ယူရိုသန်း၁၇၀.၅သန်းအထိ ရှိနေပါတယ်။

(၁) ဘာပေညီနောင်
ဘာပေညီနောင်လို့သာ ခေါင်းစဉ်တပ်ခဲ့ပေမယ့်လည်း တကယ်တမ်းကြတော့ ဒီညီအစ်ကိုနှစ်ယောက်ရဲ့ နာမည်တွေက ဆင်တူချင်းမရှိပါဘူး။ ပရိသတ်တွေက ဘာပေကိုသာ သိနေကြတာဖြစ်လို့ ဘာပေညီနောင်လို့ အသုံးပြုလိုက်တာပါ။ အသက်၃၂နှစ်ရှိနေပြီဖြစ်တဲ့ ဘာပေရဲ့နောင်တော် အက်ခိုခိုက လက်ရှိမှာ အသင်းလက်မဲ့ဖြစ်နေရပြီး သူလည်းညီဖြစ်သူလို တိုက်စစ်မှူးနေရာမှာ ကစားတာဖြစ်ပါတယ်။ အက်ခိုုခိုရဲ့ လက်ရှိတန်ကြေးက ယူရို၃.၇သန်းသာရှိပြီး ဘာပေက ယူရိုသန်း၁၈၀လောက်ရှိနေတာဖြစ်လို့ နှစ်ယောက်ပေါင်း ယူရို၁၈၃.၇သန်းထိကို ရှိနေကာ ထိပ်ဆုံးမှာရပ်တည်လို့နေပါတယ်။