MySport Myanmar

နောဝစ်ချ်အသင်းဆီကို အငှားနဲ့ ပြောင်းရွေ့သွားမယ့် ဂန်နားကြယ်ပွင့် မာကင်ဟို့စ်

အာဆင်နယ်အသင်းရဲ့ လူငယ် တောင်ပံကစားသမားလေး မာကင်ဟို့စ်ဟာ ပွဲကစားခွင့်တွေ ပိုမို ရရှိစေဖို့အတွက် ချန်ပီယံရှစ်ကလပ် နောဝစ်ချ်စီးတီးအသင်းဆီကို ရာသီကုန်အထိ အငှားစာချုပ်နဲ့ ပြောင်းရွေ့သွားတော့မယ်လို့ Daily Express ရဲ့ သတင်းထောက် ရိုင်ယန်တေလာက ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Football London

အသက်(၁၉)နှစ်အရွယ်သာ ရှိသေးတဲ့ ဆယ်ကျော်သက် ဘရာဇီးလ် တောင်ပံကစားသမားလေး မာကင်ဟို့စ်ဟာ အခုနှစ် နွေဈေးကွက်ကမှ ဘရာဇီးလ် ထိပ်သီးကလပ် ဆော်ပေါ်လိုအသင်းကနေ အာဆင်နယ်ဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ အသင်းအတွက် စုစုပေါင်း (၆)ပွဲ ပါဝင်ကစားထားခဲ့ပါတယ်။ အရည်အသွေးရှိ ကစားသမားလေးတစ်ဦး ဖြစ်ပေမယ့်လည်း ဆာကာ မာတင်နယ်လီတို့အပြင် ကစားသမားသစ် ထရိုဆက်ဒ်တို့ကိုပါ ကျော်လွန်ပြီး နေရာရဖို့က မလွယ်ကူသေးတာကြောင့် ပွဲကစားခွင့်တွေ များများစားစား ရရှိစေဖို့အတွက် အခု ဘောလုံးရာသီကုန်ထိ အသင်းတစ်သင်းသင်းမှာ အငှားချသွားဖို့ စီစဉ်လာခဲ့ပါတယ်။

 

Photo Credit : Goal

လက်ရှိမှာတော့ တောင်ပံကစားသမားဖြစ်သူ ကန့်ဝဲလ်ကို လက်လွတ်ထားခဲ့ရတဲ့ နောဝစ်ချ်က မာကင်ဟို့စ်ကို ရာသီကုန်အထိ အငှားနဲ့ ခေါ်ယူသွားဖို့ သေချာနေပြီဖြစ်ပြီး မကြာခင်မှာပဲ ဆေးစစ်မှုတွေ ပြုလုပ်ပြီး စာချုပ်ချုပ်ဆိုသွားတော့မယ်လို့ ရိုင်ယန်တေလာက ဖော်ပြထားခဲ့ပါတယ်။ မာကင်ဟို့စ်ကို ခေါ်ယူသွားနိုင်တော့မယ့် နောဝစ်ချ်အသင်းဟာ ပရီးမီးယားလိဂ် ပရိသတ်တွေနဲ့ ရင်းနှီးမှု ရှိလှတဲ့ ကလပ်အသင်းဖြစ်ပြီး မကြာခဏ ပရီးမီးယားလိဂ်ကို တန်းတတ် တန်းဆင်း လုပ်နေတဲ့ အသင်းလည်း ဖြစ်ပါတယ်။ လက်ရှိမှာ ဟတ်ဒါဖီးလ်နည်းပြဟောင်း ဒေးဗစ်ဝက်ဂ်နာ ကိုင်တွယ်နေတဲ့ နောဝစ်ချ်အသင်းဟာ လိဂ်ချန်ပီယံရှစ် အမှတ်ပေးဇယားရဲ့ အဆင့်(၆)နေရာနဲ့ ရပ်တည်နေပြီး ပရီးမီးယားလိဂ်ဆီ တိုက်ရိုက် တတ်လှမ်းခွင့်ရမယ့် အဆင့်(၁)နဲ့(၂)နေရာတွေလောက် မျှော်မှန်းလို့ မရနိုင်ပေမယ့် play-off ကစားခွင့်ရမယ့် အဆင့်(၆)နေရာထိ ရောက်ရှိနေတာဖြစ်လို့ ဒီရပ်တည်မှုကို ထိန်းသိမ်းဖို့ လိုအပ်နေပါတယ်။ ဒီအချိန်မှာ အသင်းအတွက် အားထားရမယ့် မာကင်ဟို့စ်လို talent winger လေးတစ်ဦးကို ခေါ်ယူလိုက်နိုင်တာဟာ နောဝစ်ချ်အတွက် အကျိုးရှိတဲ့ ခေါ်ယူမှုတစ်ခု ဖြစ်လာစေနိုင်ပါတယ်။

Exit mobile version