မနေ့ညက ကျင်းပသွားခဲ့တဲ့ ရှက်ဖီးယူနိုက်တက်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်းမှာ ယူနိုက်တက်အသင်းအတွက် ပွဲထွက်ကစားခွင့် ရလာခဲ့တဲ့ ဂိုးသမားဒင်းဟန်ဒါဆန်က သူရဲ့အသင်းဟောင်းရှက်ဖီးနဲ့ ရင်ဆိုင်ခဲ့ရပြီး ပွဲအစ မိနစ်ပိုင်းလေးအတွင်းမှာပဲ အမှားအယွင်းတစ်ခုကို ကျူးလွန်မိခဲ့တာကြောင့် အိမ်ရှင်ရှက်ဖီးအသင်းဘက်ကို ဦးဆောင်ဂိုးစောစောစီးစီး ခွင့်ပြုလိုက်ရပေမယ့် ယူနိုက်တက်နည်းပြဆိုးလ်ရှားကတော့ ဟန်ဒါဆန်ဘက်ကနေ ကာကွယ်ပြောဆိုမှုတွေ လုပ်ဆောင်သွားခဲ့ရပါတယ်။

Photo Credit : Daily Mail

ဟန်ဒါဆန်ရဲ့လက်စွမ်းတွေနဲ့ပတ်သက်ပြီး ဆိုးလ်ရှားက “အကောင်းအဆိုးနဲ့ ရုပ်ဆိုးအကျည်းတန်မှုတွေက အစဉ်လိုက်တိုင်းကနေ သွေဖွယ်တတ်ပါတယ်။ ဒင်းက အမြဲတမ်း သင်ယူနေတဲ့သူပါ။ သူက ဒီနေရာမှာ ရှက်ဖီးအသင်းနဲ့ ပြန်လည်ရင်ဆိုင်ဖို့အတွက် မျှေုာ်လင့်ထားပါ။ စိတ်လှုပ်ရှားမှုအနည်းငယ် ရှိခဲ့ပေမယ့်လည်း တစ်ပွဲလုံးအတိုင်းအတာအရဆိုရင်တော့ သူအကောင်းဆုံး ကစားနိုင်ခဲ့ပါတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ဒင်းဟန်ဒါဆန်ဟာ အသင်းဟောင်းကို ပြန်လည်ရင်ဆိုင်ခဲ့ရတဲ့ ပွဲစဉ်အတွင်း ဂိုးပေါက်ကာကွယ်မှု (၄)ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit : Goal

ယူနိုက်တက်အသင်းအနေနဲ့ အမှတ်ပေးဇယားအောက်ဆုံးက တစ်မှတ်ပဲ ရထားသေးတဲ့ ရှက်ဖီးယူနိုက်တက်အသင်းကို (၂)ဂိုး(၃)ဂိုးနဲ့ အနိုင်ယူခဲ့တဲ့အပေါ် ဆိုးလ်ရှားက”အမှန်ဆို ဒီထက်ကို ပိုမိုသက်တောင့်သက်သာ ဖြစ်ခဲ့ရသင့်တာပါ။ (၃)ဂိုး(၁)ဂိုးနဲ့ ပွဲကိုဦးဆောင်လို့နေတဲ့ အချိန်မှာ ကျွန်တော်တို့ဘက်က အနည်းငယ်လျော့တိလျော့ရဲ ဖြစ်နေခဲ့ရတာပါတယ်။ ထောင့်ကန်ဘောကနေ သူတို့အသင်းကို ဒုတိယသွင်းဂိုး ခွင့်ပြုခဲ့ရပြီး ဒီထောင့်ကန်ဘောကလည်း မဖြစ်သင့်တဲ့ ထောင့်ကန်ဘောပါ။ ဒီဂိုးကို ခွင့်ပြုလိုက်ရတဲ့အချိန်မှာတော့ ပွဲက ခက်ခဲလာခဲ့ပြီး သူတို့ကလည်း ကျွန်တော်တို့ကို အန္တရာယ်ပေးလာနိုင်တဲ့ ပုံစံမျိုးဖြစ်လာခဲ့ရပါတယ်။ ကျွန်တော်တို့အသင်း ရရှိိခဲ့တဲ့ သွင်းဂိုး(၃)ဂိုးလုံးကတော့ တကယ့်ကို ပြောင်မြောက်လွန်းခဲ့တယ်။ ကျွန်တော်ဒီနေ့ပွဲမှာ အသင်းသားတွေကို စမ်းသပ်ချင်ခဲ့တယ်။ ဒီလိုပွဲမျိုးက ရုပ်ပိုင်းဆိုင်ရာ စမ်းသပ်ခံရမှုတွေ ရှိလာနိုင်တယ်ဆိုတာကို ကျွန်တော်တို့ သိထားခဲ့လို့လေ။ ထိခိုက်မှုတွေက ကစားသမားတွေကြားမှာ ရှိလာနိုင်ပေမယ့် ဒီကနေပဲ သူတို့သင်ယူရမှာပဲလေ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ယူနိုက်တက်က ရှက်ဖီးကို Bramall Lane ကွင်းမှာ ရှက်ဖီးကို အနိုင်ရခဲ့တာကြောင့် ဒီရာသီ ပရီးမီးယားလိဂ် အဝေးကွင်း(၆)ပွဲဆက်တိုက်လုံးကို အနိုင်ရခဲ့တဲ့ တစ်သင်းတည်းသော ကလပ်အသင်းအဖြစ် ရပ်တည်လို့နေရပါတယ်။