စနေနေ့ညက ကစားသွားခဲ့တဲ့ အာဆင်နယ်အသင်း နဲ့ ချဲလ်ဆီးအသင်းတို့ရဲ့ အက်ဖ်အေ ဖလား ဗိုလ်လုပွဲစဉ်ဟာ တီဗီဖန်သာပြင်းကနေ ပွဲကြည့်သူ (၈.၂) သန်း ရှိခဲ့တာကြောင့် လက်ရှိရာသီမှာ တီဗီဖန်သားပြင်ကနေ လူကြည့် အများဆုံး ပွဲစဉ် အဖြစ် မှတ်တမ်းတင်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်း နဲ့ ချဲလ်ဆီးအသင်းတို့ဟာ အက်ဖ်အေ ဖလား ဗိုလ်လုပွဲကို အင်္ဂလန်နိုင်ငံရဲ့ ဝင်ဘာလေကွင်းမှာ ကစားခဲ့ကြတာ ဖြစ်ပြီး အာဆင်နယ်အသင်းက အနိုင်ရ ဗိုလ်စွဲခဲ့တာကြောင့် အသင်းရဲ့ သမိုင်းမှာ (၁၄) ကြိမ်မြောက် အက်ဖ်အေ ဖလားကို ရရှိသွားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Dailymail

Dailymail သတင်းအရတော့ အာဆင်နယ်အသင်း နဲ့ ချဲလ်ဆီးအသင်းတို့ရဲ့ ပွဲစဉ်ကို လူ (၈.၂) သန်း ကြည့်ခဲ့တာကြောင့် တစ်နည်းအားဖြင့် ပြောရမယ် ဆိုရင် တီဗီဖန်သားပြင် ပိုင်ဆိုင်ကြတဲ့ အင်္ဂလန်နိုင်ငံရဲ့ လူဦးရေ တစ်ဝက်က ဗိုလ်လုပွဲစဉ်ကို ကြည့်ခဲ့ကြတယ်လို့ ဖော်ပြသွားပါတယ်။ ဇူလှိုင်လ (၁၉) ရက်နေ့က ကစားခဲ့ကြတဲ့ မန်ယူအသင်း နဲ့ ချဲလ်ဆီးအသင်းတို့ရဲ့ အက်ဖ်အေ ဖလား ဆီးမီး ဖိုင်နယ်ပွဲစဉ်ကိုလည်း တီဗီဖန်သားပြင်ကနေ ကြည့်ရှုသူ (၇.၃) သန်း ရှိခဲ့တာပဲ ဖြစ်ပြီး ချဲလ်ဆီးအသင်းက မန်ယူအသင်းကို ဆီမီး ဖိုင်နယ် ပွဲစဉ်မှာ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Dailymail

တကယ်တော့ လက်ရှိရာသီမှာ တီဗီ ဖန်သားပြင်ကနေ လူကြည့် အများဆုံး ထိပ်သီး ပွဲစဉ် (၅) ပွဲစလုံးဟာ အက်ဖ်အေ ဖလား ပွဲစဉ်တွေ ဖြစ်ကြပြီး ပွဲစဉ်တွေကို ကွင်းပိတ် ကစားရတာကြောင့်၊ ပရိသတ်တွေ ကွင်းထဲ ဝင်ခွင့် မရှိတာကြောင့် တီဗီဖန်သားပြင်က ကြည့်ရှုနှုန်း မြင့်တတ်ခဲ့ပါတယ်။ စနေနေ့ညက ဝင်ဘာလေကွင်းမှာ ကစားခဲ့ကြတဲ့ အာဆင်နယ်အသင်း နဲ့ ချဲလ်ဆီးအသင်းတို့ရဲ့ အက်ဖ်အေ ဖလား ဗိုလ်လုပွဲစဉ် ဆိုရင်လည်း ကိုရိုနာ ဗိုင်းရပ်ကြောင့် ကွင်းပိတ် ကစားခဲ့ရတာ ဖြစ်ပြီး ကစားသမားများ၊ နည်းပြအဖွဲ့ဝင်များ နဲ့ သတင်းထောက်တွေသာ ကွင်းထဲဝင်ခွင့် ရရှိခဲ့ပါတယ်။ တီဗီ ဖန်သားပြင်ကနေ လူကြည့် အများဆုံး ပွဲစဉ်ကို ရွေးချယ်ခဲ့ရာမှာ ဘီဘီစီက ထုတ်လွင့်တဲ့ ပွဲစဉ်တွေကိုသာ အခြေခံခဲ့တာ ဖြစ်ပြီး အာဆင်နယ်အသင်း နဲ့ ချဲလ်ဆီးအသင်းတို့ရဲ့ အက်ဖ်အေ ဖလား ဗိုလ်လုပွဲစဉ်က လက်ရှိရာသီမှာ လူကြည့် အများဆုံး ပွဲစဉ် အဖြစ် စံချိန်တင်သွားခဲ့ပါတယ်။