MySport Myanmar

ဒဏ်ရာကြောင့် ဧပြီလကုန်အထိ အနားယူသွားရနိုင်တဲ့ ဟာလန်း

မန်ချက်စတာစီးတီးအသင်းရဲ့ နော်ဝေ ဂိုးသွင်းစက် အာလင်းဟာလန်းဟာ လက်ရှိ ရင်ဆိုင်နေရတဲ့ ပေါင်ခြံဒဏ်ရာကြောင့် နိုင်ငံတကာ ရက်သတ္တပတ်သာမကပဲ ဧပြီလကုန်လောက်အထိပါ အနားယူသွားရနိုင်တယ်လို့ သိရှိရပါတယ်။

Photo Credit : Football London

ဟာလန်းဟာ မန်စီးတီး နဲ့ ဘန်လေအသင်းတို့ရဲ့ အက်အေဖလား ကွာတားဖိုင်နယ်ပွဲစဥ်ကို ပါဝင် ယှဥ်ပြိုင်ခဲ့ပြီးနောက် ပေါင်ခြံဒဏ်ရာ ရရှိသွားခဲ့ပေမယ့် စပိန် ဂျော်ဂျီယာအသင်းတို့နဲ့ ယူရို ခြေစစ်ပွဲတွေ ကစားရမယ့် နော်ဝေအသင်းနဲ့ ပူးပေါင်းဖြစ်ခဲ့ရင်း သူရဲ့ဒဏ်ရာအခြေအနေကို ထပ်မံ စစ်ဆေးခဲ့ရာ အနားယူဖို့ လိုအပ်တဲ့ လက္ခဏတွေ တွေ့လာရတဲ့အတွက် လက်ရွေးစင်အသင်းရဲ့ ကစားသမားစာရင်းကနေ နုတ်ထွက်ခဲ့ရပါတယ်။

Photo Credit : Reuters

လက်ရှိမှာ ဟာလန်းရဲ့ ဒဏ်ရာအခြေအနေက international break လောက်သာ နားရဖွယ်သာမကပဲ မန်စီးတီးအသင်းရဲ့ ဧပြီလအတွင်းမှာ ကစားရမယ့် ပွဲစဉ်တွေကိုပါ ဆက်လက် လွဲချော်ရဖွယ် ရှိနေပါတယ်။ နိုင်ငံတကာ ရက်သတ္တပတ်အပြီး ဧပြီလအစမှာပဲ မန်စီးတီးက လီဗာပူးလ်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ဧပြီလအတွင်းမှာပဲ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်လည်း ရှိနေသေးတဲ့အပြင် ဧပြီလကုန်ခါနီးမှာပဲ ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်က အာဆင်နယ်အသင်းနဲ့ ဆက်လက် ရင်ဆိုင်ရဦးမှာပဲ ဖြစ်ပါတယ်။

Photo Credit : Le Parisian

တကယ်လို့သာ ဟာလန်းအနေနဲ့ ဧပြီလအတွင်း မန်စီးတီးအသင်း ယှဉ်ပြိုင်သွားရမယ့် ပွဲစဉ်(၈)ပွဲကို လွဲချော်ရမယ်ဆိုရင်တော့ ဒါက ဖလား(၂)လုံး လမ်းကြောင်းမှာ ရှိနေတဲ့ မန်စီးတီးအသင်းအတွက် ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခု ဖြစ်သွားနိုင်ပါတယ်။ ဟာလန်းက ပရီးမီးယားလိဂ်မှာရော ချန်ပီယံလိဂ်မှာပါ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နေတဲ့ ကစားသမား ဖြစ်တာကြောင့် ဟာလန်းသာ မတ်လ(၃၁)ရက်နေ့ထက် ပိုမို အနားယူရမယ်ဆိုရင်တော့ အသင်းအတွက်ရော ကစားသမားအတွက်ပါ နစ်နာရဖွယ် ရှိနိုင်ပါတယ်။

Exit mobile version