MySport Myanmar

တတိယနေရာလုပွဲကလည်း သူတို့အတွက် အရေးပါတယ်လို့ ခရိုအေးရှားနည်းပြ ဆို

၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်ထိ တတ်လှမ်းနိုင်ခဲ့ပြီး ဆီမီးမှာ အာဂျင်တီးနားအသင်းကို ဂိုးပြတ် ရှုံးနိမ့်ခဲ့ရင်းနဲ့ တတိယနေရာလုပွဲကိုသာ ကစားသွားရတော့မယ့် ခရိုအေးရှားအသင်းဟာ တတိယနေရာလုပွဲဟာလည်း သူတို့အသင်းအတွက် အရေးပါတဲ့ပွဲစဉ်လို့ ခရိုအေးရှားနည်းပြ ဇလက်ကိုဒါလစ်က ပြောဆိုလိုက်ပါတယ်။

Photo Credit : Goal

ပြီးခဲ့တဲ့ ၂၀၁၈ရုရှားကမ္ဘာ့ဖလားတုန်းက ဗိုလ်လုပွဲအထိ အရောက်လှမ်းနိုင်ခဲ့တဲ့ ခရိုအေးရှားအသင်းဟာ ၂၀၂၂ကမ္ဘာ့ဖလားမှာလည်း အုပ်စုဒုတိယနေရာနဲ့ အုပ်စုတတ်ခဲ့သလို ရှုံးထွက်အဆင့်တွေမှာ ဂျပန်ကို ပင်နယ်တီနဲ့ ကျော်ဖြတ်ခဲ့ကာ ဘရာဇီးလ်လို အသင်းမျိုးကိုလည်း ပင်နယ်တီ အဆုံးအဖြတ်နဲ့ ကျော်ဖြတ်ရင်း ဆီမီးဖိုင်နယ်အထိ တတ်လှမ်းခဲ့ပါတယ်။ ဒါပေမယ့်လည်း ဆီမီးမှာတော့ မက်ဆီတို့ရဲ့ အာဂျင်တီးနားအသင်းကို (၃)ဂိုးပြတ်နဲ့ ရှုံးနိမ့်ရင်း ဖိုင်နယ်(၂)ကြိမ်ဆက် တတ်လှမ်းမယ့် အခွင့်အရေးနဲ့ လွဲချော်ပြီး တတိယနေရာလုပွဲကိုသာ ကစားရတော့မှာ ဖြစ်ပါတယ်။

Photo Credit : Sporting News

တတိယလုပွဲနဲ့ ပတ်သတ်ပြီး ခရိုအေးရှားအသင်းကို အကောင်းဆုံး ကိုင်တွယ်ထားခဲ့သူ နည်းပြဒါလစ်က “ကျွန်တော်တို့အသင်းက အားလုံး မျှော်လင့်ထားကြတာထက်ကို ပိုကောင်းမွန်တဲ့ အလုပ်ကို လုပ်ဆောင်နိုင်ခဲ့ပါတယ်။ စနေနေ့မှာ ကစားသွားရမယ့် ပွဲစဉ်က ကျွန်တော်တို့အတွက် ဖိုင်နယ်ပွဲသေးလေးတစ်ခု မဟုတ်ပါဘူး။ ဒါက ကြီးကျယ်ခမ်းနားတဲ့ ဖိုင်နယ်ပွဲတစ်ခုပါပဲ။ တတိယနေရာ ဒါမှမဟုတ် စတုတ္ထနေရာနဲ့ အပြီးသတ်နိုင်ခြင်းရဲ့ကြားမှာ ခြားနားချက်တွေ ရှိနေပါတယ်” လို့ ရှင်းလင်း ပြောကြားလိုက်ပါတယ်။ ခရိုအေးရှားအသင်းဟာ လာမယ့် စနေနေ့ ည(၉)နာရီခွဲအချိန်မှာတော့ မော်ရိုကိုအသင်းနဲ့ တတိယနေရာလုပွဲကို ဆင်နွဲသွားရတော့မှာပဲ ဖြစ်ပါတယ်။ ၂၀၂၂ကာတာကမ္ဘာ့ဖလားမှာ ဘယ်သူမှ မထင်မှတ်ထားတဲ့ အခြေအနေမျိုးတွေကို ဖန်တီးထားနိုင်ခဲ့တဲ့ ခရိုအေးရှားနဲ့ မော်ရိုကိုတို့ဟာ တစ်အုပ်စုတည်းမှာ ဆုံတွေ့ထားခဲ့ဖူးတဲ့ အသင်းတွေဖြစ်ပြီး ဂိုးမရှိသရေနဲ့ အဆုံးသတ်ထားခဲ့ပါတယ်။ အခု ဆုံတွေ့မှုမှာတော့ အနိုင်အရှံးပေါ်အောင် ကစားရတော့မှာဖြစ်တာကြောင့် ဘယ်အသင်းက တတိယနေရာ ရရှိသွားမလဲဆိုတာ အရမ်းကို စိတ်ဝင်စားစရာကောင်းနေရပါတယ်။

Exit mobile version