MySport Myanmar

ဆာဘစ်ဇာက မန်ယူကို ရောက်ရှိပြီးမှ ယုံကြည်မှုတွေ ပိုကောင်းလာတယ်လို့ ရန်းနစ် ဆို

သြစတြီးယားလက်ရွေးစင်အသင်းရဲ့ နည်းပြဖြစ်သူ ရန်းနစ်က သူရဲ့ ကစားသမား မာဆယ်ဆာဘစ်ဇာဟာ ဘိုင်ယန်မြူးနစ်အသင်းကနေ မန်ချက်စတာယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့ခဲ့ပြီးနောက်ပိုင်းမှာ ကစားသမားရဲ့ ယုံကြည်မှုပိုင်းတွေ ပိုမို မြင့်မား ကောင်းမွန်လာခဲ့တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Daily Mail

သြစတြီးယား လက်ရွေးစင် ကွင်းလယ်လူ ဆာဘစ်ဇာဟာ သြစတြီးယားနဲ့ အဇာဘိုင်ချန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရို-၂၀၂၄ ခြေစစ်ပွဲစဉ်အတွင်းမှာ သွင်းဂိုး(၂)ဂိုး သွင်းယူခဲ့ပြီး ပွဲသိမ်းသွင်းဂိုးကိုလည်း ဖန်တီးပေးသွားနိုင်ခဲ့ပါတယ်။ အခုလို စွမ်းဆောင်ရည်တွေ မြင့်မားလာခဲ့တဲ့ တပည့် ဆာဘစ်ဇာနဲ့ ပတ်သတ်ပြီး မန်ယူနိုက်တက် နည်းပြဟောင်းလည်းဖြစ် လက်ရှိ သြစတြီးယားအသင်းကို ကိုင်တွယ်နေတဲ့ နည်းပြရန်းနစ်က “Sabi ရဲ့ စွမ်းဆောင်ရည်က ထူးထူးခြားခြားဖြစ်ပြီး ဒါကို တခြားနဲ့ ပြောပြလို့ မရပါဘူး။ သူက အရည်အသွေးတွေ အများကြီး ရှိနေတဲ့ ရိုးရိုးရှင်းရှင်း ကစားသမားတစ်ဦးပါ”

Photo Credit : Daily Mail

“အသင်းအပြောင်းအလဲ လုပ်ဆောင်ခဲ့တာက သူ့အတွက် ကောင်းသွားခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။ သူက လုံးဝကို တိုးတတ် ကောင်းမွန်လာခဲ့တယ်။ ကစားပုံလည်း အရမ်းကောင်းလာတယ်။ ဘိုင်ယန်မှာ ရှိတုန်းကထက် အခု သူ့မှာ ယုံကြည်မှုတွေ ပိုရှိလာတယ်။ ဒီပွဲအတွက် ဘယ်ကစားသမားကိုမှ ချန်လှပ်ထားခဲ့လို့ မရပေမယ့် ဆာဘီက (၂)ဂိုးသွင်းယူပြီး (၁)ဂိုး ဖန်တီးပေးလိုက်ချိန်မှာတော့ သူ့ကို ခြားနားတဲ့ ကစားသမားလို့ ပြောဆိုနိုင်ပါတယ်” ဆိုပြီး မှတ်ချက်ပြုသွားခဲ့ပါတယ်။

Photo Credit : Daily Mail

မန်ယူနိုက်တက်အသင်းဟာ ရက်ဒင်းအသင်းနဲ့ ကစားခဲ့တဲ့ အက်အေဖလားပွဲစဉ်မှာ အသင်းရဲ့ ကွင်းလယ်လူ ခရစ္စတီယန်အဲရစ်ဆင် ဒဏ်ရာ ဆိုးဆိုးရွှားရွှား ရရှိသွားခဲ့ပြီး (၃)လခန့်လောက် အနားယူရတော့မှာဖြစ်လို့ သူ့နေရာမှာ ယာယီ အစားထိုးဖို့အတွက် ဆာဘစ်ဇာကို ဘိုင်ယန်ကနေ ရာသီကုန်အထိ အငှားစာချုပ်နဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး အခု နိုင်ငံတကာ ရက်သတ္တပတ် မတိုင်ခင် ယူနိုက်တက်အသင်း နောက်ဆုံး ကစားခဲ့ရတဲ့ ဖူလ်ဟမ်အသင်းနဲ့ အက်အေဖလားပွဲစဉ်မှာပဲ ဆာဘစ်ဇာက အသင်းအတွက် ပထမဆုံးဂိုးကို စတင် သွင်းယူပေးနိုင်ခဲ့ပါတယ်။

Exit mobile version