အဂၤလန္ အေျခစုိက္ ေဘာလုံးသတင္း Goal ကေတာ့ လိဂ္ႀကီး (၅) လိဂ္က ေနရာစုံကစားသမာ (၁၁) ဦးကို ေရြးခ်ယ္ အသုံးျပဳၿပီး ရာသီဝက္ ဥေရာပ အသင္းတစ္သင္းကုိ ျပဳလုပ္သြားခဲ့ပါတယ္။ Goal ဟာ ကမၻာ့မွာ ေဘာလုံးသတင္းကုိ အြန္လုိင္းကေန ျဖန္႔ေဝေပးတဲ့ အႀကီးမားဆုံး ျဖစ္ေနၿပီး Goal ရဲ႕ အြန္လုိင္း သတင္းေတြကုိ ဘာသာစကား (၁၉) ခုနဲ႔ေတာင္ ဖတ္ရႈႏုိင္တာပဲ ျဖစ္ပါတယ္။

Photo Credit: Goal

Goal ဟာ ရာသီဝက္ ဥေရာပ အသင္းအတြက္ ကစားသမားေတြကုိ ေရြးခ်ယ္လုိက္တဲ့ အခ်ိန္မွာ ေရွ႕တန္းတုိက္စစ္ေနရာအတြက္ ဂ်ဳဗင္တပ္ တုိက္စစ္မွဴး ေရာ္နယ္ဒုိကုိ မေရြးခဲ့တာ ျဖစ္ပါတယ္။ Goal ဟာ ဂိုးသမားအျဖစ္ ပီအက္စ္ဂ်ီ ဂုိးသမား နာဗက္ကုိ ေရြးခ်ယ္ခဲ့ၿပီး ေနာက္တန္း (၄) ဦးကုိ ေရြးခ်ယ္တဲ့ အခ်ိန္မွာ လီဗာပူးလ္ ကစားသမား (၃) ဦးအထိေတာင္ ပါဝင္ေနခဲ့တာ ျဖစ္ပါတယ္။

Photo Credit: Goal

ေနာက္တန္း (၄) ဦးကေတာ့ လီဗာပူးလ္ ကစားသမားေတြ ျဖစ္ၾကတဲ့ အာႏုိးလ္၊ ေရာ္ဘင္ဆန္ နဲ႔ ဗန္ဒုိက္တုိ႔ ျဖစ္ၾကၿပီး၊ (၄) ေျမာက္ ေနာက္ခံလူက ရုိးမား ေနာက္ခံလူ စေမာလင္းပဲ ျဖစ္ပါတယ္။ Goal ဟာ (1-4-3-3) ကစားကြက္နဲ႔ ေနရာစုံ ကစားသမား (၁၁) ဦးကုိ ေရြးခ်ယ္ခဲ့ၿပီး၊ ကြင္းလယ္ (၃) ဦးက ဒီမာရီယာ (ပီအက္စ္ဂ်ီ)၊ ကာစီမဲရုိ (ရီးရဲလ္) နဲ႔ ဒီဘရႈိင္း (မန္စီးတီး) တုိ႔ ျဖစ္ပါတယ္။

Photo Credit: Goal

Goal ကေတာ့ တုိက္စစ္မွဴး (၃) ဦးကို ေရြးခ်ယ္တဲ့ အခါမွာ တုိက္စစ္မွဴး ေရာ္နယ္ဒုိကုိ မေရြးခဲ့ဘဲ မက္ဆီ (ဘာစီလုိနာ)၊ လီဝန္းေဒါ့စကီး (ဘုိင္ယန္) နဲ႔ ဆန္ခ်ဳိ (ေဒါ့မြန္) ကုိ ေရြးခ်ယ္သြားပါတယ္။ Goal ဟာ လက္ရွိရာသီဝက္အတြင္း အေကာင္းဆုံး ကစားသမား (၁၁) ဦးကုိ ေရြးခ်ယ္သြားခဲ့ၿပီး ေရာ္နယ္ဒုိက လက္ရွိရာသီမွာ ပဲြစဥ္ (၁၂) ပဲြ ကစားထားကေန (၁၂) ဂုိး သြင္းယူထားပါတယ္။

{Unicode}

အင်္ဂလန် အခြေစိုက် ဘောလုံးသတင်း Goal ကတော့ လိဂ်ကြီး (၅) လိဂ်က နေရာစုံကစားသမာ (၁၁) ဦးကို ရွေးချယ် အသုံးပြုပြီး ရာသီဝက် ဥရောပ အသင်းတစ်သင်းကို ပြုလုပ်သွားခဲ့ပါတယ်။ Goal ဟာ ကမ္ဘာ့မှာ ဘောလုံးသတင်းကို အွန်လိုင်းကနေ ဖြန့်ဝေပေးတဲ့ အကြီးမားဆုံး ဖြစ်နေပြီး Goal ရဲ့ အွန်လိုင်း သတင်းတွေကို ဘာသာစကား (၁၉) ခုနဲ့တောင် ဖတ်ရှုနိုင်တာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

Goal ဟာ ရာသီဝက် ဥရောပ အသင်းအတွက် ကစားသမားတွေကို ရွေးချယ်လိုက်တဲ့ အချိန်မှာ ရှေ့တန်းတိုက်စစ်နေရာအတွက် ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုကို မရွေးခဲ့တာ ဖြစ်ပါတယ်။ Goal ဟာ ဂိုးသမားအဖြစ် ပီအက်စ်ဂျီ ဂိုးသမား နာဗက်ကို ရွေးချယ်ခဲ့ပြီး နောက်တန်း (၄) ဦးကို ရွေးချယ်တဲ့ အချိန်မှာ လီဗာပူးလ် ကစားသမား (၃) ဦးအထိတောင် ပါဝင်နေခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Goal

နောက်တန်း (၄) ဦးကတော့ လီဗာပူးလ် ကစားသမားတွေ ဖြစ်ကြတဲ့ အာနိုးလ်၊ ရော်ဘင်ဆန် နဲ့ ဗန်ဒိုက်တို့ ဖြစ်ကြပြီး၊ (၄) မြောက် နောက်ခံလူက ရိုးမား နောက်ခံလူ စမောလင်းပဲ ဖြစ်ပါတယ်။ Goal ဟာ (1-4-3-3) ကစားကွက်နဲ့ နေရာစုံ ကစားသမား (၁၁) ဦးကို ရွေးချယ်ခဲ့ပြီး၊ ကွင်းလယ် (၃) ဦးက ဒီမာရီယာ (ပီအက်စ်ဂျီ)၊ ကာစီမဲရို (ရီးရဲလ်) နဲ့ ဒီဘရှိုင်း (မန်စီးတီး) တို့ ဖြစ်ပါတယ်။

Photo Credit: Goal

Goal ကတော့ တိုက်စစ်မှူး (၃) ဦးကို ရွေးချယ်တဲ့ အခါမှာ တိုက်စစ်မှူး ရော်နယ်ဒိုကို မရွေးခဲ့ဘဲ မက်ဆီ (ဘာစီလိုနာ)၊ လီဝန်းဒေါ့စကီး (ဘိုင်ယန်) နဲ့ ဆန်ချို (ဒေါ့မွန်) ကို ရွေးချယ်သွားပါတယ်။ Goal ဟာ လက်ရှိရာသီဝက်အတွင်း အကောင်းဆုံး ကစားသမား (၁၁) ဦးကို ရွေးချယ်သွားခဲ့ပြီး ရော်နယ်ဒိုက လက်ရှိရာသီမှာ ပွဲစဉ် (၁၂) ပွဲ ကစားထားကနေ (၁၂) ဂိုး သွင်းယူထားပါတယ်။