MySport Myanmar

အီတလီ စီးရီးအေ ပြိုင်ပွဲတလျှောက် အကောင်းဆုံး တိုက်စစ်အတွဲအဖက်များ

ဒီရာသီ နာပိုလီအသင်းမှာ တအားကို တောက်ပနေတဲ့ အိုဆင်မန် နဲ့ ခွာရတ်စကယ်လီယာတို့ နှစ်ယောက်ပေါင်း အသင်းအတွက် သွင်းယူထားတဲ့ စီးရီးအေ သွင်းဂိုး စုစုပေါင်းက (၃၃)ဂိုးအထိ ရှိနေခဲ့ပါတယ်။ အိုဆင်မန်က (၂၁)ဂိုး သွင်းယူပြီး ခွာရတ်က (၁၂)ဂိုး သွင်းယူထားခဲ့ကာ ရာသီသိမ်းဖို့ကလည်း (၁၁)ပွဲ ကျန်ရှိနေသေးတာမို့ ဒီကစားသမားနှစ်ဦးရဲ့ သွင်းဂိုးတွေက ထပ်မံ မြင်တွေ့ရနိုင်ဖွယ် ရှိနေပါတယ်။ သူတို့နှစ်ဦးလိုပဲ စီးရီးအေပြိုင်ပွဲမှာ အကောင်းဆုံး တိုက်စစ်အတွဲအဖက်တွေ ထွက်ပေါ်ခဲ့ဖူးပါသေးတယ်။

ရှက်ချင်ကို+တိုမာဆန် (၂၄ဂိုး+၁၂ဂိုး)

မီလန်ရဲ့ တိုက်စစ် duo တွေဖြစ်တ့ ရှက်ချင်ကို နဲ့ တိုမာဆန်တို့ဟလည်း ၂၀၀၃-၂၀၀၄ ဘောလုံးရာသီမှာ နှစ်ဦးပေါင်း စီးရီးအေသွင်းဂိုး (၃၆)ဂိုး သွင်းယူခဲ့ပြီး ရှက်ချင်ကိုကတော့ Ballon d’Or ဆုပါ ပိုင်ဆိုင်ခဲ့ရပါတယ်။

ဒီဘားလား+ဟီဂွာအင် (၂၂ဂိုး+၁၆ဂိုး)

ဂျုဗင်တပ်စ်အသင်းရဲ့ အာဂျင်တိုင်း duo နှစ်ဦးကတော့ ၂၀၁၇-၂၀၁၈ ဘောလုံးရာသီမှာ စီးရီးအေပြိုင်ပွဲအတွင်း နှစ်ဦးပေါင်း (၃၈)ဂိုးအထိတောင် သွင်းယူနိုင်ခဲ့ပါတယ်။

ထရက်ဇီဂေး+ဒယ်လ်ပီယာရို(၂၄ဂိုး+၁၆ဂိုး)

တချိန်က ဂျုဗင်တပ်စ်အသင်းရဲ့ တိုက်စစ်မှာ အမတန် တွဲဖက်ညီခဲ့တဲ့ ဒီ တိုက်စစ်အတွဲအဖက်က ၂၀၀၁-၂၀၀၂ ဘောလုံးရာသီမှာ အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ခဲ့ရင်း နှစ်ဦးပေါင်း ဂိုး(၄၀) သွင်းယူခဲ့ပါတယ်။

လူကာကူ+မာတီနက်ဇ်(၂၄ဂိုး+၁၇ဂိုး)

စီးရီးအေမှာ ဂျုဗီရဲ့ (၉)နှစ်ဆက်တိုက် ကြီးစိုးနေမှုကို အဆုံးသတ်နိုင်ခဲ့တဲ့ အင်တာရဲ့ တိုက်စစ်အတွဲအဖက် လူကာကူ နဲ့ မာတီနက်ဇ်တို့ဟာ နှစ်ယောက်ပေါင်း (၄၁)ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ကာ အင်တာကိုလည်း စီးရီးအေ ချန်ပီယံ တဖန် ပြန်ဖြစ်စေခဲ့ပါတယ်။

ရော်နယ်လ်ဒို နဲ့ ဒီဘားလား (၃၁ဂိုး+၁၁ဂိုး)

စီးရီးအေပြိုင်ပွဲတလျှောက် အကောင်းဆုံးသော attacking duo ဖြစ်ပါတယ်။ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီက ရော်နယ်လ်ဒိုရဲ့ ဂျုဗင် ကစားသမားဘဝ ဒုတိယမြောက်နဲ့ အကောင်းဆုံး ဘောလုံးရာသီ ဖြစ်ခဲ့ပြီး သွင်းဂိုး(၃၁)ဂိုးအထိ သွင်းယူခဲ့သလို သူရဲ့ တိုက်စစ် ပါတနာ ဒီဘားလားဟာလည်း (၁၁)ဂိုးသွင်းကာ စုစုပေါင်း (၄၂)ဂိုးအထိ ရှိခဲ့ပါတယ်။

Exit mobile version