ဘောလုံး အဖွဲ့ချုပ် (FIFA) ကတော့ (၂၀၂၂) ကမ္ဘာ့ဖလားကို ကွာတာနိုင်ငံမှာ ကျင်းပမှာ ဖြစ်ပြီး (၂၀၂၂) ကွာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲကို (၂၀၂၂)၊ နိုဝင်ဘာလ (၂၁) ရက်နေ့မှာ စတင်သွားရမှာ ဖြစ်တာကြောင့် ဒီဇင်ဘာလ (၁၈) ရက်နေ့မှာ ဗိုလ်လုပွဲစဉ် ကစားရမယ်လို့ အတည်ပြုခဲ့ပါတယ်။ (၂၀၂၀) ကွာတာ ကမ္ဘာ့ ဖလား ပြိုင်ပွဲဟာ အုပ်စုအဆင့်၊ (၁၆) သင်းအဆင့်၊ ကွာတား အဆင့်၊ ဆီးမီးအဆင့်၊ ဗိုလ်လုပွဲအဆင့် စသဖြင့် အဆင့်ဆင့် ကစားကြမှာ ဖြစ်ပြီး ပြီးခဲ့တဲ့ (၂၀၁၈) ခုနှစ် ရုရှား ကမ္ဘာ့ဖလား ပြိုင်ပွဲမှာတော့ ပြင်သစ် လက်ရွေးစင်အသင်းက ဗိုလ်စွဲခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Twitter

ကွာတာ ကမ္ဘာ့ ဖလား ပြိုင်ပွဲဟာ အုပ်စု ပွဲစဉ်ကို နိုဝင်ဘာလ (၂၁) ရက်နေ့ကနေ ဒီဇင်ဘာလ (၂) ရက်နေ့အထိ တစ်နေ့ကို အုပ်စု ပွဲစဉ် (၄) ပွဲ ကစားသွားရမှာ ဖြစ်ပြီး အုပ်စု ပွဲစဉ် ပြီးတာနဲ့ မနားဘဲ ဒီဇင်ဘာလ (၃) ရက်နေ့ကနေ (၄) ရက်နေ့အထိ (၁၆) သင်း ပွဲစဉ်ကို ဆက်ကစားရပါမယ်။ (၁၆) သင်းအဆင့် ကစားပြီး (၅) ရက်အကြာမှာ ကွာတား ဖိုင်နယ် ပွဲစဉ်ကို ဒီဇင်ဘာလ (၉) ရက်နေ့ကနေ (၁၀) ရက်နေ့အထိ ကစားရမှာ ဖြစ်ပြီး ကွာတား ဖိုင်နယ် ပွဲစဉ် ကစားပြီးရင် (၂) ရက်နားပြီးနောက် ဒီဇင်ဘာလ (၁၃) ရက်နေ့ကနေ (၁၄) ရက်နေ့အထိ ဆီးမီး ဖိုင်နယ် ကစားရပါမယ်။

Photo Credit: Twitter

ကွာတာ ကမ္ဘာ့ ဖလား ပြိုင်ပွဲဟာ ဆီမီး ဖိုင်နယ် ပွဲစဉ် ကစားပြီးရင် (၄) ရက်ကြာ နားပြီးနောက် ဒီဇင်ဘာလ (၁၈) ရက်နေ့မှာ ဗိုလ်လုပွဲစဉ်ကို ကာတာနိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ ဒိုဟာမြို့မှာ  ကစားရမှာ ဖြစ်ပြီး ကမ္ဘာ့ဖလား ချန်ပီယံသစ် အသင်း ပေါ်ထွက်လာတာကို မြင်ကြရမှာပဲ ဖြစ်ပါတယ်။ ကမ္ဘာ့ ဖလား ပြိုင်ပွဲဟာ (၄) နှစ်မှာ (၁) ကြိမ် ကျင်းပတဲ့ ပြိုင်ပွဲ ဖြစ်ပြီး လွန်ခဲ့တဲ့ (၄) က (၂၀၁၈) ရုရှား ကမ္ဘာ့ ဖလား ပြိုင်ပွဲမှာ ပြင်သစ် လက်ရွေးစင်အသင်းက ခရိုအေး လက်ရွေးစင်အသင်းကို ဗိုလ်လုပွဲစဉ်မှာ (၄-၂) ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ကမ္ဘာ့ဖလားကို ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

 

(၂၀၂၂) ကွာတာ ကမ္ဘာ့ဖလား အချိန်ဇယား

 

အုပ်စုအဆင့်

– နိုဝင်ဘာလ ၂၁ – ဒီဇင်ဘာလ ၂

– (၁) ရက်၊ (၄) ပွဲ ကစားရမယ်။

 

(၁၆) သင်းအဆင့်

– ဒီဇင်ဘာလ (၃-၆) ရက်

 

ကွာတား အဆင့်

– ဒီဇင်ဘာလ (၉-၁၀) ရက်

 

ဆီမီး အဆင့်

– ဒီဇင်ဘာလ (၁၃-၁၄) ရက်

 

ဗိုလ်လုပွဲ

– ဒီဇင်ဘာလ (၁၈) ရက်