{Unicode}
Givemesports ကတော့ (၂၀၁၀) ခုနှစ်ကနေ (၂၀၂၀) ခုနှစ်၊ (၁၀) စုနှစ်အတွင်း အဆိုးရွားဆုံး ခေါ်ယူမှု ကစားသမား (၁၀) ဦးရဲ့ စာရင်းကို အခုအပတ်က ထုတ်ပြန်သွားခဲ့တာပဲ ဖြစ်ပါတယ်။ အဆိုးရွားဆုံး ခေါ်ယူမှု ကစားသမား (၁၀) ဦးမှာ အာဆင်နယ်အသင်းကနေ မန်ယူအသင်းကို ပြောင်းသွားခဲ့တဲ့ ဆန်းချက်က ထိပ်ဆုံးက ရပ်တည်နေပြီး ကော်တင်ဟိုက ဒုတိယ ဖြစ်ပါတယ်။
Photo Credit: Givemesport
(၁၀) စုနှစ်အတွင်း အဆိုးရွားဆုံး ခေါ်ယူမှု ကစားသမား (၁၀) ယောက်ကတော့ ဆန်းချက် (၁)၊ ကော်တင်ဟို (၂)၊ ဒီမာရီယာ (၃)၊ ဘိုနူချီ (၄)၊ ဒရင်းဝါတာ (၅)၊ ဘီဘီ (၆)၊ နေမာ (၇)၊ လီမာ (၈)၊ ဒီပေး (၉)၊ နဲ့ အယ်ကာဆာ (၁၀) တို့ ဖြစ်ကြပြီး သူတို့ (၁၀) ဦးဟာ အသင်းဟောင်းကနေ အသင်းသစ်ကို ရောက်သွားကြတဲ့ အချိန်မှာ ခြေစွမ်း ထင်သလောက် မပြခဲ့ကြတာ ဖြစ်ပါတယ်။
Photo Credit: Givemesport
ဆန်းချက်ဟာ အာဆင်နယ်အသင်းမှာ ခြေစွမ်းပြနိုင်ခဲ့ပေမဲ့ မီခီတာရန်နဲ့ အလှဲအလှယ်ပြုလုပ်ပြီး မန်ယူအသင်းကို ရောက်သွားတဲ့ အချိန်မှာ အာဆင်နယ်အသင်းမှာလို ခြေစွမ်းမပြနိုင်ခဲ့တောသလို ကော်တင်ဟိုဆိုရင်လည်း လီဗာပူးလ်အသင်းမှာ ကစားစဉ်က ခြေစွာခဲ့ပြီး ချန်ပီယံလိဂ် ရရှိချင်တာကြောင့် ဘာစီလိုနာအသင်းကို ပြောင်းသွားတဲ့ အချိန်မှာ နေရာ ပျောက်မလို ဖြစ်ခဲ့ပါတယ်။
Photo Credit: Givemesport
ဆန်းချက်နဲ့ ပက်သက်ပြီး Givemesports သတင်းက ဖော်ပြခဲ့တာက “ဆန်းချက်က ထိပ်ဆုံးမှာထားဖို့ ထိုက်တန်တယ် ဆိုတာကို ငြင်းစရာ မရှိပါဘူး။ သူဟာ လက်ရှိအချိန်အထိ (၁၀) နှစ်တာ အတွင်း အဆိုးရွားဆုံး ခေါ်ယူမှု ဖြစ်ခဲ့ပါတယ်။ တကယ်တော့ သူဟာ သမိုင်း တစ်လျှောက်လုံး အဆိုးရွားဆုံး ခေါ်ယူမှုတွေထဲက တစ်ယောက် ဖြစ်နိုင်ပါတယ်”လို့ မှတ်ချက်ရေးသွားပါတယ်။